Friday, June 26, 2009

မောင်ရှင်းသန့်စစ်တမ်းအတွက်

မောင်ရှင်းသန့် စတဲ့ဇာတ်လမ်းပေါ့ဗျာ။ ဘာလုပ်မယ် မသိပေမယ့် ရေးရတာပေါ့။
(၁) နေထိုင်မှု - အိမ်ငှားပြီးနေကြတယ်ကွာ။ အိမ်ဆိုတာထက် တိုက်ခန်းပေါ့။ လခကများတော့ တစ်ယောက်တည်းမတတ်နိုင်တော့ တွဲလို့ရတဲ့ဘော်ဒါတွေနဲ့ အတူတူစုငှားကြတာပေါ့။ အားလုံးကောင်းတယ်။
ငါ့ကောင်မလေးလာတဲ့အခါသာ သူအနေကျပ်မှာစိုးတာလေးကလွဲရင် (ကြွားတယ်မှတ်)။
(၂) စားသောက်မှု- ငါကအပြင်မှာစားတာများတယ်။ အိမ်မှာလည်းစုချက်တဲ့အခါချက်တယ်။ အများအားဖြင့် ညစာကို စုချက်စားကြတယ်။ အကုန်လုံးက သင်တန်းရှိတဲ့သူ၊ အလုပ်သွားတဲ့သူတွေဆိုတော့ နေ့လည်စာကို
ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့။ အပြင်မှာ စားတာကငွေပိုကုန်တယ်။
(၃)သွားရေးလာရေး- တောင်ဒဂုံမှာနေတုန်းက အများဆုံးစီးဖြစ်တာက မီးရထား။ မြို့လည်ကိုရောက်တယ်လေ။
ဒါပေမယ့် သူကအချိန်ရှိတယ်။ သွားချင်တဲ့နေရာကို တိုက်ရိုက်ရောက်တာမှာ ဘတ်စ်ကားလောက်မနီးဘူး။
တက်ကစီကတော့ ပိုက်ဆံရှိနေမယ်.. ပင်ပန်းတာကိုလည်း မခံချင်တဲ့အချိန်.. ကောင်မလေးကိုအလုပ်ကပင်ပန်းလာပုံပေါက်ရင် စီးတာပေါ့။ အများအားဖြင့်တော့ အိမ်ပြင်ထွက်တာနည်းတဲ့အတွက် သိပ်မသိပါ။ စိတ်ညစ်ဖို့ကောင်းတာကတော့ ဘတ်စ်ကားကျပ်တာပေါ့။
တခါတလေ ကားအလွတ်တွေဖြတ်သွားတာမြင်ရင် အော်ဓါတ်ဆီကုန်မယ့်အတူတူ ရောက်သလောက်လေးခေါ်တင်သွားတော့ကော ဘာဖြစ်သွားမှာမို့တုန်းလို့တွေးမိတယ်။ ကျေးဇူးတောင်အကြိမ်တစ်ရာလောက်တင်ပစ်မိဦးမယ်ကွာ။
(၄)ဆက်သွယ်မှု- အများဆုံးအသုံးပြုတာ ပီစီအိုဖုန်းလေးတွေ။ အိမ်ရှေ့ဆန်ဆိုင်ကဖုန်း။ အင်တာနက်ကတဖက်လူရှိမနေရင် ကိုယ်ပြောချင်တာက အရေးကြီးနေတာဆို ခက်ပြီလေ။
(၅) ပညာရေး- ပညာရေးဆိုတာ အစိုးရကျောင်းသင်ပညာရေးကို ပြောတာလား။ အပြင်ကျောင်းတွေကို သင်တန်းတွေက သင်ပေးတာကိုပြောတာလား။ အစိုးရကျောင်းသင်ပညာရေးကတော့ ငါမပြောတော့ဘူး။
ပြောစရာဘာမှကိုမရှိဘူးလေ။ ရန်ကုန်က ကျန်နေရာအားလုံးထက် ပညာရေးလေ့လာလိုက်စားလို့ကောင်းတယ်။ စာအုပ်စာတန်းတွေပေါတယ်။ အချက်အလက်ရှာဖွေစုဆောင်းနိုင်တဲ့နေရာ ကျန်နေရာအားလုံးထက်ကောင်းတယ်။
(၆)လူမှုဆက်ဆံရေး- ငါအခုဒီတိုက်ခန်းမှာနေတာ တစ်နှစ်ကျော်ပြီ အပေါ်ထပ်ကဘယ်သူတွေ၊ အောက်ထပ်ကဘယ်သူတွေဆိုတာ ငါမသိဘူး။ တောင်ဒဂုံကျောင်းဘေးရပ်ကွက်မှာ နေတုန်းကလူတိုင်းက ငါတို့ကိုသိတယ် ခင်တယ်။ ငါတို့လည်း ခင်တယ် သိတယ်။ စရိုက်ကြမ်းတယ်လို့ထင်ရတဲ့အတန်းအစားတွေက
သီးသန့်မဆန်ဘူးကွ။ ဆဲစရာရှိ ဆဲလိုက်၊ ရန်ဖြစ်လိုက် နောက်အေးဆေးသွားလိုက်၊ ပျော်လိုက်နဲ့ ပျော်ဖို့ကောင်းတယ်ထင်တာပဲ။
(၇)ရန်ကုန်လူ့အဖွဲ့အစည်းအပေါ်အမြင်- ရေပေါ်ဆီလူတန်းစား ၁၀%၊ လူလတ်တန်းစား ၄၀%၊ ဆင်းရဲသား ၅၀%လောက် ရှိမယ်ထင်ရတယ်။ ငါ့ထင်မြင်မှန်းဆချက်သက်သက်နော်။ လူမှုဆက်ဆံရေးကျတော့ ငါနဲ့ဆက်ဆံပတ်သက်နေရတဲ့အတန်းအစားလောက်ဟာပဲ ငါသိနိုင်မယ်။ ၀င်ငွေကွာဟချက်ကအကြီးကြီး...
လူလတ်တန်းစားဆိုတာလည်း စီးပွားဖြစ်ဖို့ထက် ရှင်သန်နေနိုင်ရုံလုံးချာလည်နေတာများတယ်။ ငါ့မျက်စိမှာ အဲ့လူတန်းစားအလုံးကြီးက တဖြေးဖြေးနဲ့ပဲ ပိုပိုကြီးလာတာပဲ မြင်တယ်။ ကလပ်တွေမှာ ဖာတွေပိုများလာတယ်။
ရပ်ကွက်ထဲမှာ မယားငယ်တွေပိုများလာတယ်။ ချစ်ခြင်းတရားထက် ငွေကြေးကအရေးပါအရာရောက်နေတယ်လို့ သတ်မှတ်လို့ရနိုင်တဲ့ ဖြစ်ရပ်တွေ ပိုများလာတယ်။ ငါကအဆိုးမြင်လို့လားတော့မသိ ပြန်ကောင်းလာမယ်လို့ကို မမြင်တော့တာ။
(ဂ) သူတို့ရေးသလိုဆိုရင်တော့ ကောင်းပါသည်ပေါ့ကွာ။ ကိုယ့်အမြင်ဆိုရင်တော့ ငါလုပ်ချင်ရာလုပ်တာပေါ့ကွာ။ ရှိပီးသားအရာတစ်ခုကိုပဲ ထပ်တိုးချဲ့မြင့်တင်လိုက်သင့်တယ်ထင်တာပဲ ။
အားလုံးအစကနေပြန်လုပ်ရမှာထက်သက်သာမှာပဲ။ (ဒါမျိုးကို ဘလော့ခ်မှာလာမေးရလား ငတုံးရ)

4 comments:

မောင်ရှင်းသန့် said...

ကျေးဇူးပဲကိုကြီးစိုင်းရ .
ဖြစ်နိုင်ရင်တော့ အပြင်မှာတွေ့ပြီးမေးချင်တာ
အချိန်မရတာနဲ့ (ဖွချင်လို့) ဘလော့မှာတင်ပြီးမေးလိုက်တာ ။
ကလပ်မှာ ကောင်မလေးတွေပိုများလာတယ် ။
ရပ်ကွက်ထဲမှာ မယားငယ်တွေပိုများလာတယ်။
ပန်းဆိုးတန်းဈေးကွက် ဘယ်လိုရှိတယ် ဆိုတာ က ကျနော် မေးတိုင်း အဖြေမရောက်တဲ့မေးခွန်းဗျ ။

ခေတ်ကြောင့်လား စနစ်ကြောင့်လား ။

ဒါထက်.. သူဟာသူ ** လို့ဖြစ်တယ်လို့ လက်လွတ်စပါယ် ပြောတဲ့ ပုဂ္ဂိုလ် တွေလည်း ရှိနေတယ် ဗျာ ... ။

အဓိကကတော့ မြန်မာတွေရဲ့ ရန်ကုန် က ဘာကြီးလည်း ဆိုတာ သိချင်တယ်( ကျနော်ရော တခြားလူတွေကိုရော) ။ သိစေချင်တယ်

နန်းညီ said...

ပြီးအောင်ရေးနိုင်တာကိုပဲ မဆိုးလှပါ.. ညီညီတော့ ပြီးအောင်တောင် ဆက်မရေးနိုင်

Andy said...

ြLeaving Yangon ဆိုတဲ့ဇာတ်လမ်းမျိုးတောင် ရိုက်ချင်လာပြီ။

littlebrook said...

အင်း သူ့ဟာသူရွတာကတော့ သဘာဝကိစ္စကွယ့် ကိုကိုလည်း ရွတာပဲ ညီမလေးတွေရွတာလည်း အပြစ်တော့မဟုတ်ပေဘူး
စည်းစံနစ်မှန်မှန်ကန်ကန်လေးရွဖို့ကတော့ ပညာလိုတယ်
မင်းမေးကြည့်လိုက်ပါလား ခင်ဗျားကောမရွဘူးလား ခင်ဗျားအမေနဲ့ အဖေကောမရွဘူးလားလို့ ဟီးဟီး