တစ်နေ့ တစ်နေ့
တွေ့တဲ့ရစ်လုံးနဲ့ ဘ၀ကို လွှတ်တင်နေရတယ်
၉၆ ပါး လက်က
အင်းလျားဘက် လမ်းလျှောက်ထွက်တဲ့ လေ့ကျင့်ခန်းနဲ့ဆိုလား
စက်တင်ဘာမှာ
ကန်ရာသီဖွားတစ်ယောက်ရဲ့ မွေးနေ့မှာ
သစ္စာပန်းဆိုတာကို နည်းနည်းပါးပါး လိုချင်တယ်။
ဒီလို
ရေတံခွန်ကို ခေါင်းထိုးသည်းခံတဲ့ အတွေးမျိုးနဲ့ရော
သင်္ဘောရိုးတစ်ချောင်းထဲက ချောင်းကြည့်လို့
သင်္ဘောတစ်စင်းလုံး မြင်နိုင်ပါ့မလား
သစ္စာပန်းကို တွန်းနိုးပေမယ့်
သစ္စာဇာတ်လမ်းနဲ့ မျက်နှာချင်းဆိုင်မိပါ့မလား
ရဟတ်ယာဉ်တစ်စင်းလို
လေပေါ်မှာ မောင်းနှင်နေကြတဲ့
သံသရာ
ဘာကောင်းသလဲ
ဘာမကောင်းဘူးလဲ
ဖြစ်သမျှအကြောင်းလို့တော့ ပြောနေတာပဲ။
ခိုင်မြဲကျော်စွာ (No.95, January 2008) Beauty Magazine မှ ကူးယူဖော်ပြပါသည်။
My Life Bucketlist!
2 months ago
3 comments:
ရေတံခွန်ကို ခေါင်းထိုးသည်းခံတဲ့ အတွေးမျိုးနဲ့ရော.. ...
ကဗျာလေးကို မျှဝေတဲ့အတွက် ကျေးဇူး အကိုရ ..
သူ့ကဗျာတွေ မိုက်တယ်
ကျွန်တော်လည်း အခု အေးအေးဆေးဆေးလမ်းကို လေးငါးပုဒ်ဖတ်လိုက် ပြန်ချထားလိုက် လုပ်နေတယ်...။
(ကဗျာဆိုတာလည်း မျှင်းသောက်ရတာပဲ မဟုတ်လား :))
ကဗျာကောင်းလေးဖတ်လိုက်ရတယ်
သေသေချာချာ တစ်ကြောင်းချင်းစီပါပဲ
ဝှက်ထားတဲ့အရာတွေကို ရှာရတာက အရသာနဲ့ တူပါရဲ့
Post a Comment