Saturday, July 25, 2009

ပျော်စရာ ခဏများ(၄)

























ကဲ လာပြီ ဗုဒ္ဓဟူး ... ဆင်လေး မကြီးတူးမာ ... ယတြာခြေနေတယ်ထင်နေမယ် မဟုတ်ရပါဗျာ
Photo Shop လေးနဲ့ ဆော့နေတာ ပျော်လို့ပါ ပြီးတော့ဒီအရုပ်လေးတွေက ပျော်ရွင်စေတယ်ထင်တယ်ဗျ
ကြည့်တဲ့သူတွေလည်း ပျော်စေချင်လို့ပါ ... နန်းညီက မြန်မာ့ရိုးရာပန်းဒီဇိုင်းတွေဆွဲမယ်လို့ပြောပါတယ်
သူကမအားတော့ (အလုပ်တွေ တယ်များတာကိုး) ကျွန်တော်လည်း တတ်နိုင်သလောက်ဝင်ကူဆွဲပေးဖို့
ကြိုးစားကြည့်တာပါ ဟဲဟဲ မနုသီဟတစ်ပုံလေးပဲဆွဲရသေးတယ် လမ်းချော်ပြီး ၇ရက်နေ့နံအရုပ်လေးတွေဆီ
စိတ်ရောက်သွားတာ အခုဆို ၃ပုံတော့ရှိသွားပြီပေါ့ သူငယ်ချင်းညီအကို မောင်နှမများ ဒီအရုပ်လေးတွေကြည့်ပြီးပျော်ပါစေဗျား ။

12 comments:

အနော် said...

ဆင်မိုမိုလေးရေ ကြံစားမလား.....ဝူးးးးးးးး
ချစ်စရာလေး ဆင်က
အစွယ်တောင် သေချာမထွက်သေးဘူးနော် :P
အနော့်ပုံလေး ဆွဲမလားလို့ လာလာချောင်းပါတယ် မလောပါဘူးနော် ဟိဟိ

jr.လွင်ဦး said...

ဘာပုံဆွဲဆွဲ တစ်စုံတစ်ယောက်နဲ့ပဲ တူနေဒယ်နော..
း)

ခြေလှမ်းသစ် said...

Photoshop လက်ရာလေးတွေ အရမ်းမြောက်ပါတယ်. ခံစားသွားပါတယ်

ငှက်ကလေး said...

ဝေးးး ကျားလုပ်ပါဦးကွာ တို့က တနာင်္လာ ကျား ကွ ဟဟဟဟ

နန်းညီ said...

ဆင်ကလည်း.. ရိုးရာဆင်လည်းမဟုတ်ဘူး.. စာမေးပွဲကျပါတယ်.. ပြန်ဆွဲပေးပါ.. ကျားကို ရိုးရာကျားမဟုတ်ဘဲ သာမန်ကျားကြီးဆွဲပေးလို့ကတော့ .. ဟွန်းဟွန်း..

(စာရေးတဲ့စတိုင်က အလန်းပဲ.. ကိုတာ ကိုတာ.. အဟိ)

littlebrook said...

ဘယ်သူနဲ့တူလည်း ပြေား) ... ဂျူ

2mar said...

ဟေဟေ့ယူသွားပြီ။ သယ်သွားပြီ
ဟုတ်တယ်ဟေ့ ဆင်က ရှေ့ကဘီလူးရေခဲမုန့်ကျွေးထားတဲ့ ပုံလေး နဲ့တူသကိုး .. ဟိဟိ

jr.လွင်ဦး said...

ဘယ်သူနဲ့တူလဲဆိုတော့ .... အင်း...

ဟေ့ရောင် ပြောမပြဘူးသတ်ချင်သတ်။ :D

ဇော် said...

ကျနော်က ရာဟုဗျ။
အဲ့ဒါကျတော့ရော။ ငှဲငှဲ။ =P

အောင်ဒီကန် said...

လောလောဆယ်တော့ ဆင်နင်းခံရကိန်း မြင်နေတယ်။

ကြည်ဖြူပိုင် said...

ဟယ်............ဆွဲထားတဲ့အရုပ်လေးတွေက ချစ်စရာလေးတွေတော့။ အရုပ်လေးတွေဆိုအဲဒိလိုဆွဲထားရင်တအားကြိုက်စ်

myo said...

ဆင်ပုံလေး ကူးသွားချင်လို့ပါ.. ခွင့်ပြုတယ်မလားဟင်..
အဖြေမရခင် ယူသွားပါပြီ..