မေမေရေ.....
စုန်ဆင်းနေဖို့ပဲ တွေးနေခဲ့တာမဟုတ်
ရေစီးကသန်ကိုသန်လွန်းတယ်...
အားကိုးတကြီးလှမ်းဆွဲတိုင်းလည်း
မြက်ပင်ကဝေးရာကိုတိမ်းတယ်...
ကျွန်တော် ငဲ့ကွက်စရာတွေထဲမှာ
ကျွန်တော်...ကွက်ကွက်လေးငဲ့နေမိတာ
ဘ၀အဖော်မို့ပါ...
မေမေရေ...
တိမ်တွေမော့ကြည့်တိုင်း...
မေမေပြောပြတဲ့ နဂါး၊ဂဋ္ဌုန်ပုံတွေ သတိရတယ်
ကမ်းတစ်ဖက်ကခွာရုံနဲ့ တစ်ဖက်ကိုမရောက်ကြောင်း
သတိရတယ်...
အဲလိုနဲ့ပဲ မြစ်လယ်မှာ တိမ်တွေကြည့်ရင်း
အိမ်ပြန်လမ်းကို မေ့နေကြောင်းလည်း
သတိရတယ်
ကျွန်တော်...ကွက်ကွက်လေးငဲ့မိသောသူ့ကို
... ... ... ... ... ... ... ... ... ... ... ...
My Life Bucketlist!
5 weeks ago
2 comments:
မြက်ပင်က ဝေးရာကိုတိမ်းတာလား.. ရေစီး လေကြောင်းတွေကြောင့် အဝေးရောက်ရောက်သွားရတာများလား..
အားကိုးတကြီးလှမ်းဆွဲတိုင်းလည်း
မြက်ပင်ကဝေးရာကိုတိမ်းတယ်...
တဲ့လား။ အတိမ်အနက်တောင် တွေးရခက်သွားတယ်။ဘယ်လောက်ထိ နက်သလဲ၊ဘယ်လောက်ထိတိမ်သလဲ..။ ဟူးးးး ရေးး တွေးရခက်တယ်။
Post a Comment