ဖြတ်သန်းသွားခဲ့သောနွေရက်များတွင် တေးသီသွားသော ငှက်ကလေးတို့၏ တေးသီချင်းများအကြောင်းကို ကျွန်တော် သူမကို ပြောပြခဲ့သည်။ ကျွန်တော့် ဘ၀၏ စိမ်းလန်းခြင်း တက်ကြွခြင်း၊ ညိုမှိုင်းခြောက်သွေ့ခြင်းများကို
ကျွန်တော် တစ်ထောင့်တစ်ညထက်မက ပြောပြခဲ့သည်။ အသက်မဲ့သော ကွန်ပြူတာမော်နီတာရှေ့တွင် ကျွန်တော် ပြုံးလိုက် ရယ်လိုက် ... ကျွန်တော်က နောက်ကွယ်တွင်ပင် ဟန်မဆောင်တတ်သူ။ သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။
.......... .............. .............. ............. ...............
Bကို ကျွန်တော်သတိထားမိသည်မှာ နံရံထိပ်တွင်ချိတ်ဆွဲထားသော ပန်းချီကားများကို ငေးနေသောသူ့ကို။ သူမမျက်မှန် မှန်သားပေါ်တွင် ပန်းချီကားမှ အရောင်များက အရိပ်ထင်နေကြသည်။ "အဲ့ဒီ ပန်းချီကားတွေကို အကို့ ညီမလေး ဆွဲထားတာပါ" ... ထိုစကားကို ကျွန်တော်သူမကို မကြည့်ဘဲ ရေရွတ်လိုက်သည်။ သူမထံမှ ပြန်ကြည့်သော အကြည့်များတွင် အပြုံးတချို့ပါသည်ကိုမြင်တော့ ကျွန်တော်ရှက်သွားသည်။
နောက်ရက်များစွာအတွင်း ကြိမ်ဖန်များစွာ ကျွန်တော်တို့ ဆုံမိကြသည်။ သူမ လက်ထဲတွင် ကိုင်ထားသော ဘောလုံးဂျာနယ်၊ မန်ချက်စတာယူနိုက်တက် နိုင်ပြန်ပြီဆိုသည့် မြူးကြွကြွအသံ၊ အမြဲတီရှပ် ၊ အမြဲဂျင်းဘောင်းဘီ ဤအရာများသည်ပင် သူမဖြစ်သည်။
ကျွန်တော့်ညီမလေးဟု သူမကိုပြောခဲ့သော ကျွန်တော့်ချစ်သူ ကျွန်တော့်ကို စွန့်ထားခဲ့သောနေ့များထဲမှ တစ်ရက်တွင် သူမက ကျွန်တော့်ကိုပြောသည်။ " ဒီပန်းချီကားတွေက ကျွန်တော့်ညီမလေး ဆွဲတာပေါ့လို့ အရေးမကြီးတဲ့ပုံဖမ်းထားပြီး ပြောနေသော်လည်း ကျွန်တော့်မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားနေသည်ကို သူမြင်ခဲ့သည်" တဲ့ .. ကျွန်တော့်အရိပ်ကိုဖမ်းတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။
.......... ............... ................ .................... ................
little: ငါက ငါလုံလုံခြုံခြုံ နွေးနွေးထွေးထွေးရှိတဲ့ နေရာလေးတွေကို တွေ့စေချင်တာ
နင်နဲ့ ငါ့ကြားက စိတ်ချယုံကြည်မှုနဲ့ နွေးထွေးမှုတွေကို သူ့ကိုသိစေချင်တယ်သူ့ကိုလည်း ခံစားစေချင်တယ် ... ဒါမျိုးက သိပ်ကိုရှာတွေ့ဖို့ ခက်ခဲပါတယ်
ဒါကြောင့် နင်တို့ကို ဆုံစေချင်တာ ... ... ...
_ _ : ငါတို့ တွေ့တွေ့ချင်းကို စကားလက်ဆုံကျပြီင်္းခင်သွားကြတယ်
little: နင်တို့ ဘယ်နားထိုင်ကြတုန်း ကော်ဖီဆိုင်မှာလား လမ်းဘေးလေးမှာလား
လေတွေကောတိုက်လားဟင်
_ _: အင်း မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ လူတွေသိပ်များတယ်လေ
ငါတို့နေရာမရလို့ လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ် :)
little: ဟားဟားဟား ပျော်ဖို့ကောင်းလိုက်တာ
......... ........... .............. .................. ....................
နောက်ဆုံးတော့ ကမ္ဘာပေါ်တွင် သူငယ်ချင်းအဖြစ် အသစ်ထပ်မံ၍ ပေါ်ပေါက်လာပါပြီ။ ထိုရင်းနှီးနွေးထွေးသော ဖြစ်ရပ်တို့က လောကဓံထဲ ကြံကြံခံရပ်တည်မည့် မြက်ပင်လေးများ မြေကမ္ဘ္ဘာမှ လွင့်ထွက်မသွားအောင် ဆွဲဆောင်ထားပေးမည့် အမြစ်လေးများဖြစ်လာမည်။ ကျွန်တော် သိပ်ပျော်ပါသည်။ သူမတို့ ၂ဦးသောက်နေသော ကော်ဖီရနံ့သည် ကျွန်တော့်ရင်ထဲ သင်းပျံ့လျက်။
little: နင်တို့ ဘယ်နားထိုင်ကြတုန်း ကော်ဖီဆိုင်မှာလား လမ်းဘေးလေးမှာလား
လေတွေကောတိုက်လားဟင်
_ _: အင်း မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ လူတွေသိပ်များတယ်လေ
ငါတို့နေရာမရလို့ လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ် :)
little: ဟားဟားဟား ပျော်ဖို့ကောင်းလိုက်တာ
......... ........... .............. .................. ....................
နောက်ဆုံးတော့ ကမ္ဘာပေါ်တွင် သူငယ်ချင်းအဖြစ် အသစ်ထပ်မံ၍ ပေါ်ပေါက်လာပါပြီ။ ထိုရင်းနှီးနွေးထွေးသော ဖြစ်ရပ်တို့က လောကဓံထဲ ကြံကြံခံရပ်တည်မည့် မြက်ပင်လေးများ မြေကမ္ဘ္ဘာမှ လွင့်ထွက်မသွားအောင် ဆွဲဆောင်ထားပေးမည့် အမြစ်လေးများဖြစ်လာမည်။ ကျွန်တော် သိပ်ပျော်ပါသည်။ သူမတို့ ၂ဦးသောက်နေသော ကော်ဖီရနံ့သည် ကျွန်တော့်ရင်ထဲ သင်းပျံ့လျက်။
11 comments:
3 Apr 10, 02:37 PM
sin: မျက်မှန်လေးနဲ့ မေရာကိုမြင်ယောင်လိုက်တယ်.. ဘီနေရာမှာ
အပေါ်က ကွန်မန့်က မှန်လောက်တယ်။ :)
ကျနော်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်အတဲ့အခါတော့ ဆေးလိပ်ရနံ့တွေ သင်းပျံ့ ကြတာပေါ့ဗျာ .. :D
အင်းး.. ပေါက်သလိုလို မပေါက်သလိုလို.. သိပ်မခံစားနဲ့ဗျာ.. ပြောသာပြောရတာ နဂိုကတည်းက အဲလိုလူကိုးးး
မူးမူးနဲ့ မလိုနာတွေဖြစ်နေပါတယ်ဗျိုး :P
သူငယ်ချင်းဆိုတာ သူ့မှာရှိတဲ့အကောင်းဆုံး တစ်စုံတစ်ရာကို သူ့သူငယ်ချင်းကိုလည်း ရရှိစေချင်တာလေ .. Mirror ရဲ့ ...
ခုဆို အ၀န်းအ၀ိုင်းလေးတစ်ခု(ကောင်းမွန်သော) ငါတို့ရသွားပြီဟုတ် ..
၂၀၁၀ မှာ ပထမဆုံး မင်္ဂလာရှိသောဖြစ်ရပ် .. နင်တို့၂ယောက်ကို ငါပေးနိုင်သော လက်ဆောင်
ဘရွတ်ရေ.. ငါခုမှ အပြင်ကပြန်ရောက်တာ.. ငါကြိုက်လိုက်တာ..
ငါတို့ကို ဆုံပေးခဲ့တဲ့ နင့်ကိုလည်း ကျေးဇူး..
မုဂျီ.. :P
ဟဲလို အမကြီး :P ငါ့ညီမလေးနဲ့ သောက်တဲ့ကော်ဖီမှာ ငါ့အတွက်မပါရင် နင်တော့အသိပဲ .. ငါဆုံပေးတဲ့အတိုင်း ငါမျှော်လင့်တဲ့အတိုင်း နင်တို့ချစ်ခင်သွားတာလည်း ငါကကျေးဇူး .. အဟက် (လှောင်တာလုံးဝ လုံးဝမဟုတ်)
တိုးဖွဖွရီသံကို အနားနားကပ်ကြားရသည်အထိ ဤကွန်ယက်ကြီးကို ယုံကြည်လွန်းသည်က လွန်တာပေါ့။
ဟုတ်ပါရဲ့နော်.. လွန်တာပေါ့
littlebrook said... သူငယ်ချင်းဆိုတာ သူ့မှာရှိတဲ့အကောင်းဆုံး တစ်စုံတစ်ရာကို သူ့သူငယ်ချင်းကိုလည်း ရရှိစေချင်တာလေ ..
"သူငယ်ချင်း" စကားလုံးလေးက သုံးလုံးထဲ ဒါပေမဲ့ အဓိပ္ပါယ်ပေါင်းမြောက်မြားစွာကို ကိုယ်စားပြုလေသည်..
ဟေ့ အနော်တို့ ဆုံရင်တော့ သူတို့လို ကော်ဖီဝိုင်းမှာဟုတ်ဘူးနော် ဟားဟားဟား :D
အဲထဲက ပန်းချီကားလေးတေရှိတဲ့ နေရာက အင်တာနက်ဆိုင် ခပ်ချမ်းချမ်းလေးထဲမှာနော် .. မြတ်မြတ်နိုးနိုးချိတ်ထားတာ ...
မှန်ပါ့အမရယ် .. အဲ့ဆိုင်နာမည်က UPDATEလေ ခုထိရှိသေးတုန်းလား (little Brook)
Post a Comment