Monday, August 3, 2009

littlebrook ရဲ့ ခုတလောများ

နန်းညီတဂ်၍ ရေးရသော တဂ်ပို့စ်ပါခင်ဗျာ



ခုတလော

တွေးနေမိတာက
(၁) ကျွန်တော်ဟာ တွေးတောတာထက် စိတ်ကူးယဉ်တာကပိုများတဲ့ အကြောင်း
(၂) ကိုယ့်ကို နင့်နင့်နဲနဲ မတောင့်တတဲ့မိန်းမကို မက်မက်မောမောရှိနေဖို့မလိုဘူးဆိုတာ
(၃) ကျွန်တော့် ကောင်မလေးကိုလာလာထိတဲ့ တခြားကောင်တွေရဲ့လက်ကို ကျွန်တော်လုံးဝမကြိုက်ဘူး
(၄) ကြံစည်ထားတာလေး ဖြစ်လိုက်ပါတော့...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူတိုင်းကို မင်းလိုမတွက်နေနဲ့ မင်းတန်ဖိုးထားတဲ့အရာတွေက တကယ်ကောတန်ဖိုးရှိရဲ့လား
အရာအားလုံးအတွက် ဒါနောက်ဆုံးကြိုးပမ်းချက်ပဲ ..

ကျန်းမာရေး
ကောင်းသည်

ဖတ်ဖြစ်တဲ့စာအုပ်
ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ၊ ပင်လယ်ပြာနဲ့ တံငါအို

ရောက်ဖြစ်နေတာက
လက်ဖက်ရည်ဆိုင်

ရေးဖြစ်နေတာက
ပုံပဲဆွဲနေတာက များတယ်

နားထောင်ဖြစ်နေတာက
ဘာသီချင်းမှ နားမထောင်ချင်ဘူးဖြစ်နေတယ် အာရုံကိုလာလာလှည့်ဖျားလို့ ဖြစ်နိုင်ရင်တော့ လေးဖြူရဲ့ လွင်တီးခေါင် ကိုနားထောင်ချင်နေမိတယ်

ရွတ်နေမိတဲ့ ကဗျာက
ဘာမှကို ရွတ်မနေဘူးဗျ...

ဖြစ်ချင်နေတာ
အလုပ်အကိုင်အဆင်ပြေ .. ခြံလေးဝင်းလေးနဲ့ အိမ်လေးတော့ရချင်တယ် .. မိန်းမမရတော့လည်း
ရတဲ့မိန်းမယူလိုက်ရုံပဲ .. ဟာဟ

စားဖြစ်နေတာ
ရခိုင်ထမင်းဆိုင်ကရယ် ကိုယ့်ဟာကိုချက်တာရယ် တလှည့်စီ

သနားနေမိတာ
အမေ့ကို..

လွမ်းနေမိတာ
အခုငါ့ရည်းစားထက် ငါ့ကိုပိုချစ်ခဲ့တဲ့ကောင်မလေးတွေကို

ခါးသက်နေမိတာ
လူဆိုတာ စွန့်နိုင်ခဲတယ် မဟုတ်လား

တမ်းတနေမိတာက
စာအုပ်ကောင်းကောင်းတွေ ဖတ်ချင်တယ် ဖတ်ချင်တယ် ဖတ်ချင်တယ်

ကြိတ်ပြီးချီးကျူးတာက
တော်တော်ခံနိုင်ရည်ရှိတယ့်အမျိုးသမီး ဘ၀တစ်ခုလုံးနီးပါးနော်...

ကြိတ်ပြီးအထင်သေးတာက
ရွဲ့တတ်တဲ့ ကိုယ့်ကိုယ်ကို .. ခုထိဖွင့်မပြောပေမယ့် စိတ်ထဲကအထင်အမြင်သေးမှုတွေက ပျောက်မသွားဘူး ...

ဆန္ဒမရှိတဲ့နေရာ
ကျွန်တော်နေတယ့်နေရာကလွဲရင် ဘယ်မှမထွက်ချင်ဘူး

ဆန္ဒရှိတယ့်နေရာ
ရထားကြီးစီးပြီး စိတ်လွတ်ကိုယ်လွတ် တညင်ဖြစ်ဖြစ်သွားရရင်ကောင်းမယ်

မုန်းတီးမိနေတာက
ပိုက်ဆံလည်း မရှိဘူး... ဟီဟိ

ချစ်နေတာက
ခုလောလောဆယ် ကိုယ့်ချစ်သူတောင် ကိုယ်မချစ်ဘူး...

စိတ်ပျက်မိနေတာက
ပျင်းနေတယ့်စိတ်

လိုအပ်နေတာက
ခပ်ဝေးဝေးသွားလိုက်ဖို့

တောင်းနေမိတဲ့ဆု
အင်း ..ဆုတောင်းတဲ့ အလေ့အထမရှိဘူးကွယ်

ထပ်ပြန်တလဲလဲအော်ဟစ်မိနေတာ
အဲ့လောက်လည်း မရူးသေးဘူး ..

ဝန်ခံချက်
ဒီပို့စ်က ဒီလောက်ရှည်တာ ငါ့လေးဖြူပို့စ်လေး အောက်မှာကျန်ခဲ့ပြီ ..ဖတ်တယ့်လူကော ရှိပါဦးတော့မလား...



13 comments:

mirror said...

အဟေးဟေး..ငါ့ကျတော့ သူ့ဘလော့လာရင်အငေါ့လေး၊အထေ့လေးတော့ အမြဲတွေ့ရသတဲ့ ..တော်ရေ..။
သူကျတော့ရော..။

Notes on Web of My Pieces said...

ကျွန်တော်တို့ ဘလော့ဂါတွေလဲ....မဂ္ဂဇင်းတွေက မော်ဒယ်လ် တွေလိုပဲ...Popular အမေး အဖြေ တွေနဲ့ တော်တော် အသားကျနေပြီထင်တယ်....အောင်မယ်..မေးမယ့်သူ မရှိတာတောင် ..ကိုယ့်ဘာသာ မေးခွန်း ထုတ်ပြီး...ဖြေကြည့်လိုက်သေး.....ဟုတ်တုတ်တုတ်ရယ်.........အင်း.....ဟဟ

littlebrook said...

အပေါ်က ကိုတေဇာခင်ဗျာ ဒါတဂ်ပို့စ်ပါ မေးမယ့်သူမရှိဘူးဆိုတာ ဘာကိုပြောပါလိမ့် ခင်ဗျားဘလော့ဂ်သက်တမ်းမှာ ခင်ဗျားကိုတဂ်မယ့်သူမရှိခဲ့လို့များမသိတာလား ဒါနန်းညီက ဒီမေးခွန်းတွေဖြေပေးပါဆိုပြီး တဂ်လုပ်လို့ဖြေရတာ အားအားယားယား ဘယ်သူမှကိုယ့်အကြောင်းကိုယ် စောက်မြင်ကပ်ခံပြီး မရေးဘူး ကျွန်တော်ဖြေတာ သဘောကျလား

mirror said...

သြော်..လောက..သြော်..လောက..။

နန်းညီ said...

tag post ဖြစ်တယ်ဆိုတာ ပို့စ်ထဲမှာ ထည့်ရေးရောပေါ့ကွယ်.. ခုတော့ အထင်အမြင်တွေလွဲစရာဖြစ်ကုန်ပြီ.. ဘယ်ဘလော့ဂါမှတော့ အားအားယားယား ဒါမျိုးမရေးဘူးပေါ့..
အော် ပြောဖို့ကျန်သွားတယ်.. ဒီမေးခွန်းလေးတွေ စတဂ်တာက အစ်မ မနော်ဟရီဆိုတာ..

အနော် said...

စိတ်ချ စိတ်ချ ပူနဲ့ ပူနဲ့ .....
အနော် ကိုလေးဖြူပို့စ်ကို အခုပဲ သွားဖတ်လိုက်မယ်နော်... :P
စိတ်လျှော့ စိတ်လျှော့.....
ပုံလေးတွေ များများဆွဲနော်....:)
ဆန္ဒရှိတဲ့နေရာဆိုလို့ ဝေးဝေးလံလံများ အောက်မေ့တယ်
တညင်တဲ့ ကို brook ရယ်
ဟိဟိ စတွားဘာဒယ် စိတ်ဆိုးနဲ့နော် :P

ATN said...

တဂ်ပို့စ်ကို တဂ်ပို့စ်လို့ ရေးထားမှပေါ့... ဟ...
မသိတဲ့လူက မသိတော့...
တော်ကြာ
ဓါးတောင်းကာ အကျော်စားပြီး မိမိလည်ပင်းကို မိမိဖြတ်မည်...လို့ လုပ်နေရင် မခက်ပါလား....း)

tututha said...

ကြိတ်ပြီး အထင်သေးမိတာ အဲဂလို ဖင်မှန်းဂေါင်းမှန်း မသိတဲ့သူတွေလို့ တောင် ပြောင်းရေးချင်တယ် ဟီဟိ

မယ့်ကိုး said...

ထပ်ပြန်တလဲလဲအော်ဟစ်မိနေတာ
အဲ့လောက်လည်း မရူးသေးဘူး ..တဲ့လား

မရူးသေးပါဘူးလို့  ခံဝန်ချက်ပေးလိုက်ပါတယ်။ :)

P said...

ခံနိုင်ရည်ရှိဆို အဲ့လိပ်ပြာက Steel နဲ့ လုပ်ထားတာဆိုပဲ

littlebrook said...

ဟားဟား P ရယ် .. စတီးလ်နဲ့ဆိုတာထက် ယုံကြည်မှုများဖြစ်မလား
ဘာကိုများယုံကြည်မျှော်လင့်နေပါလိမ့်နော်... ဒါမှမဟုတ် ယုံကြည်မျှော်လင့်တာထက် သူ့တာဝန်ပဲလို့ သူသတ်မှတ်ပြီးလုပ်တာလား.. တော်တော့ကို ချီးကျူးစရာကောင်းတယ်..
အန်တီ ... ကျန်းမာပါစေ .. အဖေဖြစ်သူမမြင်လိုက်ရတယ့် နိုင်ငံတော်မျိုး မြင်နိုင်သောကိုယ်ဖြစ်ပါစေဗျား...

P said...

ကျနော်ကတော့ သူဖြတ်သန်းစရာရှိတဲ့ ဘ၀ကို ဖြတ်သန်းနေတာလို့ပဲ မြင်တယ်။ ယုံကြည်မှုတို့၊ ခံယူချက်၊ မျှော်လင့်ခြင်း အလင်းတန်း ဘာညာကွိကွတွေက အဲ့ထဲမှာ ပါမှာပေါ့နော်။

ူlittlebrook said...

Pရေ ...မှန်ပါ့ဗျား......