အားကစားရုံအပြင်မှာ ညနေ ၅နာရီလောက်ကတည်းက ရောက်ခဲ့ပါတယ်။ အိုင်စီရဲ့ ရော့ခ်ရှိုးမို့ အကုန်လုံးက ရော့ခ်ကာဒီဇိုင်းတွေ ခပ်များများပါ။ လူတွေကတရုန်းရုန်းနဲ့ ပျော်စရာကောင်းပါတယ်။ ထုံးစံအတိုင်း ဝေးဝေး၀ါးဝါးနဲ့အော်နေတာတွေလည်း မြင်ခဲ့ရပါတယ်။ အခြေအနေက အားလုံးအေးဆေးဆိုတဲ့ပုံပါ။
၆း၃၀ ကျော်လောက်မှ စဆိုတယ်နဲ့တူပါတယ်။ ကျွန်တော်ကတော့ အချိန်ကိုမေ့ထားတဲ့သူဆိုတော့ အရေးတော့မကြီးပါဘူး။ ဒီတစ်ခေါက်ပွဲက ထိုင်ခုံတွေနဲ့မို့ အရင်မျော်စင်ကျွန်းပွဲလို ခုန်ပေါက်ကနေလို့ မရပါဘူး။
စစချင်း သီချင်းတွေကလည်း အငြိမ်တွေကြီးပဲ ။ အငြိမ်ဆုံးဆိုတဲ့ ၀ိုင်ဝိုင်းကတောင် နဲနဲမြူးနေတယ်ဆိုတယ့်ပုံစံပေါက်နေတယ် ခင်ဗျ ။ လေးဖြူကတော့ လေးဖြူပါပဲ..။ သီချင်းတစ်ပုဒ်ပြီးသွားတိုင်း လေးဖြူလေးဖြူဆိုတဲ့ အသံတွေသာညံနေပါတော့တယ်။
ကိုလေးဖြူကလည်း ထုံးစံမပျက်အောင် ရူးချင်ယောင်ဆောင်မနေနဲ့ သီချင်းကိုဆိုတယ်ခင်ဗျ ။ ရွေးကောက်ပွဲတွေလည်း စတော့မယ်လို့တောင် ခေါင်းထဲဝင်မိသေးတယ် ။ ထားလိုက်ပါ ..အဲ့ တစ်ပုဒ်ကိုတော့
ပရိသတ်က ဘာနာကျည်းချက်တွေရှိမှန်းမသိ အားရပါးရကို လိုက်အော်တာ အသံကိုဟိန်းလို့...။
ဟုတ်ကဲ့ အဲ့သီချင်းနာမည်က ရူးချင်ယောင်ဆောင်မနေနဲ့ပါ ခင်ဗျာ။
အဲ တချို့ကလည်း အရိုင်းစိတ်ကို လာဖောက်ခွဲရုံသက်သက်ပဲဗျ ။ ဂီတကိုလာခံစားတာထက် ကိုယ့်အရိုင်းစိတ်ကို လာဖောက်ချပြတာပေါ့ဗျာ။ လျပ်စစ်ဂစ်တာသံ ၊ ဒရမ်သံတ၀ုန်းဝုန်းမှာ သွေးတွေကပွက်ပွက်ဆူတယ် မဟုတ်လားဗျာ။ ကျွန်တော်တို့လည်း တခဏတော့ရိုင်းသွားတယ်။
တချို့ကတော့ ကလပ်နဲ့မှားနေတာဗျို့။ လက်တွေက ခါးကိုရောက်လိုက် ဖင်ပေါ်ရောက်လိုက်နဲ့ ...
ဆေးခြောက်နံ့တွေက တစ်ခါတစ်ခါထောင်းကနဲထလာသေးတယ် ။ အော်ဒီလိုပေါ့ စိတ်လွတ်ကိုယ်လွတ်...။
အဆုံးသတ်တော့ လူတွေရဲ့အားအင်တွေ အကုန်ဆွဲနှုတ်သွားသလို နှုန်းခွေပြီးကျန်ခဲ့တာပေါ့ဗျာ။
ကြိုက်တဲ့သူရှိမယ် မကြိုက်တဲ့သူရှိမယ် .. သေချာတာက အိုင်စီကတော့ အိုင်စီပဲ...။