Sunday, September 27, 2009

ဂျော့၊ လင်နီစမော ၊ ကိုယိုတီဝံပုလွေများနဲ့ ကျွန်တော်

ဂျော့- အိမ်လေးတစ်လုံးဆောက်မယ်ကွာ၊ ၀င်းလေးခြံလေးနဲ့ ... အဲ့အခါကျရင်
ဘာအလုပ်မှကို မ လုပ်တော့ဘူး ....
ငါတို့မော့ကြည့်ရမယ့်ကောင်လည်း မရှိဘူး..
လင်နီ- ယုန်လေးတွေကော မွေးလို့ရလား ... ဂျော့
ဂျော့- မင်းကလည်း ဒီယုန်တွေချည်းပဲ....
လင်နီ- လုပ်ပါကွာ ငါမွေးချင်လို့ပါ .. ယုန်လေးတွေ အမွေးကနူးနူးညံ့ညံ့နဲ့
ချစ်စရာလည်းကောင်းတယ်လေ
ဂျော့- မွေးကွာ .. မွေး ယုန်ဖြူ၊ ယုန်နီ၊ ယုန်ပြာ၊ ယုန်နက်၊ ယုန်ဝါ၊ ယုန်အကြောင်ကြား အကုန်မွေး
ကိုယ့်ခြံနဲ့ ကိုယ်ဆိုတော့ မင်းမွေးချင်သလောက်မွေး ... မင်းယုန်တွေကိုတော့
မင်းအစာကျွေးပေါ့
ငါကတော့ ခွေးတွေ၊ ကြောင်တွေပါမွေးမယ်
လင်နီ- မင်းခွေးတွေက ငါ့ယုန်တွေကို ကိုက်မှာလား
ဂျော့- မကိုက်ပါဘူးကွ ... မင်းယုန်တွေကို ခြံခတ်ထားလိုက်ပေါ့ ....
လင်နီ - အင်း.... နော်

ထိုအိပ်မက်ကို ဂျော့ပြောပြသောအခါ လင်နီသည် ငေးငေးရီရီနှင့် အ၀းသို့လှမ်းကြည့်နေပါသည်။ ထိုအိပ်မက်သည် ယခုပင်အဝေးတနေရာတွင် တကယ်ရှိနေသည့်အလား...။ ကျွန်တော် တောင်ကမ်းပါးထက်လေးတွင် လှဲလျောင်းရင်း ဂျော့ကပြောပြနေသည်ကို လင်နီနှင့်အတူ လိုက်နားထောင်နေမိသည်။ ပြောပြသူဂျော့ကိုယ်တိုင်လည်း ငေးငေးရီရီ....။

littlebrook - အိမ်လေးကို တောင်ကြားတွေထဲ ဆောက်ထားမယ် စိန်လုံတောင်ကြားထဲမှာလေ
အေးအေးချမ်းချမ်းလေး .. နှင်းတွေ မြူတွေကျလို့ ..
ချောင်းလေးလည်း ရှိတယ် .. ချောင်းရေက ဘယ်လောက်တောင်ကြည်သလဲဆို
မင်းခြေချထားရင် ရေအောက်ကမင်းခြေထောက်ကို မြင်ရတဲ့အထိ ...
ချောင်းကြမ်းပြင်က ကျောက်စရစ်ခဲအေးစက်စက်လေးတွေကို ထိတွေ့ရတယ့်
အထိအတွေ့ကို မင်းခံစားကြည့်စမ်း ...
(......... ) - အင်း ... ပျော်စရာ စိတ်ကူးနဲ့တင်နော်
littlebrook - အဲ့အခါကျရင် ငါအလုပ်မလုပ်တော့ဘူး ... ကြက်တွေ၊ ၀က်တွေမွေးမယ်ကွာ ...
ပြောင်းပင်တွေစိုက်၊ နေကြာပန်းတွေစိုက်မယ် .. ခေါင်ရည်ဖောက်မယ်..
နင် ... ခေါင်ရည်သောက်ဖူးလား .. မြက်ခင်းပြင်၊ နေရောင်နွေးနွေး၊
ခေါင်ရည်ကလည်း နွေးနွေး ... နှလုံးသားလည်း နွေးနေမှာပဲ
(......... ) - ငါခုတောင် အဲ့ကိုရောက်သွားတယ်ဟာ....


ကျွန်တော် သူမကိုထိုစကားပြောနေချိန် ကျွန်တော်တောင်ကြားလေးထဲတွင် ကျောက်တုံးအိမ်လေး ဆောက်နေခဲ့သည်။ မီးခိုးခေါင်းတိုင်လေးကလည်း ကျောက်တုံးလေးတွေနှင့်ပင်။
မီးခိုးငွေ့များက ခေါင်းတိုင်လေးထက်ဆီမှ တလူတလူလွင့်လျက်..။ သူမမျက်လုံးထဲတွင် ချောင်းလေးနံဘေး၌ အ၀တ်လျော်ဖွတ်နေသော သူမကိုယ်သူမ ပြန်မြင်နေသည်လား။ ဂျော့နှင့် လင်နီသည် ကျွန်တော် ထိုအိမ်လေးအကြောင်း ပြောနေစဉ်အတွင်း ဘေးမှလဲလျောင်းကာ နားထောင်နေခဲ့သည်။ စကားပြောနေစဉ်အတွင်း လင်နီက တစ်ခုခုမေးချင်ဟန်ရှိသည်ကို ကျွန်တော်မြင်ပါသည်။ လင်နီ... ယုန်တွေမွေးချင်လို့လား ... မင်း မွေးချင်ရင်မွေးလို့ရပါတယ်။ လင်နီက ကျွန်တော့်ခွင့်ပြုချက်ရသောအခါ ဂျော့ကိုပြုံးပြုံးကြီးကြည့်လိုက်သေးသည်။ သူမက လက်ခုပ်တီးရင်း ၀မ်းသာအားရရယ်မောနေလေသည်။

လင်နီ- ဂျော့ရာ .... ငါလုပ်တာမဟုတ်ပါဘူး .. ငါသူ့ကို မသေစေချင်ပါဘူးကွာ...
သူ့ဆံပင်လေးတွေကို ကိုင်ကြည့်ရုံပါ .. သူအတင်းရုန်းလို့ ဖြစ်သွားတာပါ
ဂျော့- ငါသိပါတယ် လင်နီရာ .. မင်းအပြစ်လုံးဝမဟုတ်ပါဘူး .. သူအပြစ်နဲ့သူပါ
လင်နီ- ငါတောင်းပန်ပါတယ် ဂျော့ရာ .. မင်းကအကောင်းဆုံးပါ မင်းစကားကိုငါ
နောက်ဆိုနားထောင်ပါ့မယ် ... ခုငါတို့ အဲ့ကိုပြန်သွားရမလား
ဂျော့- ခုသွားလို့ မဖြစ်သေးဘူး လင်နီ .. ခုမင်းကို သူတို့တွေ့သွားရင် ကိုယိုတီဝံပုလွေတွေလို
ပစ်သတ်ကြလိမ့်မယ် ... ငါတို့ ဒီကထွက်ပြေးကြမယ်ကွာ ..
မင်းကို ငါပြောပြဖူးသလိုပဲ နောက်မြို့တစ်မြို့ရောက်ရင် ငါတို့ကို ဘယ်သူမှ
သိတော့မှာ မဟုတ်ဘူးလေ .. အဲ့မှာအလုပ်လုပ် ပိုက်ဆံစုပြီး ခြံလေးဝယ်မယ်
လင်နီ- ယုန်တွေ .. ယုန်တွေအကြောင်း ထပ်ပြောပြပါ ဂျော့
ဂျော့ - အေး ... ပြောပြမယ် .. မင်းမျက်လုံးလေး မှိတ်ထားပြီး နားထောင်ပါလား .. အဲ့ဒါဆို
ပိုပြီး မင်းအတွေးထဲမှာ ထင်ထင်ရှားရှားပေါ်လာလိမ့်မယ် ..
လင်နီ- အင်း .... အင်း ငါ့မျက်စိတွေမှိတ်ထားမယ် .. ပြော ပြော ပြောတော့
ဂျော့ - အိမ်လေးတစ်လုံးဆောက်မယ်ကွာ၊ ၀င်းလေးခြံလေးနဲ့ ... အဲ့အခါကျရင်
ဘာအလုပ်မှကို မ လုပ်တော့ဘူး ....
ငါတို့မော့ကြည့်ရမယ့်ကောင်လည်း မရှိဘူး.. မင်းကြိုက်တဲ့ ယုန်တွေလည်း မွေးလို့ရတယ်
ယုန်ကလေးတွေက နူးနူးညံ့ညံ့နဲ့ ... ယုန်ဖြူ ... ယုန်နီ .. ယုန်ဝါ ...... ယုန်နက် ...
....... ......... .......... .......... ..............
ဂျော့သည် ယုန်ကလေးများ အကြောင်းပြောနေလျက်နှင့်ပင် သေနတ်ကို ဖြေးလေးစွာ
မလိုက်သည်ကို ကွန်တော်မြင်နေပါသည်။ မျက်စိမှိတ်ကာ အတွေးထဲယုန်များနှင့် ပျော်မြူးနေသောလင်နီ့ခေါင်းသို့ သေနတ်ပြောင်းကို ချိန်ရွယ်လိုက်ပါသည်။ ထို့နောက် .... ပေါက်ကွဲသွားသော သေနတ်သံအဆုံးတွင် ၀င်းခြံလေးနှင့် အိမ်ကလေး၊ ရောင်စုံယုန်များ ... အားလုံးသည် ယမ်းငွေ့အောက်တွင်
လွန့်လူးလှုပ်ခတ်လျက် ... ...။ ဂျော့ မျက်ဝန်းမှခိုတွဲကျလာသော မျက်ရည်ကို ကျွန်တော်မြင်ပါသည်။

ကျွန်တော် ယခုမည်ကဲ့သို့ ဤဇာတ်လမ်းကိုဆုံးလိုက်ရမည်ကို ကျွန်တော်မသိတော့ပါ။
ကျွန်တော့်နှုတ်ဖျားမှ တီးတိုးရေရွတ်သံထွက်လာပါသည်။ အိမ်လေးကို တောင်ကြားတွေထဲ ဆောက်ထားမယ် စိန်လုံတောင်ကြားထဲမှာ အေးအေးချမ်းချမ်းလေး .. နှင်းတွေ မြူတွေကျလို့ ..
ချောင်းလေးလည်း ရှိတယ် .. ချောင်းရေက ဘယ်လောက်တောင်ကြည်သလဲဆို .... .... ... .... ..... ..... ..... ....
................ .................... ........................ ......................... .................. ......................... ............... ...............
........... ................... ................... ။ ။

10 comments:

တေလေ said...

ဟိုတစ်နေ.ကပြောပြတဲ့ စာအုပ်လေးမို.လား အစ်ကို

နန်းညီ said...

း)

mirror said...

သိပ်တတ်...။မိုက်တော့မိုက်တယ်..။

အနော် said...

လင်နီ မသေခင်မှာ ယုန်လေးတွေနဲ့ ဆော့နေတယ်လို့ သူ စိတ်ကူးယဉ်နေတယ် မဟုတ်လားဟင်
သူလဲကျသွားတဲ့အချိန်မှာတောင် နှုတ်ခမ်းတွေက ပြုံးနေသေးလား...
တချို့ဖြစ်ရပ်တွေမှာ အဖြစ်မှန် မပေါ်သေးခင်အထိ ပျော်မြူးခွင့်ရမယ်ဆိုရင်
လင်နီ့လိုပဲ သေချင်တယ်.. :((
PS: အခု ကော်နက်ရှင်တွေ မကောင်းဘူးဗျာ ကိုယ့်စီဘောက်တောင် ကိုယ်ပြန်မမြင်ရတာ မနေ့ကတည်းက :(

jr.လွင်ဦး said...

ငါ့ ဂျော့ကို သနားတယ်။

စိမ်း... said...

ဘယ်သူ့သနားရမှန်းတောင် မသိတော့ပါဘူး... :)

purplemay said...

အမလေးနော် စိတ်က..မကောင်းတတ်ပါဘူးဆိုမှ..ရေးလိုက်ပြန်ပြီ...
ဂျော့ကို အရမ်းသနားသွားပြီ...။
ဘာပဲဖြစ်ဖြစ်...အိမ်လေးတစ်လုံးဆောက်မယ်ကွာ၊ ၀င်းလေးခြံလေးနဲ့ ... အဲ့အခါကျရင်
ဘာအလုပ်မှကို မ လုပ်တော့ဘူး .

tututha said...

ယူတိုးပီးယား အသေးစားလေးတွေကို ဒီလိုပဲ ဘလော့ပေါ်မှာ၊ အိပ်မက်ထဲမှာ ထည့်မက်ရာကနေ ဘယ်တော့များ လက်တွေ့ကမ္ဘာထဲ ရောက်မလဲမသိ။ မရေးတတ်ပေလို့ပဲ မြောင်းရေ ..

အောင်ဒီကန် said...

အားပါးးးပါးး
မမန့်တော့ပါဘူးလေ။

အိဖူး said...

ဟုတ်နေရောပဲ ...။