Monday, August 3, 2009

dance with wolf
















အားကစားရုံအပြင်မှာ ညနေ ၅နာရီလောက်ကတည်းက ရောက်ခဲ့ပါတယ်။ အိုင်စီရဲ့ ရော့ခ်ရှိုးမို့ အကုန်လုံးက ရော့ခ်ကာဒီဇိုင်းတွေ ခပ်များများပါ။ လူတွေကတရုန်းရုန်းနဲ့ ပျော်စရာကောင်းပါတယ်။ ထုံးစံအတိုင်း ဝေးဝေး၀ါးဝါးနဲ့အော်နေတာတွေလည်း မြင်ခဲ့ရပါတယ်။ အခြေအနေက အားလုံးအေးဆေးဆိုတဲ့ပုံပါ။
၆း၃၀ ကျော်လောက်မှ စဆိုတယ်နဲ့တူပါတယ်။ ကျွန်တော်ကတော့ အချိန်ကိုမေ့ထားတဲ့သူဆိုတော့ အရေးတော့မကြီးပါဘူး။ ဒီတစ်ခေါက်ပွဲက ထိုင်ခုံတွေနဲ့မို့ အရင်မျော်စင်ကျွန်းပွဲလို ခုန်ပေါက်ကနေလို့ မရပါဘူး။
စစချင်း သီချင်းတွေကလည်း အငြိမ်တွေကြီးပဲ ။ အငြိမ်ဆုံးဆိုတဲ့ ၀ိုင်ဝိုင်းကတောင် နဲနဲမြူးနေတယ်ဆိုတယ့်ပုံစံပေါက်နေတယ် ခင်ဗျ ။ လေးဖြူကတော့ လေးဖြူပါပဲ..။ သီချင်းတစ်ပုဒ်ပြီးသွားတိုင်း လေးဖြူလေးဖြူဆိုတဲ့ အသံတွေသာညံနေပါတော့တယ်။
ကိုလေးဖြူကလည်း ထုံးစံမပျက်အောင် ရူးချင်ယောင်ဆောင်မနေနဲ့ သီချင်းကိုဆိုတယ်ခင်ဗျ ။ ရွေးကောက်ပွဲတွေလည်း စတော့မယ်လို့တောင် ခေါင်းထဲဝင်မိသေးတယ် ။ ထားလိုက်ပါ ..အဲ့ တစ်ပုဒ်ကိုတော့
ပရိသတ်က ဘာနာကျည်းချက်တွေရှိမှန်းမသိ အားရပါးရကို လိုက်အော်တာ အသံကိုဟိန်းလို့...။
ဟုတ်ကဲ့ အဲ့သီချင်းနာမည်က ရူးချင်ယောင်ဆောင်မနေနဲ့ပါ ခင်ဗျာ။
အဲ တချို့ကလည်း အရိုင်းစိတ်ကို လာဖောက်ခွဲရုံသက်သက်ပဲဗျ ။ ဂီတကိုလာခံစားတာထက် ကိုယ့်အရိုင်းစိတ်ကို လာဖောက်ချပြတာပေါ့ဗျာ။ လျပ်စစ်ဂစ်တာသံ ၊ ဒရမ်သံတ၀ုန်းဝုန်းမှာ သွေးတွေကပွက်ပွက်ဆူတယ် မဟုတ်လားဗျာ။ ကျွန်တော်တို့လည်း တခဏတော့ရိုင်းသွားတယ်။
တချို့ကတော့ ကလပ်နဲ့မှားနေတာဗျို့။ လက်တွေက ခါးကိုရောက်လိုက် ဖင်ပေါ်ရောက်လိုက်နဲ့ ...
ဆေးခြောက်နံ့တွေက တစ်ခါတစ်ခါထောင်းကနဲထလာသေးတယ် ။ အော်ဒီလိုပေါ့ စိတ်လွတ်ကိုယ်လွတ်...။
အဆုံးသတ်တော့ လူတွေရဲ့အားအင်တွေ အကုန်ဆွဲနှုတ်သွားသလို နှုန်းခွေပြီးကျန်ခဲ့တာပေါ့ဗျာ။
ကြိုက်တဲ့သူရှိမယ် မကြိုက်တဲ့သူရှိမယ် .. သေချာတာက အိုင်စီကတော့ အိုင်စီပဲ...။

7 comments:

mirror said...

ရေးထားတဲ့ပုံလေးကြိုက်တယ်၊
ညီမမရေးတော့ပါဘူးလေ။
တည်ထားပြီး ဟိုလိုစဉ်းစားလိုက်၊ဒီလိုစဉ်းစားလိုက်နဲ့ဟာ
ခုတော့ဟောင်းသွားပြီလား၊ဟောင်းသွားပြီလား လို့ပဲ ကိုကြီးငဲ
လိုအော်ရတော့မယ်..။

2mar said...

အရူးပါးတွေ အီစိုင်းရ သူတို့က ကြားလဲမသိချင်ယောင်ဆောင်နေတာ
တခါလောက်တော့ ကြည့်ချင်တယ အဲလို

အနော် said...

အိုင်စီရှိုးကြည့်ချင်တယ်
အရိုင်းစိတ်ကို လာဖောက်ခွဲတယ် ဟုတ်တယ်နော် အဲ့တာအမှန်ပဲ
ဒီလိုနေရာမှာ အသားကုန်အော်မယ် မူးမယ် ရူးမယ် ရန်တော့ဖြစ်လို့မရဘူးပေါ့...
ဘောလုံးပွဲဆိုရင်လဲ အော်မယ် ဟစ်မယ် ဆဲမယ် ရေပုလင်းနဲ့ပေါက်မယ် ဖိနပ်နဲ့ပစ်မယ် ဒါတွေဟာ အရိုင်းစိတ်တွေနော်
တကယ်တော့ လူတွေဟာ မျိုသိပ်ရတာတွေများလို့ အဲ့ဒီမျိုသိပ်ရတာတွေကို ဖောက်ခွဲပစ်နိုင်မယ့်နေရာတွေကို ရှာနေကြတယ်နဲ့တူပါတယ်
ဘာပဲပြောပြော အိုင်စီကတော့ အိုင်စီပါပဲ :)

tututha said...

ဖတ်ပါ့ ငါ့မောင်ရေ .. စိတ်ချဉ်ပေါက်နေပုံရတယ် .. ဟုတ်စ

မယ့်ကိုး said...

အောက်က ပို့ စ် အတွက် စိတ်ညစ်နေလို့  အတိအကျဖတ်သွားပါတယ်။
ဒီမှာလည်း ၉ ရက်နေ့  အိုင်စီရှိုးရှိတယ်။ ဒါပေမယ့် သွားမကြည့်ဖြစ်ပါဘူး။

အောင်ဒီကန် said...

အိုင်စီရှိုးအကြောင်းထဲမတော့ ဒီတစ်ခု အလန်းဆုံးပဲ။ လန်ကိုထွက်နေတာ...

kay said...

ငါ့ လေးဖြူပို့စ်လေး သူများမဖတ်ပဲ နေတော့မယ်-- ဆိုလို့..သေချာ လာကြည့်တာ။း)
လေးဖြူကိုတော့..လူငယ်တွေကို ရူးသွပ်နိုင်စေတဲ့..လူကြီး (လူလတ်) ဖြစ်နေတာနဲ့ကို.. ချီးကျူးပါတယ်။ အိုင်စီ ပေါ့လေ..အားလုံး

ဟိုးရက်က..တို့ ဘလော့က..စာအဟောင်းတွေ အေးဆေး လှန်လှောဖတ်ရူသွားတာ..လည်း ကျေးဇူးတင်ကြောင်း။
း)