Friday, October 23, 2009

ချောင်းကလေး .. စီးနေတယ်

ဒီနေ့ ၂၄ရက်နေ့ မနက် ၆နာရီ တောင်ကြီးမြို့ကို ရောက်ပါတယ်။ ထိုင်းမှိုင်းနေတဲ့ စိတ်က
ရန်ကုန်မြို့ထဲက ထွက်တယ်ဆိုရင်ပဲ တဖြေးဖြေးလွင့်ပါးသွားသလိုကို ခံစားရတယ်။
တောင်တွေတစ်တောင်တက် တစ်တောင်ဆင်းနဲ့ ... သစ်တောတွေထဲ ၀င်လိုက် ထွက်လိုက်နဲ့
လယ်ကွင်းတွေလည်း ဖြတ်ခဲ့သေးတယ်။ လယ်ကွက်တွေထဲ ကျွဲတွေရွှံ့ထဲလူးနေတာ ..
ယာခင်းထဲက မီးခိုးအူထနေတာ ဒါတွေဟာ ဘ၀ရဲ့အရသာတွေပါ။

ညမှောင်မှောင် နှင်းပိတ်ပိတ်ထဲ မောင်းနေရင်း လမ်းဆုံတစ်နေရာရောက်တော့ ..
မြူလား နှင်းလားမကွဲပြားတဲ့ ဝေေ၀၀ါးဝါးထဲ ရထားသံလမ်းက အဆုံးမရှိသလို ။
ချက်ချင်း ထူးအိမ်သင်ရဲ့ အမှောင်နဲ့ နှင်းမကွဲသေးတဲ့ ညတွေ ငါ့ရင်ကိုဖောက်ခွဲတိုးဝင်
မီးရထားကြီးတစ်စင်း ငါ့ဝိညဉ်ကို သယ်ဆောင်ခုတ်မောင်းရင်း ... သီချင်းလေး ညည်းမိရဲ့။

တောင်ပတ်လမ်းကနေ တောင်ကြီးကိုတက်လာတော့ မြေကားအထက်ဆိုသလို
ကိုယ်တွေစီးလာတဲ့ကားအောက် တောင်ခြေမှာ မိုးတိမ်တွေ လွင့်မျောလို့ ... ။
ပျော်ပါတယ် ... သူငယ်ချင်းများစွာကို သတိရမိတယ်။ မယ်ရာ၊ ဂျူ ၊ ခရမ်း၊ အနော်လေး ...
တောင်တန်းတွေကနေ ချောင်းကလေး ပြန်ဆင်းလာမယ် ... ပင်လယ်ထိအောင်ကိုပေါ့း)

8 comments:

Yu Ya said...

ပျော်ရွှင်ပါစေခင်ဗျာ။

yu ya

အနော် said...

လမ်းခရီးမှာ ပျော်ရွှင်ပါစေ အကို brook ရေ
အနော်ကတော့ စိတ်ကူးနဲ့ လမ်းထွက်နေပီး
လက်တွေ့ကတော့ ကွန်ပျူတာရှေ့မှာ ငုတ်တုတ် :)

jr.လွင်ဦး said...

ငါ့မှာတော့ နင်ပြောပြတာလေးတွေပဲ ဖတ်ပြီး ရသေ့စိတ်ဖြေလုပ်နေရတယ်။း(
ငါတို့ ကိုယ်စားပါ ကောင်းကောင်းပျော်ခဲ့ပါ။း)

စိမ်း... said...

ပျော်စရာအမှတ်တရခရီးဖြစ်ပါစေအစ်ကိုရေ...
ကိုယ်ကိုယ်တိုင်က မသွားနိုင်တော့ သွားနိုင်တဲ့လူတွေကြည့်ပြီး အပျော်တွေဓါတ်ကူးမယ်နော်..

mirror said...

သူတို့တွေ သွားကြမယ်ဆိုတုန်းက ကိုယ်လဲသွားချင်တာပဲရှိတယ်။
ဘာမှ မထူးခြား....။

စထွက်ကြပြီ ဆိုတဲ့နေ့ထဲက စိတ်က ဘာဖြစ်နေမှန်းကို မသိဘူး။
လိုက်သွားချင်တာလား ဆိုတော့လဲ မသိဘူး။
ကျန်နေခဲ့တာကိုရော .....ဘယ်လိုခံစားနေရမှန်း ကိုယ့်ကိုယ်မသိဘူး။
အီးးးးးး အဲ့ဒါကို မနာလိုဖြစ်တာလို့ ခေါ်ရင်ရမလား။
အားရင် ဖုန်းဆက်ကြပါဗျို့...
၂ ယောက်လုံးပဲ..။

လင်းဒီပ said...

ချောင်းကလေးရေ..
တောင်တန်းတွေဆီမှာ ပျော်ရွှင်ပါဦး..
နောက်မှ ပင်လယ်ဘက်မှာ ပြန်နားလှည့်...

purplemay said...

ခရမ်းတို့ကို သတိရတယ်ဆိုလို့ ပျော်လိုက်တာ...။
နောက်တစ်ခါတော့ လိုက်ချင်သား..ဟေးဟေး..။
♫♪♫ စမ်းချောင်းလေးများ နိုးထခဲ့ပြီအချစ်ရေ ♫♪♫ ပင်လယ်ပြင်စီသွားကြတော့မယ်ကွယ် ♫♪♫
ပျော်ရွှင်ပါစေ ငါ့အစ်ကို...:)

mirror said...

အဲ့တုန်းက ၂ ယောက်သားဖုန်းဆက်လာကြတယ်။ ကျုပ်မယ်...ပျော်လိုက်ရတာ..။