Showing posts with label drawing. Show all posts
Showing posts with label drawing. Show all posts

Wednesday, May 19, 2010

မှင်စာသေးသေးလေး


မှင်စာလေး .. ပြုံးပြုံးပါပဲ ..
သူက လူ့သဘာဝကို အကုန်နားမလည်ဘူး သူနားမလည်တဲ့အတွက်ကြောင့်များ သူပြုံးနိုင်တယ်လားမသိ
စာလိပ်လေးပေါ်မှီရင်း မုန့်လေးစား
သူတတ်တာ ဒါပဲ ...

Thursday, May 13, 2010

စက္ကူလှေ


ပုံက မသပ်မရပ်နဲ့ဗျာ ..း) ခေါင်းထဲက စာမထွက်တော့ ပုံလေးကြည့်ပေါ့ဗျာ .. ဘာကောင်လေးလဲတော့မမေးနဲ့ ဘာကောင်လေးမှန်း ဆွဲထားတဲ့သူလည်း မသိဘူး
ပထမတော့ ပင့်ကူလေးလို၊ ပုရွက်ဆိတ်လေးလို ဆွဲဖို့ပဲ နောက်ထပ်ခြေချောင်းထပ်မထည့်ချင်လို့ .. ဒီလိုပုံလေးတွေဆွဲနေရရင် အပြစ်ကင်းကင်းပျော်ရွှင်နေတယ်လို့ ခံစားရတယ်ခင်ဗျ ..

Sunday, February 7, 2010

ကလိုက်ချင်သေးတော့

မိုးအလင်းဆိုင်လေးမှာ ကော်ဖီတွေ တစ်ခွက်ပြီးတစ်ခွက်သောက် စိတ်ပေါက်ပေါက်နဲ့ လျှောက်ခြစ်မိတော့ ဒီပုံလေးထွက်လာတယ် ... လွမ်းစရာ ။ ။ ထမင်းကြော်ဆိုင်က ကုလားမကိုငေးလိုက် .. အရက်သမားတွေကို ငေးလိုက်၊ ပုံတွေလျောက်ခြစ်လိုက် ၊ စီးကရက်သောက်လိုက်၊ ... မိုးလင်းသွားရော .. လောလောဆယ် စာရေးလို့မရသေးဘူးဗျာ ... ကျွန်တော်လေလွင့်နေတယ် ...

Thursday, August 13, 2009

အမည်ပေးမထား
































ပုံဆွဲတတ်တယ့်လူကတော့ ပျင်းရင်ပုံဆွဲတာပေါ့ဗျာ ခက်တာက မော်ဒယ်ကရုပ်ဆိုးနေတာ ခက်တယ် ဖိုတိုရှော့သုံးပြီး အရောင်ဖြည့်ထားတာ drawing ကိုတော့ လက်နဲ့ပဲဆွဲထားတယ် လက်နဲ့မဆွဲလို့ ဘာနဲ့ဆွဲရမတုန်းနော်... ဟီးဟီး ၂၀၀၉ ဆိုတော့ နဲနဲအသက်ပိုကြီးလာပီပေါ့ :P

Monday, August 10, 2009

ပျော်စရာခဏများ ( ၈ )

























အင်္ဂါ ခြင်္သေ့လေးပေါ့ ဆွဲရတော်တော်ခက်တဲ့ ငတိလေးဗျ ငတိလေးလား ငတိမလေးလားတော့ ကိုယ့်ဟာကိုယ်ပဲ သတ်မှတ်ကြတော့ဗျ ... ကဲ ၇ရက်သားသမီး နေ့နံရုပ်လေးတွေ ပြည့်သွားပါပြီ
အမလေး... တော်ပါသေးရဲ့ ပြီးသွားလို့

ပျော်စရာခဏများ ( ၇ )





















ကဲ ကိုကြီးသီဟသစ် ၊ little brook ၊ မမရွှေပြည်သူ လည်း ပူးလေးပဲ ..နောက် ဘယ်သူရှိသေးလဲ ? ပူးလေးတွေ ... ဇိမ်ပဲနော် ပူးက
မုန့်လေးစား အအေးလေးသောက် စာအုပ်လေးဖတ် .. ဘလော့ဂ်လေးလည် ...း)

Thursday, August 6, 2009

ပျော်စရာခဏများ ( ၆ )

























ကဲ ကြွက်ကလေး လာပြီ ... နှိပ်စက်တတ်သော ညီညီမများအတွက်ဆွဲရ ဘလော့ဂ်အတွက်ဆွဲရနဲ့ အလုပ်ကပုံတွေက အကြွေးတွေတင် ... အော် သံယောဇဉ် သံယောဇဉ် .. ရူးလောက်ရဲ့
ဆွဲဆောင်အားကောင်းလှပါလားကွယ်

Wednesday, August 5, 2009

ပျော်စရာခဏများ (၅)





















ကဲလာပြီ ကျား... ကျားပေါက်စလေး နို့ဘူးလေးနဲ့ ... မယ်ရာ ၊ နန်းညီ အချစ်ဆုံးတွေအတွက် အဲ.. ဂျူနီယာလွင်ဦးခေါ်တဲ့ ဂျူ ..... အလုပ်ရှုပ်နေတယ့်ကြားက ဆွဲထားတာ ...

သောက်မြင်ကပ်ဖွယ်ကောင်းလှသည့် မိညီမး)


created by littlebrook
colouring by nang nyi

2007 ခုတုန်းက ဆွဲထားတဲ့ပုံလေးပါ ကျားတွေ၊ ကြွက်တွေမလာခင် ဒါလေးအရင်ပြန်ကြည့်ကြပါဦး
ဆားချက်တယ်ပြောချင်ပြောပေါ့ ...
ခုတော့ အဲ့ကောင်မလေး Emo ကေနဲ့ဖြစ်နေတယ်ကွယ့်

Saturday, July 25, 2009

ပျော်စရာ ခဏများ(၄)

























ကဲ လာပြီ ဗုဒ္ဓဟူး ... ဆင်လေး မကြီးတူးမာ ... ယတြာခြေနေတယ်ထင်နေမယ် မဟုတ်ရပါဗျာ
Photo Shop လေးနဲ့ ဆော့နေတာ ပျော်လို့ပါ ပြီးတော့ဒီအရုပ်လေးတွေက ပျော်ရွင်စေတယ်ထင်တယ်ဗျ
ကြည့်တဲ့သူတွေလည်း ပျော်စေချင်လို့ပါ ... နန်းညီက မြန်မာ့ရိုးရာပန်းဒီဇိုင်းတွေဆွဲမယ်လို့ပြောပါတယ်
သူကမအားတော့ (အလုပ်တွေ တယ်များတာကိုး) ကျွန်တော်လည်း တတ်နိုင်သလောက်ဝင်ကူဆွဲပေးဖို့
ကြိုးစားကြည့်တာပါ ဟဲဟဲ မနုသီဟတစ်ပုံလေးပဲဆွဲရသေးတယ် လမ်းချော်ပြီး ၇ရက်နေ့နံအရုပ်လေးတွေဆီ
စိတ်ရောက်သွားတာ အခုဆို ၃ပုံတော့ရှိသွားပြီပေါ့ သူငယ်ချင်းညီအကို မောင်နှမများ ဒီအရုပ်လေးတွေကြည့်ပြီးပျော်ပါစေဗျား ။

Friday, July 24, 2009

ပျော်စရာခဏများ(၃)

























ဂဠုန်ကွ ... စာလုံးပေါင်းမှန်မမှန်တော့ မသိ .. ဟိဟိ တနင်္ဂနွေသား ၊သမီး ဘယ်သူတွေတုန်း ..
အေပီ (ခ) အန်ဒီကောင် ၊ တီချမ်း ၊ မကြီးရီတာ ...

Thursday, July 23, 2009

ပျော်စရာခဏများ(၂ )


ဒါက နဂါးမလေး ..။ စနေသမီးဆိုတော့
ဘယ်သူရှိမလဲ ..မတူးတူးသာ .. ဟားဟား ။

ပျော်စရာ ခဏများ ( ၁ )


အဟက် ... ရေခဲမုန့်ကြိုက်သော ဘီလူးပေါက်စလေးပေါ့ဗျာ .. ခုတလော ကာတွန်းရုပ်လေးတွေပဲ ဆွဲနေချင်မိတယ်ဗျာ
အဲ့ ကာတွန်းရုပ်လေးတွေဆွဲနေရတဲ့အချိန်က အပြစ်ကင်းကင်း နေနိုင်တဲ့အချိန်လေးလို့ လည်း
ခံစားနေရလို့ပါ ။ ဒီဘီလူးလေးက မျက်လုံးကလည်းပြူးသေး ...း) ။

Tuesday, July 21, 2009

မြန်မာ့ရိုးရာပန်းချီ






























မြန်မာ့ရိုးရာပုံများကို ကြိုးစားရေးဆွဲ တင်ပြပေးသွားပါမယ်။ ဒါက မနုသီဟ လို့ခေါ်ပါတယ်။ သူကမြင့်မြတ်တဲ့ သတ္တ၀ါပါ ။ မြန်မာ့ရိုးရာနယ်ပယ်မှာ ဘုရားစေတီများမှာ ထည့်သွင်းထုလုပ်လေ့ရှိကြပါတယ်။

Sunday, July 19, 2009

july 19















ဇူလိုင် ၁၉ မှာ အမှတ်တရအနေနဲ့ လုပ်ထားတဲ့ ပုံလေးပါ

Saturday, July 4, 2009

Thursday, June 11, 2009


repeatation of shape and colour

ပန်းချီကားမဟုတ်ပါဘူး ကျောင်းကလေ့ကျင့်လက်ရာလေးပါ
ကိုယ့်ဟာကိုရေးပြီး သဘောကျလို့ တင်လိုက်တာပါ
မကောင်းရင်လည်း ခွင့်လွတ်ပါ

Thursday, May 28, 2009




မက်ဆီ့ကို လွမ်းတာနဲ့ ဆွဲထားတဲ့ပုံ ....