Monday, April 19, 2010

နှုတ်ဆက်တယ်

ဘလော့ဂ်ဆိုတာ ကျွန်တော် စာရေးကျင့်တဲ့နေရာလေး၊ တစ်ခါတစ်လေ ကျွန်တော့် ဒိုင်ယာရီ၊
ဒီနေရာကနေ ကျွန်တော်နာကျင်တာ၊ ပျော်ရွှင်တာ၊ တွေးမိတာတွေကို လွင့်ထုတ်ခဲ့တယ်။
ဒီနေရာကနေ ကျွန်တော် သူငယ်ချင်းတွေ ရခဲ့တယ်။ ခုဗျာ အကြောင်းမသင့်လို့ပဲ ဆိုရမယ်
အားလုံးကို နှုတ်ဆက်တယ်ဗျာ .. နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ ။ အလုပ်နဲ့ ကျောင်းနဲ့မအားတော့တဲ့အတွက်
ကျွန်တော် ဘလော့ဂ်ဆက်မလုပ်နိုင်တော့ဘူး။ အားတဲ့အချိန်လေးတော့ လိုက်လည်မယ်ဗျာ ...။
ပို့စ်တောင် တစ်ရာမပြည့်လိုက်တဲ့ ဘလော့ဂ်လေး တစ်ရက်ရက်တော့ ပြန်လာဖြည့်ပါ့မယ်။

12 comments:

ကိုရင်နော် said...

ညီရေ..
အားရင်ရေးလေ.. နှုတ်မဆက်ပါနဲ့...

ပျော်ရွှင်အဆင်ပြေပါစေ...

ဦးနော်

Prizewai said...

ဘာလို့ နှုတ်ဆက်မှာတုန်း..
အဆင်ပြေရင် ပြေသလို ရေးပေါ့..
ရေးဖြစ်မှာပါ.. သေချာတယ်..
မိုးတိမ်အကြောင်းလည်း ဆက်ရေးထားပါဦး.. ဆက်တွေးထားပါဦး..
LB ဆက်ရေးဖြစ်မှာပါ.. ရေးဖြစ်နေဦးမှာ..

အနော် said...

အလုပ်နဲ့ ကျောင်းနဲ့ မအားတော့တဲ့အတွက်
ကျွန်တော် ဘလော့ဂ်ဆက်မလုပ်နိုင်တော့ဘူး။ :'(
:'( :'( :'( :'(

tututha said...

နှုတ်ဆက်စရာမလိုပါဘူး မြောင်းရယ် ... ကျုပ်တို့ဆို ဘယ်တော့မှ နှုတ်မဆက်ဘူး ... မရေးချင် ပစ်ထားလိုက်တာပဲ။ ရေးချင်မှ ဖုန်လေးခါပြီး ပြန်ရေးပေါ့။ ဘာအရေးတုန်း။

မြစ်ကျိုးအင်း said...

အားတဲ့ အခါ ပြန်ရေးပေါ့ သူငယ်ချင်း

ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနဲ့ ပြောပြစရာ တွေ ထပ်ရှိလာမှာပဲလေ။

လောလောဆယ် ဘလော့ကို ခဏ ပစ်ထားအုံး မယ်လို့ပဲ ကျနော်တော့ မှတ်ယူထားလိုက်တယ်။

Arkar Kyaw said...

ဟာဗျာ...

mirror said...

အရူး..အပေါ... ဘာကြီးတုန်း... အဲ့ထဲက တခုခုပဲ..ဟွန်း ရပ်ရဲရပ်ကြည့်စမ်းပါ..အသိပဲ..

mabaydar said...

နှုတ်ဆက်တယ်တော့ မပြောပါနဲ့... အားတော့ရေးပေါ့... မဗေဒါလဲ ဒီလိုပဲ ပျောက်လိုက်ပေါ်လိုက်ပါပဲ... လာလည်နေပါတယ်... ၁၀၀လဲ ပြည့်မှာပါ... အားပေးလျက်...

purplemay said...

အာ...ဒီအစ်ကို ဘာတွေဖြစ်....။
ဘယ့်နှယ့် သာမီးတို့လည်း ပေါ်တလှည့် ပျောက်တလှည့်ပဲလေ....:P
ဘယ့်နှယ် နှုတ်ဆက်တယ်တုန်း...မဟုတ်တာ...။
ရေးစရာလေးတွေရှိလာတော့လည်း လာရေးပေါ့ဗျ...။

:P said...

လစ်တဲဘွတ်ရယ်..
နှုတ်မဆက်နဲ့ ငိုချင်တယ်

လင်းဒီပ said...

တကယ်တော့ စာရေးတာ လက်တွေယားလို့ သွေးတွေယားလို့ဗျ...ဒါ အလာဂျစ် တစ်မျိုးပဲ... မရေးရင် ပြန်ဖြစ်လာလိမ့်မယ်။

ဖိုးဂျယ် said...

မြောင်းစုတ်

နှုတ်ဆက်တယ်ဆိုပြီး နင် ပြန်ရေးမှာလဲ
ဘာလို့လဲဆိုတော့ ငါတို့လဲ ခဏခဏ နှုတ်ဆက်လိုက်
ပြန်ရေးလိုက်ပဲ ဒါကြောင့် နှုတ် မဆက်တော့ဘူး။
မအားရင် ပြစ်ထားလိုက်တယ်း)

နှုတ်ဆက်ပြီးမှ ရေးစရာတွေ ပိုပို ပေါ်လာတတ်တယ်း)

ဒီတော့ နှုတ်ဆက်လဲ ဘယ်လိုမှ မနေဘူး။
နင်အားရင် ပြန်ရေးဖြစ်မှာပဲကို :D
ဒီတော့ နင်ပြန်ရေးတဲ့ အချိန်အထိ အက်ဆေးကောင်းလေးတွေ
စောင့်ဖတ်မယ်။ ဒါပဲ