Wednesday, May 19, 2010

မှင်စာသေးသေးလေး


မှင်စာလေး .. ပြုံးပြုံးပါပဲ ..
သူက လူ့သဘာဝကို အကုန်နားမလည်ဘူး သူနားမလည်တဲ့အတွက်ကြောင့်များ သူပြုံးနိုင်တယ်လားမသိ
စာလိပ်လေးပေါ်မှီရင်း မုန့်လေးစား
သူတတ်တာ ဒါပဲ ...

17 comments:

Pan said...

Love this too!!... he is so cute :)

mirror said...

ဆံပင်က အထောင်တွေနဲ့။ အဲ့ဒါ အော်လ်တာလား၊ ပန့်ခ်လား။ပြောစမ်းပါ။ အီမို မဟုတ်တာတော့ သေချာတယ်။း)

မြစ်ကျိုးအင်း said...

ညွှန်းနေဖို့တောင်မလိုဘူး
ကလေးတစ်ယောက်ရဲ့ အေးအေးလူလူ ရှိမှုကို အထင်းသာ မြင်လိုက်ရတယ်။
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ ....

အနော် said...

မှင်စာလေးကို ဇောက်ထိုးကြည့်မိသွားတယ်.. မရည်ညွှန်းပါဘူးဗျာ :)
သူ့ခေါင်းက ဂျိုလား ဦးထုပ်လားဗျ.. ဘာပဲဖြစ်ဖြစ် ချစ်စရာ ပျော်ပျော်နေပါ ... :D

Flower said...

ချစ်စရာလေး.. အပြစ်ကင်းလိုက်တာ

နန်းညီ said...

ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး..
ငါပြောပေမယ့် ငါမရည်ရွယ်တဲ့ အဓိပ္ပါယ်တွေကိုပဲ ဘာလို့ အနက်ကောက်တာတုန်း.. မေမေ့ကို ပြောလိုက်.. ငါဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်ခဲ့ဘူး.. သူများတွေ ဘယ်လိုထင်ထင်ပါ..
ချစ်ခြင်းအားဖြင့်
LB
တဲ့..

လင်းဒီပ said...

နန်းညီကကျောက်စာတွေ ပါတွေ ဘာသာပြန်ဖို့ကောင်းတယ် ။
မှင်စာ တက်ထိုင်ထားတဲ့ စာကို ရအောင် ရေးပြသွားတယ် ။:)

Anonymous said...

ဟားဟား ကိုလင်းဒီပတွေးတာလေး သဘောကျတယ် ..
မိညီမ .. မှန်ပါတယ်
ချော- နောက်တစ်ခေါက်ပြန်လာလည်တာ ကျေးဇူးပါ
အနော်- ဦးထုပ်လေး ဂျိုမဟုတ်ဘူးး)
ကိုမြစ်ကျိုးအင်း- ရှဲရှဲ့နီ
မယ်ရာ- ခေါင်းမလျှော်တာကြာလို့ အဲ့လိုဖြစ်သွားတာ သဘောကျလား ..ဟားဟား
PAN- ကျွန်တော်ထင်တာ မမပန်းဝါဖြစ်ရမယ်း)
လာမမန့်သွားပေမယ့် ပုံလေးကိုကြည့်သွားသူတွေကိုလည်း ကျေးဇူးပါ (LB)

ဂျူနီယာလွင်ဦး said...

ကိုယ့်ပုံကိုယ်ပြန်ဆွဲထားတယ် ကာတွန်းဆရာ။
ပန်းသီးကိုက်ထားတဲ့ ပါးလေး ဖောင်းပြီး နည်း၂လေး နီနေရမှာ။
ခုဟာက တယောက်ယောက် လုစားသွားတာကို ကျေပန်ပြီး ပြုံးနေသလိုပဲ။း)

jr said...

*ကျေပန်

jr said...

*ကျေပန်

purplemay said...

ကောင်းလိုက်တာ အေးရာအေးကြောင်းပဲ....

ဖိုးဂျယ် said...

အေးဆေးပဲ ကောင်းပါ့
အပူအပင် မရှိဘူး ဆွဲထားတဲ့ မြောင်းရော
ပုံထဲက ကောင်လေးရေား)

Maung Myo said...

အဲ့တာ ကိုစိုင်းပေါ့နော့်း)

Anonymous said...

unicorn :P

JJ

SHWE ZIN U said...

မှင်စာလေးက အပြစ်ကင်းစင် တဲ့ ကလေး များကို ရည်ညွှည်းတဲ့ အတွက် သူကို ကြည့်ရတာ စိတ်ချမ်းသာ လိုက်တာ

ရွှေစင်ဦး

Moe Cho Thinn said...

အဲဒီ ဦးထုပ်မျိုး အမြဲဆောင်းထားတာလားးး :)
ပုံဖော်ကြည့်နေမိလို့ပါ။