စိတ်အားငယ်သောအခါတိုင်း တိတ်တိတ်ကျိတ်ငိုတတ်သော သူငယ်ချင်းတစ်ယောက် ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော့် ဘလော့ဂ်ဂါဘ၀အဦးအစတွင် ခင်မင်ခဲ့ရသူ။ ထိုကောင်မလေး မွေးနေ့မှာ ယနေ့ဖြစ်သည်။
ထိုကောင်မလေးသည် ငိုတတ်သော်လည်း စိတ်ဓါတ်ကျနေတတ်သောသူမျိုးမဟုတ်ပါ။ အနာဂတ်ကို မျက်ရည်ဝဲ၀ဲကြားက လက်သီးလေး တင်းတင်းဆုပ်ပြီး ရင်ဆိုင်ရဲသူလေးလဲ ဖြစ်ပါသည်။ အားငယ်လက်မှိုင်ချနေသူမဟုတ်ပါ။ ညည်းညူမြည်တမ်းကာ အပြစ်စကားဆိုနေတတ်သူလည်း မဟုတ်ပါ။
ရံဖန်ရံခါ ပျင်းတတ်တာလေးမှ လွဲလျင် ...း)
ယနေ့ထို သူငယ်ချင်းမလေး၏ မွေးနေ့ဖြစ်သည်။
ပျော်ရွှင်ခြင်းများ သင့်ထံပါးကျရောက်ပါစေ။ စိတ်ဆင်းရဲခြင်းနှင့် မကောင်းသောအကြောင်းတရားတို့နှင့် ရင်ဆိုင်ရသောအခါ သတ္တိခွန်အားရရှိပါစေ။ ကောင်းမွန်သော အ၀န်းအ၀ိုင်း၌ နေထိုင်ရှင်သန်နိုင်ပါစေ။
ဒါ ...
ခခွေးအတွက် ... ... ဘရွတ်ခ်ရဲ့ ဆုတောင်းကွ .. ။
5 comments:
Happy Birthday ပါ ခရမ်းလေးရေ
ဒီနှစ် ဒီနှစ်ရဲ့မွေးနေ့လေးမှသည် နောက်နှစ် နောက်နှစ်တွေတိုင်
ရှေ့ဆက်လျှောက်ရမယ့် ဘဝလမ်းမှာ
ဘယ်လိုအခက်အခဲတွေ တွေ့ပါစေ ရင်ဆိုင်ကျော်လွှားနိုင်ပါစေ
အိပ်မက်အသစ်တွေနဲ့ အတူ ဖြစ်ချင်မှုအိပ်မက်တွေ အမြန်ဆုံး အကောင်အထည်ပေါ်ပါစေ ချစ်တဲ့ခရမ်းလေးရေ
မွေးနေ့အတွက် ရေးပေးကြတဲ့ စာတွေထဲမှာ ကိုသူကတော့ လက်ဖျားခါလောက်ပါပေတယ် .. တိုတိုလေးပါပဲ .. ဒါပေမယ့် ဘာ့ကြောင့်မှန်းမသိဘူး ..
အယ် .. ကျနော် မြှောက်ပြောသလိုများဖြစ်သွားသလား .. စာဖတ်ပရိတ်သတ်ကြီးကို မေးကြည့်ကြရအောင် .. =)
အရမ်းကျေးဇူးတင်ပါတယ် အစ်ကို Brook !
ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းတောင် သိတော့ပါဘူးဗျာ....:)
့happy birthday my dearest!
love,
ju
ဟီး...ကြိက်လို့ နောက်တစ်ခေါက်လာဖတ်သွားတယ်ဗျို့....
Post a Comment