Friday, August 28, 2009

မြန်မာခေတ်ပြိုင် အနုပညာ ၁





ပန်းချီဆရာနှင့် သူ၏ပန်းချီကားများ

























































လွန်ခဲ့တယ့်လက စာအုပ်တစ်အုပ်ကို သူငယ်ချင်း အက်ဒီချမ်း (ခ) တီချမ်းက ၀ယ်လာပါတယ် ။ သူတောင်မဖတ်ရသေးဘဲ ရော့...မြောင်းပေါက်စနဲ့ နန်းညီ ဖတ်ချင်ရင်ယူဖတ်ဟ ဆိုပြီးထားသွားပါတယ်။
စာအုပ်နာမည်က " မြန်မာ့ခေတ်ပြိုင်အနုပညာ ၁ " ပါ။ ရေးသားသူက အောင်မင်းနဲ့ အယ်ဒီတာက အောင်မြင့်လို့ဖော်ပြထားပါတယ် ။ ထုတ်ဝေသူက ၀ိုင်းသဇင်ဌေးလှိုင် (အောင်ပိုင်မင်းစာပေ) ဖြစ်ပါတယ်။
စာအုပ်တန်ဖိုးက ၁၅၀၀၀ကျပ်ပါ ။
ဒီစာအုပ်မှာ ခေတ်ပြိုင်အနုပညာမစတင်မှီ ကာလကနေ ခေတ်ပြိုင်အနုပညာရယ်လို့ ထွန်းကားလာတဲ့အထိကို ခေတ်တွေနဲ့ ပိုင်းဆစ်ပြီး ပန်းချီဆရာတွေ ပန်းချီကားတွေကို ဖော်ပြသွားပါတယ်။
မြန်မာ့ပန်းချီပန်းပု အနုပညာရှင်တွေရဲ့ လက်ရာကို တစုတစည်းထဲ မြင်ရဖို့အခွင့်အရေးက ရဖို့မလွယ်ကူပါဘူး။
သည်စာအုပ်က အဲ့ဒိအချက်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။
ခုတင်ပြထားတဲ့ ပန်းချီကားတွေဟာ ထိုစာအုပ်ထဲက ကူးယူတင်ပြထားခြင်းဖြစ်ပါတယ်။ ပန်းချီကို စိတ်ဝင်စားတယ့်သူတွေ အတွက်ပေါ့ဗျာ

6 comments:

jr.လွင်ဦး said...

လိုချင်လိုက်တာဟယ်.. :'(
ဒါပေသိ ဈေးဂျီးဒယ်..
တီအဲရောက်နေဘီလား.. သဘောကောင်းလိုက်တာနော်..

littlebrook said...

ဈေးမကြီးပါဘူးဟ အထဲမှာ ပန်းချီကားတွေ ၁၅၀၊ ၂၀၀လောက်ပါတာ
စာအုပ်က နောက်ထုတ်တယ့် လေရူးသုန်သုန်လောက်ထူတယ် .. စက္ကူကအချော .. ကိုယ်သိချင်တယ့် ပန်းချီဆရာတွေအကြောင်း သူတို့လှုပ်ရှားလာတာလေးတွေပါ ပါတယ်... ပန်းချီကားတစ်ကားကို သိန်းချီ သောင်းချီမ၀ယ်နိုင်ဘူးလေ .. အဲ့စာအုပ်ဝယ်ထားရင် အဲ့လောက်တန်ဖိုးရှိတာကို အလကားနီးနီးကြည့်နေနိုင်ပီ .. :)
ဂျူ.. ၀ယ်မယ်ဆို အပိုင်း ၂ ၀ယ်လိုက် ဟိဟိ.. ဒါဆို ငါလာငှားဖတ်လို့ရပြီ အကြံပိုင်တယ်နော်

လင်းဒီပ said...

ပန်းချီကားတွေ ကြည့်ချင်တယ်ဗျာ...။ထပ်တင်ပါဦးလား..။

အနော် said...

ကောင်းတယ် ခင်က အပိုင်း ၂ ဝယ် ကို brook ဆီက အပိုင်း ၁ နဲ့ပေါင်းပီ
အနော့်ကို ပေးငှားလိုက်နော်
ကောင်းကောင်းကိုင်ပါ့မယ်ဗျ ပျောက်စေရဘူးနော် :P
ဝယ်ပီးရင် လက်တို့လိုက်နော် ဂျစ်မနဲ့ ဂျစ်ကိုကြီး ဟီးဟီး
ကောင်းတယ်ဗျာ ပန်းချီကားတွေ ထပ်ကြည့်ချင်သေးတယ်
ပန်းချီဆရာတွေအကြောင်းပါ ပါတယ်ဆိုတော့ ပိုပီးကောင်းတယ်နော်
ကို brook ပြည်ကို သွားတာ အဆင်ပြေပါစေဗျာ စီဘောက်မှာ ပြောသလိုတော့ မဖြစ်တန်ရာပါဘူး ဟိဟိ

နန်းညီ said...

အေးအေးအေး

teizar said...

လိုတော့ လိုချင်တယ်...မူဆယ်မှာ မရနိုင်သေးဘူး..ခက်တယ်.....