Tuesday, April 28, 2009

ညလေးက တဂ်သောကြောင့်

ညလေးကတဂ်ထားလို့သာရေးရပါတယ် ကျွန်တော်က ဘလော့ဂ်ကို စရေးတာမကြာသေးတာမို့ ဘလော့ဂ်ဂါတွေ အများကြီးကို မသိပါဘူး။ ဒီတော့ အတွေ့ချင်ဆုံး ၁၀ယောက်လို့ရေးခိုင်းရင် ၁၀ယောက်တောင်
ပြည့်ပါ့မလား တွေးမိပါတယ်။ တော်တော်ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ကောင်ပါခင်ဗျာ။
၁။ အရင်ဆုံးတွေ့ချင်နေတာ လောလောလတ်လတ်ပေါ့ဗျာ နန်းညီဆိုတဲ့ ငတိမလေးပါ။ တောင်ကြီးမှာ တစ်လတိတိသွားသဝေထိုးနေတဲ့ မိညီမလေးကို သိပ်တွေ့ချင်နေပါတယ်။ အကြာကြီးသွားနေရလား ဆူဖို့ပါ။
၂။ ကိုညီလင်းဆက်ပါ။ သူရေးထားတာတွေဖတ်ပြီး တစ်ခါတစ်လေ သူနဲ့စကားပြောကြည့်ချင်လာပါတယ်။
နားထောင်နေရလည်း ကောင်းပါတယ်။
၃။ မယ်ရာလို့ခေါ်တဲ့ ကျွန်တော့်သူငယ်ချင်းပါ။ ပျောက်သွားတာ တော်တော်ကြာသွားပါပြီ။ ဂျီတော့ခ်ဖွင့်တိုင်း
ဘယ်တော့ပေါ်လာမလဲစောင့်မိတဲ့ ရှားရှားပါးပါး သူငယ်ချင်းမလေးပါ။ သူကော စာဖတ်ဖို့အချိန်အားသေးလား တွေးမိပါရဲ့။
၎။ တီချမ်းလို့ခေါ်တဲ့ တီ.. သူကတော့ သတ္တိကောင်းလွန်းတဲ့ သူငယ်ချင်းပါ။ ခေါက်ဆွဲ၂ပွဲလောက်စားနေရင်း အသဲကွဲကဗျာရေးတာ နားထောင်ပြီးရီမိသေးတယ်။ သူ့ကိုလည်းတွေ့ချင်ပါတယ်။
၅။ ကျွန်တော့်ညီမလေး နီဝါ(အိဖူး) သူ့ကိုလည်းတွေ့ချင်ပါတယ်။ အင်း သူကတော့ အိမ်သွားလိုက်ရင် တွေ့တာပါပဲ။ သူစိတ်ဆိုးအောင်စပြီး သူ့ကိုမုန့်ဝယ်ကျွေးချော့ရတာက ပျော်စရာပါ။ သွားဦးမှ။
ညလေးရေ တွေ့ချင်သူတွေကုန်သွားပါပြီ။ ကျန်တဲ့ ခင်မင်သူတွေလည်း ရှိပါတယ်။ တွေ့ချင်လိုက်တာလို့ စိတ်ထဲက မဖြစ်တာရယ်၊ တွေ့ဖို့အကြောင်းရင်း သိပ်မရှိတာရယ်ကြောင့် မရေးမိလိုက်တဲ့သူတွေ ကျန်ပါသေးတယ်။ကဲ ညလေးရေ သူတို့ကိုတော့ ပြန်မတဂ်တော့ဘူး။ မတဂ်တတ်တာလည်း ပါတာပေါ့။

5 comments:

တီချမ်း said...

တွေ့ချင်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်
ရန်ကုန်ပြန်ရောက်ရင် တွေ့မယ်လေ
နော်

NangNyi said...

ပြန်လာပါပြီဗျ

ညလေး said...

မင်္ဂလာပါ စမ်းချောင်းလေးရေ.. ဟိ ဒီထဲရောက်ရင် ရီချင်လာရော... ကိုယ့်ဖာသာပြောတာပါ။ :P
ကျေးဇူး
ခင်မင်လျက်

ဖိုးဂျယ် said...

ငါကို မတွေ့ချင်ဘူးပေါ့ ရပါတယ်လေ
ပြန်လာရင် ဖုန်းမဆက်ဖူး။
ဒေါင်လဲ မထိုင်ဘူးကွာ ငါ့ဖာသာ ညီတို့နဲ့ပဲ ထိုင်မယ်
မင်းကို မခေါ်ဘူး။ ဒါပဲး)

မယ်ရာ said...

ကျုပ်ကိုတွေ့ချင်သတဲ့။ ခုရောဗျာ။ ခုရောဘယ်လိုလဲ။
စာလဲမဖတ်ဖြစ်ဘူးလေ။ သဝေထိုးချင်ရာ ထိုးနေတယ်လေ...။