Sunday, November 15, 2009

တွဲလက်တွေ မြဲစို့ ခရီးက ဝေးလွန်းလှပါတယ် ...







Capacity Building and Caring Children ( စီကျု) အဖွဲ့က သူတို့အဖွဲ့လေးတည်ထောင်ပြီး ပရဟိတလုပ်ငန်းတွေလုပ်တာ ခုနှစ်နှစ်ပြည့်တဲ့ အခမ်းအနားလေးကို သူတို့လုပ်အားပေးတဲ့ မိဘမဲ့ကလေးများကျောင်းမှာ ကျင်းပပါတယ်။ ကျွန်တော်က မှတ်တမ်းတင် ဓါတ်ပုံသွားရိုက်ပေးတဲ့ ဧည့်သည်ပါ။
အံ့အားသင့်စရာ တစ်ချက်က လူငယ်၊ လူလတ်ပိုင်းလေးတွေချည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတာပါ။
သူတို့လေးတွေကို ကျောင်းက ကလေးလေးတွေက ဆရာ၊ ဆရာမလို့ ခေါ်ကြတယ်ခင်ဗျ။ ငယ်ငယ်က မက်ဖူးတဲ့ ကျောင်းဆရာအိပ်မက်က လွမ်းလွမ်းဆွေးဆွေးပါ။ သူတို့လေးတွေအားလုံးက သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေးလေးတွေ။ မျက်နှာလေးတွေမှာ မိဘမဲ့လို့ အားငယ်တဲ့အရိပ်တွေ၊ နာကျင်မှုတွေ ဘာမှမမြင်ရပါဘူး။ အားလုံးဟာ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ။ ဆရာ၊ ဆရာမတွေရဲ့ နွေးထွေးမှုတွေက အများကြီး အထောက်အကူပြုပါလိမ့်မယ်လို့ ... ကျွန်တော်တွေးမိပါတယ်။ ခုတင်ထားတဲ့ ပုံလေးတွေက ခင်ဗျားတို့ကို တွေးစရာတစ်ခုခုများပေးမလားလို့ ... ။

16 comments:

နန်းညီ said...

သာဓု သာဓု ပါတော်.. ဒါထက် ဘယ်သူတွေနဲ့ သွားတာလဲမသိဘူးနော်.. အဲ့အဖွဲ့အကြောင်း ကျမတို့လည်း နည်းနည်းပါးပါး ကြားဖူးတယ်.. :P

မောင်ရှင်းသန့် said...

ကလေးတွေက ပြောနေတယ် ။
ဆရာ နောက် ထပ် လည်း လာခဲ့ပါအုံးတဲ့

လင်းဒီပ said...

သာဓုပါဗျာ...:P

Kay said...

delighted. :)

အနော် said...

ကလေးလေးတွေရဲ့ မျက်လုံးအကြည့်တွေကို
လာကြည့်သွားတယ် အကိုရ :'(

purplemay said...

တစ်ခုခုမဟုတ်ဘူးအစ်ကို....အများကြီးပေးပါတယ်...။
အော်...သူလည်း ကျောင်းဆရာအိပ်မက် မက်ဖူးတာကိုး...:)

ဇော် said...

တစ်ခုမဟုတ်ပါဘူးလေ .. ရင်ထဲကို အနက်ရှိုင်းဆုံး ၀င်ရောက်သွားခဲ့တာပါ ..

မြစ်ကျိုးအင်း said...

လူငယ်တွေ လူမှုရေး တွေမှာ တက်တက်ကြွကြွ လုပ်ဆောင်ကြတာ တကယ်ဝမ်းသာစရာပါပဲဗျာ။

ကလေးတွေအတွက် စိတ်ဓါတ်ခွန်အားတွေ အဓိက လိုနေတယ်လို့ ထင်တာပါပဲ။

အိဖူး said...

အိဖူးပို့စ်ထဲက ကလေးတွေရဲ့မျက်နှာနဲ့ ကပြောင်းကပြန်ဖြစ်လို့ပဲ .. အဟက်

ကိုရင်နော်ခင်လေးငယ် said...
This comment has been removed by the author.
ကိုရင်နော် said...

Little ရေ..
ဦးနော် သေချာ ဖတ်ပြီး တွေးနေမိပါတယ်..
ကော်မန့်က အမှားပြင်ရင်း နှစ်ခု ဖြစ်သွားတယ်..း)

သူတို့ အတွက် အားကိုးရာ လက်နွေးနွေးတွေ လိုနေတယ်.. သူတို့ဘဝကို ရွှင်လန်းစေမယ့် အားပေးအပြုံးတွေ လိုနေတယ်.. သူတို့ ဘဝကို လန်းဆန်းတက်ကြွစေမယ့် အကြင်နာမေတ္တာတွေ လိုနေတယ်..

အဲဒီ အားအင်တွေကို သူတို့လေးတွေအတွက် လူတိုင် ပေးနိုင်ကြရင် ကောင်းမယ်..

အိဖူးရေးထားတာလေးလည်း ဖတ်လိုက်ရသေးတယ်..

တစ်ရက်တော့ ဦးနော်လည်း ဆက်သွယ်ပြီး လိုက်ခဲ့မယ်..

ချစ်ခင်စွာ..
ကိုရင်နော်

littlebrook said...

:) အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ ...
လုပ်နိုင်ရဲ့သားနဲ့ လုပ်သင့်ရဲ့သားနဲ့ မလုပ်မိဘဲ ကျွန်တော်တို့ လျစ်လျှူရှုမိတာတွေကြောင့် ကျွန်တော်တို့ နောင်တရမိမှာ ကျွန်တော်တွေးနေမိလို့ပါ ...

အောင်ဒီကန် said...

ဟုတ်တယ်။ မှန်တယ်။ လုပ်ရကောင်းမှန်း သိဖို့လဲလိုသေးတယ်။ မြန်မာအများစုက ကျောင်းကြီးတွေဆောက် အလှုကြီးတွေပေးမှ အလှူလို့ထင်တတ်ကြတယ်။

နောက်တစ်ခေါက်သွားရင် လက်တို့လိုက်ဦးဗျာ..။

ကလျာ said...

နောက်လည်း လိုက်ခဲ့ပေးကြပါဦးလို့...

နန်းညီ said...

ကျောင်းထဲ ဓာတ်ပုံလျှောက်ရိုက်နေရင်း ရှင်းသန့်ပြောတာ သွားသတိရတယ်.. “စာသင်ကျောင်းတွေ နေတဲ့အဆောင်တွေကတော့ အပျံစားပါပဲနော်”လို့ ပြောတော့ “ဟုတ်တယ် အဆောင်တွေကကောင်းပါတယ်.. ဒါမယ့် အစားအသောက်အလှူရှင်က ရှားတယ်” တဲ့.. မြန်မာအများစုက ကဗ္ဗည်းတင်လို့ရတာမျိုးပဲ လှူချင်ကြတော့ ခက်တာပဲ

ကြည်ဖြူပိုင် said...

သာဓုခေါ်သွားပါတယ်ရှင့်
ဓာတ်ပုံလေးတွေကခံစားမှုပေးတာအမှန်ပါ