Wednesday, June 17, 2009

(စကားလုံးများကို ဆော့ကစားခြင်း)

အမှောင်ထောင့်ချိုးမှာလဲလျောင်း
လေးလံအေးစက်တဲ့ သီချင်းကို တိုးတိုးညည်းဆို
အရိုးထဲကထွက်တဲ့ လေချွန်သံနဲ့ စည်းလိုက်
ဘာကိုမှ ကတိုက်ကရိုက် မလုပ်နဲ့။

တကယ်ဆို
မင်းအလှည့်ရောက်ရင် မင်း
ငါ့အလှည့်ရောက်ရင် ငါ
အတွေ့အကြုံရင့်လာရင် အတွက်အချက်လျော့လာတယ်
ဗီဇစိတ်ကို အားပြုပါ။

ခုကဗျာမဟုတ်တဲ့ စာအစုအဖွဲ့တစ်ခု
ခု တေးမဟုတ်တဲ့ တေး... ...
ခု လူမဟုတ်တဲ့ လူ... ... ...
ခု... ...ခု... ခု...
မင်းဘေးရောက်လာခဲ့ရင် မင်းသိမယ်၊
မြင်မယ်၊ ကြားမယ်၊ မှတ်မယ်
မင်း နောက်ပြန်မတွေ့ရင် မင်း ... ... ...
ဘယ်တော့မှ ထပ်မသိ ... ... ..။

( အရုပ်လေးတစ်ရုပ် လုပ်ရင်း ခေါင်းထဲကထွက်လာတဲ့ အပိုင်းအစတွေကို စုဖွဲ့ထားတာပါ စုဖွဲ့ထားတယ်ဆိုပေမယ့် ပြန့်ကျဲနေအောင် ပြန်စဉ်ထားကြည့်တယ်)

3 comments:

mirror said...

ကြိုက်တယ်ဗျ...အရမ်းကိုကြိုက်တာ..အပေါ်ကပုံကတော့
သိပ်နားမလည်ဘူး..(ဒါအရိုးသားဆုံးပြောတာ)
အောက်ကစကားလုံးတွေကိုတော့ အလေးအနက်ကိုကြိုက်တာ

နန်းညီ said...

ဗီဇစိတ်ကိုအားပြုပါ ဆိုတာလေးကို အတော်စဉ်းစားသွားတယ်ကွယ်

Andy said...

ဒီပုံမှသေသေချာချာမြင်ရတော့တယ်။ ကဗျာဆက်ဖတ်မယ်။