Sunday, February 7, 2010

ကလိုက်ချင်သေးတော့

မိုးအလင်းဆိုင်လေးမှာ ကော်ဖီတွေ တစ်ခွက်ပြီးတစ်ခွက်သောက် စိတ်ပေါက်ပေါက်နဲ့ လျှောက်ခြစ်မိတော့ ဒီပုံလေးထွက်လာတယ် ... လွမ်းစရာ ။ ။ ထမင်းကြော်ဆိုင်က ကုလားမကိုငေးလိုက် .. အရက်သမားတွေကို ငေးလိုက်၊ ပုံတွေလျောက်ခြစ်လိုက် ၊ စီးကရက်သောက်လိုက်၊ ... မိုးလင်းသွားရော .. လောလောဆယ် စာရေးလို့မရသေးဘူးဗျာ ... ကျွန်တော်လေလွင့်နေတယ် ...

5 comments:

အနော် said...

လေလွင့်လူပေါ့...
လွင့်လို့ရတုန်း လွင့်သာလွင့် အကိုရေ

နွေဆူးလင်္ကာ said...

ကျနော်လည်း လေလွင့်ချင်လိုက်တာဗျာ။ မိုးပေါ်ကနေ လူတွေကို ကြည့်လို့ရတာပေါ့

hololodilolo said...

မိုးအလင်းဆိုင်မှာ သောက်တာ ကော်ဖီထဲ့လား။
အဲလိုလေး လွင့်ဖူးချင်လိုက်တာနော်။ အားကျတယ်။

ဇော် said...

စာတစ်ပုဒ် ကဗျာတစ်ပုဒ်ကို ပေါ့ပေါ့လေး တင်လိုက်တာထက်စာရင် ဒီပန်းချီလေးက ကျနော့်အတွက်တော့ အတော်ကို စိတ်ဝင်စားစရာနဲ့ မြတ်နိုးစရာပါပဲ ကိုသူ..
အားကျတယ်ဗျာ .. =)

ရွှန်းလဲ့ said...

ပန်းချီတွေကိုလက်တန်းချရေးတတ်တာ ပါရမီခေါ်မလားပဲ။ ကိုယ်တိုင်ကတော့ ကြိုးစားပမ်းစားဆွဲမှ မဖြစ်ညစ်ကျယ်ပုံလေးတွေရတော့ လက်တန်းဆွဲသူတွေကို အရမ်းအားကျတယ်။ ခုတော့ ဂဏန်းပဲကောက်နေရတယ်။ :)