ကျွန်တော်သိပ်စိတ်ညစ်တဲ့အခါ ၊ စိတ်ညစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဆုံတဲ့အခါ
စိတ်ညစ်နေတဲ့ ညီ၊ညီမနဲ့ ဆုံတဲ့အခါ ရွတ်လေ့ရှိတဲ့ ကဗျာလေးရှိတယ် ။ အဲဒီကဗျာလေးကို
ရွတ်လိုက်ရရင် စိတ်မကျေနပ်မှု တော်တော်များများ ပျောက်သွားလေ့ရှိပါတယ် ။
ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပါကွာလို့ သဘောထားနိုင်အောင် အဲဒီကဗျာလေးက ပြောပြပါတယ် ။
ကဗျာထဲမှာ လောကလမ်းပေါ် ရောက်နှင့်ပြီးဖြစ်တဲ့ အကိုက ညီလေးကို စကားတိုးတိုးဆိုနေတဲ့
ပြကွက်တစ်ခု အမြဲမြင်ယောင်မိလာအောင် ကဗျာလေးက ကောင်းလွန်းပါတယ် ။
ဖတ်ကြည့်ပါ ။ ခံစားကြည့်ပါ ။
ခိုနှစ်ကောင်နဲ့ သောင်ပြင်
ကမ္ဘာမြေပြင်နဲ့ လ ဘယ်လောက်ဝေးလဲ
ငါလျှောက်ခဲ့ပြီးပြီ ငါ့ညီ ။
တစ်နေ့တစ်နေ့ ဖွာထွက်နေတဲ့စိတ်အမျှင်နဲ့
သောင်ပြင်ပေါ်မှာထိုင်
သဲတွေကို ဘယ်လိုကြိုးကျစ်ရမလဲ
မစဉ်းစားနဲ့။
ဖရိုဖရဲ စိတ်ဓာတ်တွေနဲ့ လေးလံတဲ့အခါ
လာခဲ့။
လေယာဉ်ပျံတွေကို မော့ကြည့်ပြီး
ပေါ့ပေါ့ပါးပါး အော်ဟစ်ရယ်မောကြတာပေါ့။
မင်းပြောသလို ပိုင်ဆိုင်ခြင်းမဲ့ စွန့်လွှတ်ရသောလောကထဲ
ဘာကိုမှ မစွန့်လွှတ်ဘဲ ရယူပိုင်ဆိုင်နိုင်တဲ့ဘ၀တွေရော
မရှိနိုင်ဘူးလား။
မြင်တဲ့အတိုင်း အေးရာအေးကြောင်း
ချောင်းထဲကငါးတွေကလည်း
ဘာသာစကားမတူတဲ့ မိကျောင်းနဲ့ပျော်ကြတယ်။
ရေရှိတိုင်းလှိုင်းရှိတာမဟုတ်ဘူးဆိုပေမယ့်
ငါတော့ ရေပေါ်မှာ ငါ့လှေမငြိမ်သေးတာကိုကြည့်ပြီး
.......... ဆွေးတယ်ကွာ။ ။
ကဗျာရေးသူက မင်းချမ်းမွန်ပါ ။
You and Everything Else - Kdrama review
4 months ago
4 comments:
ကိုယ်လဲ ခုသိပ်စိတ်ညစ်နေတယ်..ဒီ၇က်ပိုင်းထဲမှာပါ..။
ကဗျာလေးကိုလေးနက်စွာ ခံစားသွားပါတယ်
ကဗျာကောင်းလေး မျှဝေပေးတာ
ကျေးဇူးဗျာ ကောင်းတယ်ဗျာ
ဟေ့လူ.. အိမ်ရှေ့ကရွှေလ၀င်းမှာ နေကုန်နေကမ်းထိုင်။ ပြီးတော့ခင်ဗျားက ပေါက်တန်းရှည်ကဗျာတွေ ရွတ်။
အိုး လွမ်းရတဲ့အရာတွေထဲ အဲ့ဒါတွေလဲ ပါသပေါ့ဗျာ။
း) လွမ်းလွမ်း .. သိမ်းထားအလွမ်းတွေကို ပြန်လာတဲ့အခါ ပြန်ရွတ်ပြမယ် ...
Post a Comment