စာနယ်ဇင်းတွေဟာ ပြည်သူတွေရဲ့ နား၊ မျက်စိပဲလို့ တင်စားလေ့ရှိကြတယ်။ သူတို့တွေက ပြည်သူတွေ သိသင့်သိထိုက်တာတွေ
တင်ပြကြရတယ်၊ သိချင်တာတွေကို တင်ပြကြရတယ်။ စာနယ်ဇင်းတွေမှာ အဓိကကျသူကတော့ အယ်ဒီတာပေါ့ဗျာ။
စာရေးသူတွေရေးလာသမျှ စာတွေကို သူတို့မဂ္ဂဇင်းရဲ့ မူဝါဒနဲ့ ညီမညီ၊ ရေးထားတာဟာ မှန်မမှန်၊ သင့်မသင့်ဆုံးဖြတ်တာကလည်း
သူတို့တာဝန်ပါ။ သိပ်မကြာခင်ကပဲ ပိဇပ်ရွက်(တချို့ဒေသမှာ ဂျာမနီရွက်လို့ ခေါ်ပါတယ်)အရည်ကို ကြာရှည်သောက်သုံးရင်
အသည်းနှင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်လို့ ဖတ်လိုက်ရပါတယ်။ အဲ့ဒါကိုဖတ်မိတော့အရင်က ဘီပိုးတွေ၊ အိတ်ရှ်အိုင်ဗီပါနိုင်တယ်ဆိုတာတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီးကော၊ အဲ့အကြောင်းအရာတွေကို ထည့်သွင်းဖော်ပြတဲ့ အယ်ဒီတာတွေကို မေတ္တာကောင်းကောင်းပို့မိပါတယ်။
သုသေတနမလုပ်၊ စမ်းသပ်စစ်ဆေးမှုတွေမလုပ်ဘဲ လွယ်လွယ်ရေးခဲ့တာ၊ လွယ်လွယ်ဖော်ပြတာတွေကို ရပ်သင့်ပါပြီ။
သူတို့ရေးသားဖော်ပြတာကိုယုံပြီး၊ တချို့ကလည်း ဈေးသက်သာလို့၊ တချို့ကလည်း ရေနစ်သူအတွက် ကောက်ရိုးစတောင် အားကိုးပြီးလှမ်းဆွဲသလို သုံးမိကြပါတယ်။ အဲ့လူတွေထဲက ထိခိုက်ပျောက်ရှခဲ့သူတွေအတွက် သူတို့မှာတာဝန်မရှိဘူးလား။
နိုင်ငံတ၀ှမ်းလုံးမှာ ဘယ်လောက်ထိရှကုန်လဲ ဘယ်သူမှမသိနိုင်ပါဘူး။
စာနယ်ဇင်းမှာ ကျင့်ဝတ်ရှိတယ်ဆိုရင် ဒီလိုကိစ္စတွေကကော ကျင့်ဝတ်နဲ့ ညီပါသလား။ တာဝန်ရှိသူတွေဟာ ဒီလိုပြဿနာမျိုးဆို ထောင်တောင်ချပစ်သင့်ချရမှာပါ။ လူသတ်မှုမဟုတ်ပေမယ့် လူသေစေတဲ့အမှုမျိုးပါ။ ကျွန်တော်မြန်မာ့တိုင်းရင်းဆေးတွေကို မယုံကြည်တာမျိုးမဟုတ်ဘူးမဟုတ်ပါဘူး။ သေသေချာချာမစမ်းသပ် အကျိုးသက်ရောက်မှုတွေကို မလေ့လာဘဲ လက်လွတ်စပယ်ရေးတဲ့ စာရေးဆရာနဲ့ အဲ့လိုဆေးညွန်းတွေကို ဖော်ပြတဲ့အယ်ဒီတာကို စိတ်ဆိုးလို့ပါ။
လာမယ့်နိုင်ငံတော်သစ်မှာ ဒီလိုကိစ္စတွေကအစ အရေးယူသင့်တယ်လို့ ခင်ဗျားတို့ကော မထင်ဘူးလား။
Online Persona
4 months ago
5 comments:
သေချာ စမ်းသပ် သုတေသန လုပ်သင့်တယ်။ effect and side effect သိဘို့လိုအပ်မယ်။
ဟုတ်တယ် ကိုစိုင်းရေ ဒါပေမဲ့
သိတဲ့အတိုင်း ဘယ်တယ်ဒီတာမှ မစစ်ဆေးဘူးလေ။
မှားတော့လဲ နောက်စာမူတစ်ပုဒ်ရတာပေါ့ဗျ။
ဒါက လုပ်၇ိုးလုပ်စဉ်တွေ ဖြစ်နေပီ
ဇာတ်လမ်း က ပြောရင်ရှည်မယ်
အဲဒီ သာဂဒိုး က သေသင့်နေတာကြာပြီ
သူ့ကြောင့်သေသွားတာတွေ လဲမနည်းတော့ဘူးလေ
တီ တို့ ပေါ့စတစ်တွေ လဲ ပြောပါတယ်
အမျိုးသား အိပ်ခ်ျအိုင်ဗီ အေစ့် အစီအစဉ် ပရိုဂရမ် က တာဝန်ရှိသူတွေ ကို ယူအန်အေစ့် ကလူတွေ ကို ကြည့်မနေကြပါနဲ့လို့
ဘာပြောတယ် မှတ်လဲ
အဲဒီ မသာဂဒိုး က စီစစ်ရေးကိုနိုင်ပါသတဲ့
ဝါကြောင့်ပါတဲ့
ဒင်းက အရင် နိုင်ငံရေး ဘာညာ မှာ ဖာသည် (ဖားသည်) ကြီးပါတဲ့
အဲတာကြောင့် ကြည့်နေရဆိုပဲ
တီ ဘာမှမပြောဘူးနော်
မြန်မြန်သေပါစေလို့ပဲဆုတောင်းနေတယ် အဲဒီကောင်ကို
အင်းငါ့စာတွေ လဲတော်တော်ဒေါသသင့်သွားပါလား
be aware of you language,buddy.
He's my Daddy.
ကောင်လို်က်တာ ငုဝါလည်းပြောချင်နေတာကြာပြီ တစ်နေ့ များငါစာရေးဖြစ်ရင် ဒီအကြောင်းရေးမယ်တွေးထားတာဗျ ကောင်းတယ် ထောက်ခံပါတယ်... Strongly Agree for ur idea.
Post a Comment