Saturday, May 23, 2009

ဖိုးဂျဲတဂ်တဲ့ nick name

nick name.... ... ... ငယ်နာမည်တွေကတော့ အများကြီးပေါ့ဗျာ ငယ်ငယ်တုန်းကနာမည်တွေက ကိုယ်ကကြိုက်တာထက် ကိုယ့်မိဘတွေ အသိုင်းအ၀ိုင်းတွေက ပေးတာပေါ့။ ကျွန်တော်က သားအကြီးဆုံးမို့ အိမ်မှာသားကြီးလို့ခေါ်တယ်။ ညီတွေ ညီမတွေကလည်း ရှေ့မှာကိုလေးတပ်ပြီး ကိုသားကြီးလို့ခေါ်တာပါပဲ။
နာမည်ဆိုတာ အမည်နာမဆိုတာကို ကျွန်တော်ဘယ်တုန်းကမှ အလေးအနက်မထားတတ်ခဲ့ဘူး။
အထက်တန်းကျောင်းရောက်တော့ တွဲမိတဲ့သူငယ်ချင်းတွေထဲမှာ ကျွန်တော်ကအငယ်ဆုံးမို့ ကောင်လေးလို့ခေါ်တယ်။ ဒီနာမည်လည်း အပေါ်ကလိုပါပဲ ကိုယ့်ထက်အတန်းငယ်သူတွေ သူငယ်ချင်းရဲ့ ညီတွေကပါ ကိုကောင်လေးလို့ခေါ်ကြပြန်ရောဗျ။
တက္ကသိုလ်တက်တော့ သိတဲ့အတိုင်း ရှမ်းယောက်ျားလေး အယောက်၁၀၀ရှိရင် ၉၉ယောက်လောက်အခေါ်ခံရတတ်တဲ့အတိုင်း ကိုစိုင်းပေါ့ဗျာ။ ကျောင်းကင်တင်းက ဆိုင်ရှင်ကြီးကြီးတို့မိသားစုတစ်စုလုံးကတော့ ရှမ်းလေးလို့ခေါ်ကြတယ်။ ဒါရခဲ့ဖူးတဲ့ နာမည်လေးတွေပါ။
ဒီထူးဆန်းတယ်ဆိုတဲ့ little brook ဆိုတာလေးက အကောင့်လုပ်တော့မှ ကိုယ့်ဟာကိုယ်စိတ်ကြိုက်ရွေးပေးခဲ့တာပါ။ ဒါ ကဗျာလေးတစ်ပုဒ်ရဲ့ နာမည်ပါ။ ကျွန်တော် အဲ့ဒီအထဲကစာကြောင်းလေးရွတ်ပြလိုက်ရင် ချက်ချင်းသိကြမယ့် ကဗျာလေးပါ။
''man may come and man may go But i go on forever"
အမြဲတမ်းစိတ်ကူးထဲမှာ ကျွန်တော့်အမေဟာ ပင်လယ်ဖြစ်လိုက်၊ တောင်တန်းဖြစ်လိုက်နဲ့ ကျွန်တော်ဟာ အမေ့ဆီကို စီးတဲ့ချောင်းပေါက်စ ၊ မိခင်တောင်တန်းတွေကြားမှာ ကစားမြူးတူးနေတဲ့ ချောင်းပေါက်စ..
အမြဲတမ်း အဲ့လိုတွေးနေမိတယ်။ မြစ်မဖြစ်ချင်တာက ကျွန်တော်က ရည်ရွယ်ချက်မကြီးလို့ပါ။ ကျွန်တော်ကဗျာလေးထဲကလို မြေကမ္ဘာမှာ ကြည်ကြည်လင်လင်လေး စီးနေတဲ့ စမ်းချောင်းလေးပဲဖြစ်ချင်လို့ အဲ့ဒီနာမည်ကိုရွေးမိတာပါ။ နာမည်ရှေ့က revolution ကတော့ဗျာ .... အင်းအဲ့ဒါကတော့ ရှင်းမပြတော့ဘူး ။
ဒါ ရခဲ့ဖူးသမျှ နာမည်လေးတွေပါ။
(ကဲ ကိုဂျဲရေ ရပြီဟုတ်လား )

3 comments:

တီချမ်း said...

ချောင်း မဟုတ်ပါဘူး
မြောင်းပါ
မြောင်းတောင်မှ မြောင်းပုပ်
ဖောက်ထုတ်ပစ်ရမယ်
ငှဲငှဲငှဲ

ဖိုးဂျယ် said...

သူများကိုများ မြောင်းပုပ်တဲ့
မြောင်းပုပ် မဟုတ်ဘူးဗျ
မြောင်းစုတ်ဗျ မြောင်းစုတ်း)
မသိရင် မှတ်ထား :D

နန်းညီ said...

အိုကြည့်စမ်း.. သူများအစ်ကိုကိုများ မြောင်းပုပ်တွေရော မြောင်းစုတ်တွေရော.. (တဂ်လည်းတဂ်သေးတယ်)..ကိုသားကြီး ဒီလိုပဲ ငြိမ်နေတော့မလား.. ဟမ်