Friday, January 30, 2009

ဖတ်ညွှန်း

ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်လေးအကြောင်းပေါ့ဗျာ
ထူးဆန်းတယ်လို့ပြောနိုင်လောက်တဲ့ စာအုပ်လေးပါ...မောင်သာနိုးဘာသာပြန်တဲ့စာအုပ်လေးပါ
မောင်သာနိုးနာမည်ကြားရင် ထင်းရှူးပင်ရိပ်ကိုတွဲသတိရမိပါလိမ့်မယ်...ကျွန်တော်လည်းအရင်ကအဲလိုပါပဲ
ဒီစာအုပ်လေးမဖတ်မိခင်အထိပေါ့....စာအုပ်နာမည်လေးက (ဆိုဖီရဲ့ကမ္ဘာ) တဲ့ခင်ဗျ
ဒီစာအုပ်က ဖခင်တစ်ယောက်က သူ့သမီးငယ်ငယ်ဖတ်ဖို့ ရည်ရွယ်ပြီးရေးခဲ့တာပါ
ဒဿန၊ အတွေးအခေါ်တွေ သမိုင်းနောက်ခံနဲ့ အလွန်ပျင်းစရာကောင်းတဲ့ ဘာသာရပ်မျိုးကို ရသခံစားမှုပါအောင်
ရေးသားသွားတာ ခင်ဗျားတို့ဖတ်ကြည့်မိရင်...သိပါလိမ့်မယ်
မူရင်းစာရေးဆရာနာမည်ကို မမှတ်မိတဲ့အတွက်တော့ ကျွန်တော့်ကိုခွင့်လွတ်ပါ
စာအုပ်ကအလွန်ပုံပြင်ဆန်ပါတယ် ...လှလည်းအလွန်လှပါတယ် ...ထူလည်းအလွန်ထူထဲပါတယ်
စာအုပ်ထဲမှာ အထက်တန်းကျောင်းသူလေးဆီ ဘယ်ကမှန်းမသိတဲ့ စာတွေရောက်ရှိလာခြင်းနဲ့ စထားပါတယ်
စာကလဲ ရိုးရိုးလေးပါ မေးခွန်းတစ်ခုတည်း ပါတာပါ မင်းဘယ်သူလဲ တဲ့
စာပိုဒ်တစ်ပိုဒ် စာကြောင်းတစ်ကြောင်းကို ဖတ်ပြီးတိုင်း ခင်ဗျားသိချင်စိတ်တိုးလာမယ်
ခင်ဗျားကိုယ် ခင်ဗျားမေးခွန်းထုတ်မိမှာပါ စာအုပ်ထဲမှာလည်း အပြင်ကလိုပဲ အဖေဖြစ်သူက
သမီးလေးမွေးနေ့လက်ဆောင်အဖြစ်ပေးဖို့ စာအုပ်တစ်အုပ်ရေးနေခဲ့တာပါ
ကျွန်တော်တို့ မမျော်လင့်ထားတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ကို ဆွဲဆောင်ထားပါတယ်
ဖတ်ကြည့်ကြပါလို့ ကျွန်တော်ကတော့ တိုက်တွန်းချင်တာပါပဲဗျာ...။

4 comments:

mirror said...

ငှားလေ....:P
(ပြန်ပေးချင်မှလဲ ပေးမယ်)

ဖိုးဂျယ် said...

ငှားပါဗျိုးးးးးး
သေချာ ပြန်ပေးမည်ဟု ယူဆရ၏ :)

little brook said...

အင်...တော်တော်ကောင်းတဲ့ နှစ်ယောက်ပါလား
ယူဆရ၏တဲ့ တစ်ယောက်က နောက်တစ်ယောက်က ပြန်ပေးချင်မှပေးမယ်တဲ့.....အော်
ငှားပေးချင်သော်လည်း လက်ဝယ်မရှိပါကွယ်

ညိုမီ said...

SOPHIE'S WORLD
JOSTEIN GAARDER

အဟီး၊ အနော်တောင် ဆုံးအောင် မဖတ်ရသေးဘူး။
ကြိုးစားဖတ်ကြည့်လိုက်ဦးမယ်။
အားရင်ပေါ့။