ရိုးရိုးရှင်းရှင်းနေ့လယ်ခင်းရဲ့
ရေချိုးပြီးစ စံပယ်ပန်းလေးဟာ
ကျွန်တော့်ချစ်သူပါ...။
သူ့ရဲ့လက်ရေးလှလေ့ကျင့်ခန်းစာအုပ်လေးထဲမှာ
ကျွန်တော့်မျှော်လင့်ချက်တွေက
ဝိုင်းဝိုင်းစက်စက် ... လပြည့်ဝန်း...။
သူ့အပြုံးလေးတွေကို ကျွန်တော်စာလုံးပေါင်းကြည့်တော့
သနပ်ခါးပန်းပင်လေးရဲ့ ငယ်နာမည်ကို
ကျွန်တော်သိခွင့်ရခဲ့ပေါ့ ။
ကျွန်တော့်အိပ်မက်တွေ သူရှိရာအရပ်ဆီကို
ပျံသန်းသွားတော့
သူ့ဒိုင်ယာရီလေးဟာ အတောင်ပေါက်ပြီး
အဝေးမြို့လေးဆီကို ထွက်ခွာသွားပေါ့...။
ကေသီဟ
အိုင်ဒီယာမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၉( အမှတ်-၉၅)
ဖတ်မိတဲ့အထဲက ရင်ကိုလာငြိတဲ့ကဗျာလေးမို့တင်ပေးလိုက်ပါတယ်။ ကျွန်တော့်ချစ်သူလေးပါးက သနပ်ခါးအိပ်မက်လေးကို အမှတ်ရစေလို့ပါ။
Thursday, May 28, 2009
Subscribe to:
Post Comments (Atom)
2 comments:
ဘာမှပြောစရာမရှိပါ.. အမှတ်ရသွားတာကို အမှတ်မရနဲ့လို့ တားမြစ်ခွင့်မရှိတဲ့အကြောင်း အထူးပြောစရာလိုမည်မထင်ဟု ထင်မှတ်ပါကြောင်း..
(ဘာတွေလဲမသိဘူး သစ္စာနီဖတ်ထားလို့ သူရေးသလိုရေးကြည့်တာ)
အေး ငါလဲနင်ရေးတား ဘာရေးသွားမှန်းကိုမသိဘူး မိညီမရဲ့ :)
ကဗျာက သူ့ဟာသူအဟုတ်ကို...။
Post a Comment