Showing posts with label စာအုပ်အညွှန်း. Show all posts
Showing posts with label စာအုပ်အညွှန်း. Show all posts

Friday, August 28, 2009

မြန်မာခေတ်ပြိုင် အနုပညာ ၁





ပန်းချီဆရာနှင့် သူ၏ပန်းချီကားများ

























































လွန်ခဲ့တယ့်လက စာအုပ်တစ်အုပ်ကို သူငယ်ချင်း အက်ဒီချမ်း (ခ) တီချမ်းက ၀ယ်လာပါတယ် ။ သူတောင်မဖတ်ရသေးဘဲ ရော့...မြောင်းပေါက်စနဲ့ နန်းညီ ဖတ်ချင်ရင်ယူဖတ်ဟ ဆိုပြီးထားသွားပါတယ်။
စာအုပ်နာမည်က " မြန်မာ့ခေတ်ပြိုင်အနုပညာ ၁ " ပါ။ ရေးသားသူက အောင်မင်းနဲ့ အယ်ဒီတာက အောင်မြင့်လို့ဖော်ပြထားပါတယ် ။ ထုတ်ဝေသူက ၀ိုင်းသဇင်ဌေးလှိုင် (အောင်ပိုင်မင်းစာပေ) ဖြစ်ပါတယ်။
စာအုပ်တန်ဖိုးက ၁၅၀၀၀ကျပ်ပါ ။
ဒီစာအုပ်မှာ ခေတ်ပြိုင်အနုပညာမစတင်မှီ ကာလကနေ ခေတ်ပြိုင်အနုပညာရယ်လို့ ထွန်းကားလာတဲ့အထိကို ခေတ်တွေနဲ့ ပိုင်းဆစ်ပြီး ပန်းချီဆရာတွေ ပန်းချီကားတွေကို ဖော်ပြသွားပါတယ်။
မြန်မာ့ပန်းချီပန်းပု အနုပညာရှင်တွေရဲ့ လက်ရာကို တစုတစည်းထဲ မြင်ရဖို့အခွင့်အရေးက ရဖို့မလွယ်ကူပါဘူး။
သည်စာအုပ်က အဲ့ဒိအချက်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။
ခုတင်ပြထားတဲ့ ပန်းချီကားတွေဟာ ထိုစာအုပ်ထဲက ကူးယူတင်ပြထားခြင်းဖြစ်ပါတယ်။ ပန်းချီကို စိတ်ဝင်စားတယ့်သူတွေ အတွက်ပေါ့ဗျာ