Sunday, June 21, 2009

နန်းညီအတွက်

လေတိုက်ရာလွင့်သွားတဲ့
အပိုင်းအစများနောက် မျှော်ငေးရင်း
စိတ်ပြတင်းကို ဖွင့်ထားလား ... မိညီမ။

မနက်စောစောထပါ အသက်၀၀ရှူပါ
ကဗျာများများဖတ်ပါ
များများကိုယ်ချင်းစာပါ
နွေးနွေးထွေးထွေးနေပါ...။

ရေစီးသန်မြစ်ထဲ မမှီမကမ်း၊ မကျွမ်းမကျင်
ငါတို့ကူးခတ်ရတုန်း
လေတိုက်တယ်၊ မိုးကြွေတယ်
မျက်ရည်ေ၀၀ဲတဲ့အခါ ငါ့အနားလာပါ..။

ငါ့ကမ္ဘာမှာ ထင်ယောင်မှားမှုမရှိ၊
မောင်ချောနွယ်မရှိ၊ ရိုးသက်မရှိ
စိတ်ညစ်ညူးဖွယ် ညည်းချင်းတွေမရှိ
သူလည်းမရှိ
ကောင်းကင်က စင်စင်ကြယ်ကြယ်
လွင်ပြင်ပြန့်ပြူးနဲ့
လမ်းနီလေးကွေ့ကောက် သိမ်းထားတယ်..။
... မျက်ရည်ေ၀၀ဲတဲ့အခါ ငါ့အနားလာပါ။

6 comments:

နန်းညီ said...

ကျေးဇူးတင်ပါတယ်..

ဂျာမုန်းဒန် said...

ကဗျာအရမ်းဖတ်လို့ကောင်းတယ်။
ခင်တဲ့
ဂျာမုန်းဒန်

ဖိုးဂျယ် said...

ကဗျာကောင်းလေး ခံစားသွားတယ်ဗျာ
ပျော်ရွှင်ပါစေ

Mirror said...

အင်း အင်း...သိပ်တော့လဲ လိုက်မမှီခဲ့ပါဘူးလေ...

khin oo may said...

သိတ်ကောင်းတယ။်

လင်းနီညို said...

အစ်ကိုရေ . . . ကဗျာ လေး ကောင်းတယ်ဗျ။