ချစ်သူသည် သိုးကလေးသာဖြစ်သည်။ သူမသည် ဖြူစင်လွန်းလှသည်။ သူမသည် မင်းသားလေးဝတ္ထုထဲမှ သိုးကလေးမဟုတ်ပါ။ သူမသည် ခရစ်တော်၏ သိုးကလေးလည်း မဟုတ်ပါ။ သူမသည် သိုးကလေးသက်သက်သာ ဖြစ်ပါသည်။
သိုးကလေးသည် သူမကိုယ်သူမနားမလည်အောင်ပင် ဖြူစင်ပါသည်။ သိုးကလေးသည် သူ့ကမ္ဘာကိုသူ့စိတ်ကူးများဖြင့် တည်ဆောက်ပါသည်။
သိုးကလေး၏ စိတ်ကူးများတွင် ကြယ်များကို ကျွန်တော်တခါတရံနားမလည်ပါ။ အဓိပ္ပာယ်မရှိလင်းလက်သောကြယ်တချို့ကို သူမတက်မက်မူးဝေနေခြင်းကို
ကျွန်တော်အံ့သြအလိုမကျ အကြိမ်ကြိမ်ဖြစ်ဖူးသည်။ သို့သော်သိုးကလေးသည် သိုးကလေးသာဖြစ်ပါသည်။ သူမ၏ မဖြစ်ညစ်ကျယ်ညဏ်ကလေးဖြင့်
ကျွန်တော့်အား အရူးလုပ်၍လှည့်စားတတ်သည်။ သူမတည်ရှိနေမှုနှင့် သူမလုပ်ရပ်များအတွက် ကျွန်တော့်အားခေါင်းကလေးနှင့်ဝှေ့ကာ အချိုသပ်တတ်သေးသည်။
လွင်ပြင်တလျှောက် သူမနှင့်ကျွန်တော်တွဲ၍ နေ၀င်ချိန်များစွာကို ဖြတ်သန်းခဲ့ကြဖူးသည်။ ညပေါင်းများစွာ သိုးကလေးနှင့်အတူ သူမ၏ကြယ်များကိုမော့ငေးဖူးသည်။ ကြယ်လေးတစ်လုံးကို သူမနာမည်ပေးထားသောသိုးကလေးတွင် သူမရင်ထဲမှလူများ အတွက်လည်း ကြယ်များစွာသတ်မှတ်ထားလိမ့်မည်ဟုတွေးရင်း သူမဘေးမှထိုင်ရင်း တိတ်ဆိတ်စွာနေခဲ့သည်။
သိုးလေးကိုယ်ပေါ်မှ မသန့်ရှင်းသောအမှိုက်သရိုက်များကပ်ငြိပါလာလျှင် သိုးလေးကိုဆူငေါက်မိရုံမျှသာပြုပြီး သူမကိုယ်၌ကကို ဖြူလွန်းသောကြောင့်ဖြစ်ရသည်ဟု တွေးတတ်ခြင်းက အကျင့်ဖြစ်၍နေပေပြီ။ သိုးကလေးသည် သူမ၏ဖြူလွင်သောအဆင်း၌ တွယ်ငြိသူတိုင်းကို
သူမအားချစ်ခင်၍ဟုထင်မှတ်တတ်သေးသည်။ စစ်မှန်သောချစ်ခြင်းတရားတို့မည်သည် ဆပ်ပြာပူပေါင်းများကဲ့သို့ လှလှပပနှင့် ခဏချင်းပေါက်ကွဲမသွားတတ်ကြောင်း သိုးကလေးသိနားလည်လိမ့်မည် မဟုတ်ပါ။ သိုးကလေးသည် ဆပ်ပြာပူဖောင်းများကို မော့ငေးရင်း လွင်ပြင်တလျှောက်ခုန်ပေါက်ကာ ပြေးဆော့နေတတ်ခြင်းကို ဂရုတစိုက်စောင့်ကြည့်နေပေးရခြင်းက ကျွန်တော့်တာဝန်ပင်ဖြစ်ပါသည်။
ဤကမ္ဘာပေါ်တွင် သူမသည်သိုးကလေးသာဖြစ်၍ ကျွန်တော်မှာသူမ၏ သိုးထိန်းမျှသာဖြစ်ပါသည်။
You and Everything Else - Kdrama review
3 weeks ago
5 comments:
ဆိုင်မဆိုင်တော့မသိဘူး The Catcher In The Rays ကိုသတိရသွားတယ်
မက်ဆီနဲ့သိုးလေး တူတူပဲလားဟင်..
း)
ညီ့အိမ်လေးကနေတဆင့် သိတာ..
အမြဲရောက်ဖြစ်ပါတယ်..
ဟားဟား ဟုတ်ကဲ့ မက်ဆီရယ် သိုးကလေးရယ် အတူတူပါ။
ကျေးဇူးတင်ပါတယ်ဗျာ။
အဟက် ဟက် ဟက်
ဘာဂါဆို lamb လေးနဲ့ ကောင်းသဗျ
အနွေးထည်ဆိုရင်ရော သိုးမွေးအင်္ကျီဆို လူကြိုက်ပဲပိုများသလိုလို ...
အပေါ်က jr.lwinoo တဲ့ ဘယ်သူလဲ မသိဘူး
နာတော့ မဟုတ်ဘူး နာနဲ့ နာမည်ဆင်တယ်ဟ
ဟီး ဆောတီး နင့် သိုးလေး ဖတ်၇တာ
တော်တော်ဖြူစင်တဲ့ ပေကပ်ကပ် သိုးလေးနေမယ်း)
နောက်တခါ ပေကပ်ကပ်ဖြစ်နေရင် တုတ်နဲ့ တီးသာတီး
နင်က သိုးထိန်းပဲဟာ မြှောက်ပေးသွားတယ်။
ပြန်ပြီဟေ့
Post a Comment