Saturday, October 3, 2009

အပြစ်ကင်းကင်း သီချင်းများနဲ့ ပျော်ရွင်ပါစေ

သီချင်း ... သီချင်းဆိုတော့ စဉ်းစားရတယ်။

နှစ်နဲ့ချီပြီး တစ်ပုဒ်တည်းသောသီချင်းကို နေ့တိုင်းလိုလို အားနဲ့မာန်နဲ့ အော်ဆိုခဲ့ဖူးတဲ့ သီချင်းကတော့
နိုင်ငံတော်သီချင်းပေါ့ .. ညီမလေးရ။
မိုးချုပ်ညနက်ကြီး အိမ်ပြန်လာတယ့်အခါ မီးတိုင်ဝါကျင့်ကျင့်လေးတွေအောက် ခေါင်းငိုက်လျောက်ရင်း
လေးဖြူရဲ့ ညလူသီချင်း ... ... ... လေလွင့်လူ သီချင်းလေးတွေ ညည်းလို့။
ခပ်ဆိုးဆိုးသူငယ်ချင်းတစ်ယောက်ယောက်နဲ့ဆုံရင် ပြုံးပြီး နှံကောင်လေးရဲ့ နွေဦးပုံပြင်ကိုဆိုပြ ...
ဧရာဝတီနားဖြတ်သွားရင် ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီး ... အဲ့ဒီသတို့သမီးရဲ့ ရင်ခွင်မှာ သင်္ဘောကြီးတစ်စင်းနဲ့ စုန်လိုက်ဆန်လိုက် ... အမေ့အိမ်သီချင်းလေးညည်းရင်း အိမ်ကိုပြန်လိုက် အိမ်ကခွာလိုက်နဲ့ ..။

ယုံကြည်ချက်တွေပျောက်ပီး စိတ်ဖောက်ပြန်ချင်လာတယ့်အခါ ထူးအိမ်သင်ရဲ့ ညီလေးရေ ကိုခဏခဏရွတ်ပေး ... အဲ့လိုပေါ့။ သီချင်းတွေကို တစ်ပုဒ်လုံးထက် အပိုဒ်လေး တချို့စာကြောင်းလေးလောက်သာ မှတ်မိတယ့်အခါလည်းရှိရဲ့ ။ အနုပညာဆိုတဲ့စကားလုံးမှာ မှော်ဝင်နေရင် အလှရဲ့သစ္စာတရားကို အမြဲဆို ။
ထူးအိမ်သင်ရဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်းနဲ့ ကြေကြေကွဲကွဲ ကြယ်ပင်လယ်ထဲမျော။

အနုပညာဖန်တီးမှုတစ်ခုကို ခံစားပြီး နောက်မျိုးမတူတဲ့ အနုပညာလက်ရာတစ်ခုလည်း ပေါက်ဖွားလာတတ်တယ်။ ကိုကို ... အလုပ်ကပြန်တိုင်း ဘေလီတံတားကြီးပေါ်ကနေ ချက်ပလက်သစ်သားကားကြီးစီးပြီးပြန်ရတယ်လေ။ မီးရောင် ၀ါဝါအောက်မှာ တံတားကြီးပေါ် တလှိမ့်ချင်းဖြတ်တုန်း အမြဲမြင်ရတယ့် မြင်ကွင်းက ကောင်မလေးတစ်ယောက် စကပ်လေးနဲ့ ဆလင်းဘက်အိတ်လေးလွယ်လို့ ။ ရုပ်ကလည်းမချောပါဘူး .. ညပေါင်းများစွာ သူမီးရောင်နဲ့ မမှီမကမ်းအရပ်မှာ
ရပ်လို့ ...။ တချို့လူတွေရောက်လာ တချို့လူတွေပြန်ထွက်သွား ... ခေါင်းထဲရောက်လာတဲ့သီချင်း အပိုင်းအစက
အမှောင်ညထဲ ကွယ်ကာပျက် မလင်းလက်တော့တယ့် ကြယ်များအကြောင်း ... သိလား လေးဖြူရဲ့ မရေရာဘူးလေ ...။ အဲ့သီချင်းအကြောင်းအရာကို ဗီစီဒီရိုက်ရင် ကိုကိုသာဆို အဲ့ကောင်မလေးရဲ့အကြောင်းနဲ့
စဖွင့်မယ်... ။ အတ်ဒါရိုက်တာဖြစ်ချင်သားဟ ။

ညီမလေးရေ ... ... ... နောက်ဆုံးပိတ်ဆိုတဲ့ အချိန်မျိုးရောက်လာတိုင်း ဆိုဖြစ်တဲ့နောက်ဆုံးသီချင်းကတော့
ဘ၀အသစ်တစ်ခုရှိနေတယ် လျှို့ဝှက်ချက်တို့ ဆန်းကြယ်တယ် အတိအကျမသိနိုင်လည်း
ရည်ရွယ်ရာသို့သွားနိုင်တယ် ... ... ... ကဲ .. အားမရှိသွားဘူးလား။

သီချင်းဆိုပါ ညီမလေး။ သီချင်းတွေက လှပါတယ်။ အပြစ်လည်းကင်းပါတယ်။
ဖန်တီးသူရဲ့ စေတနာကို ခံစားတတ်ရင်မြင်မှာပေါ့။ စေတနာမကောင်းတဲ့ ဖန်တီးမှုမျိုးဆို မခံစားနဲ့။
ကိုယ့်စိတ်ပါညစ်ထေးစေတယ် ။ ဒါပါပဲ ညီမလေးရေ ...။

အပြစ်ကင်းကင်း သီချင်းများနဲ့ ပျော်ရွှင်ပါစေ ..
အိဖူးရဲ့ ကိုကို

(ဒါ ကျွန်တော့်ညီမလေး တဂ်ထားတဲ့ တဂ်ပို့စ်ပါ ခင်ဗျာ )

13 comments:

purplemay said...

~~~~ဘ၀အသစ်တစ်ခုရှိနေတယ် လျှို့ဝှက်ချက်တို့ ဆန်းကြယ်တယ် ~~~

အနော် said...

နှံကောင်လေးနဲ့ နွေဦးပုံပြင်ကို ဆိုပြပါ
နောက်တစ်ခုက အလှရဲ့သစ္စာတရား ဟိဟိ
အကို brook လဲ သီချင်းကြီး သီချင်းခန့်ကြိုက်တာပဲ ဟဲဟဲ

စိမ်း... said...

အဓိပ္ပါယ်လေးနက်တဲ့ သီချင်းတွေချည်းကြိုက်တတ်တယ်နော်... :)

jr.လွင်ဦး said...

နိုင်ငံတော်သီချင်းတဲ့ ခြေဆင်းရောရလို့လား။
မှတ်ချက် - ခြေထောက်ဆင်းမဆိုရ။ ဟီး :PP

Anonymous said...

ခရမ်းလေး - အဲ့အပိုဒ်ကို အဲ့သီချင်းမှာ အကြိုက်ဆုံးဟ
အနော် - နောက်ဆိုပြမယ် ..း)
စိမ်း -ဟုတ်ကဲ့ဗျ ...း)
ဂျူ - ရတယ်နော် မရဘူးမှတ်လို့လား

NangNyi said...

လေမှာပျံ့လွင့် မင်းအသံရယ် အိမ်အပြန်လမ်း မှန်းမျှော်နေ.. အလွမ်းမီးရဲ့အပိုင်းအစ လောင်ကျွမ်းဆဲပေါ့ အော်.. ချစ်သူ့ဆိ နောက်လှည့်မယ့် အပြန်လမ်း..

tututha said...

“ဟဲ့ ဗေဒါ ဗေဒါ နင့်ဗူးကို ဘယ်သူချဲ့ ပြောဟဲ့ ဗေဒါမိဗေဒါ .. ငါ .. ငါ”
ဟီး ... သူများတွေ သီချင်းညည်းတော့ အားကျလို့ ကိုယ်ရတာ ကိုယ် ဝင်ညည်းသွားတယ်။

လင်းဒီပ said...

သီချင်းလေးတွေ ခံစားသွားပါတယ်ဗျာ..။

အိဖူး said...

တာဝန်ကျေပါတယ် တာဝန်ကျေပါတယ် ...
တိမ်တွေအကြောင်းကျတော့ ပါတော့ဘူး ..
ကြိုက်တော့ဘူးလားဟ ..

Anonymous said...

ကြိုက်တာပေါ့ ညီမလေးရာ ... အကြိုက်ဆုံးသီချင်း ... မိုးတိမ်တွေ အုံကျင်းဖွဲ့ပြီဆို ရင်ထဲအလိုလိုဆိုမိတယ့် သီချင်းလေး ... တယောသံလေးက
ဆွေးဆွေးမြေ့မြေ့ ... စိတ်ဓါတ်ကျနေတယ့်အခါမျိုးမို့ ဆိုလို့တော့ မကောင်းဘူးရယ် ... ဒါကြောင့်ပါ ... မပါတာခွင့်လွတ် ...

တေလေ said...

ကိုကြီးရေ မိုက်တယ်ဗျ

mirror said...

အဆုံးသတ်၊အမှာ...သိပ်သဘောကျ..။
ဟေ့လူ..ခင်ဗျားဆက်ရေးပါဗျ..။

mirror said...

ပန်းချီဆွဲရင်း ထ ထအော်တဲ့အသံတော့ အတော်စိတ်ပျက်သဗျာ... :P