tag:blogger.com,1999:blog-6435442110521611652024-03-13T04:32:14.906-07:00littlebrooklittle brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.comBlogger101125tag:blogger.com,1999:blog-643544211052161165.post-5769916946290183762010-07-20T23:22:00.001-07:002010-07-20T23:49:50.397-07:00အရှိ ... ... ...ပခုံးစွန်းမှ လည်တိုင်းရင်းတို့ သူ့ခေါင်းလေးထိုးဝင်လာသည်ကို အလိုက်သင့်ပင်ခံယူလိုက်ပါသည်။ ဆံပင်လေးတွေက အလုံးခပ်သေးသေး ချောချောမွေ့မွေ့ရှိမှန်း အထိအတွေ့က သိနေရသည်။ မိတ်ကပ်နံ့တထောင်းထောင်း ထမနေတာကို သူသတိပြုမိသည်။ လက်လေးတစ်ဖက်ကို ကိုယ့်ရင်ဘတ်ပေါ်တင်ထားပြီး ကိုယ့် အကြောင်းကို မေးတော့ ကိုယ်ဘာဖြေရမည်မသိ။ "ဘာအလုပ်လုပ်တာလဲ။" ဒီလိုကောင်မလေးကို ကိုယ့်ဘ၀အမှန်ကို ကိုယ်ဖွင့်ပြောလေ့ရှိကြသလား ကိုယ်မသိပါ။ "ကိုယ်လား ... ကိုယ် ဝေလေလေကောင်ပါ။" သူမသည် အလိုက်သိသော ကလေးမလေးဖြစ်မည်။ နောက်မေးခွန်းတစ်ခုက "သီချင်းဆိုတတ်သလား"တဲ့။ အင်း ... ဖြေရခက်တဲ့ မေးခွန်းမဟုတ်။ "ကိုယ်သီချင်းတွေကို ကြိုက်နှစ်သက်ပေမယ့် ကိုယ့်အသံက မကောင်းဘူး။" ဒီလိုဖြေလိုက်တော့ ဆိုပြပါလားတဲ့။ ဒီလိုကောင်မလေးကို ကိုယ်သီချင်းဆိုပြသင့်လား။ ဒါကိုလည်း ကိုယ်မသိပါ။ ကိုယ် မသိတာတွေ သိပ်များနေပြီလား။

သူမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းမိသည်။ "ဝေးသွားတဲ့အခါ .. နှလုံးသားမှာ အမြဲတမ်းသတိရနော် ...ကြင်နာခဲ့ဖူးတဲ့အချိန်ခနများ ... ...။ "သာသာယာယာတိတ်တိတ်ဆိတ်ဆိတ် နားထောင်ပြီးမှ မေးပြန်သည်။ ချစ်သူမရှိဘူးလား ဟင် တဲ့။ ရှိခဲ့ပါတယ်လို့ ကိုယ်ပြန်ဖြေလိုက်သည်။
မင်းမှာကောလို့ မေးမိတော့ သူမကလည်း ရှိခဲ့ပါသည်တဲ့။ သြ ... ... ...။ သူမမှာလည်း ချစ်သူရှိခဲ့သည်ပေါ့။ ဘာလို့ ပြတ်သွားတာလဲလို့ ကိုယ့်ကိုမေးတော့ ကိုယ်အသုံးမကျလို့ ကိုယ်ညံ့လို့လို့ ကိုယ်ပြန်ဖြေတဲ့အသံမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးတော့။ ကိုယ်အားနာပြီး သူမပခုံးကို အသာအယာပဲ ပွတ်ပေးနေလိုက်တော့သည်။ သူမ စိတ်ကြပ်တည်းနေမှာစိုး၍ ဘာသီချင်းရလည်း မေးတော့ အသံက ၀မ်းသာအားရဖြင့် အို ... အများကြီးရတယ်တဲ့ .. သူမဖြေပြန်သည်။
ထို့နောက် ကိုယ်မခိုင်းရဘဲ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုပြပါတော့သည်။ အသံက ခပ်တိုးတိုး။ သီချင်းတွေက အနှစ်သာရလည်းမရှိဘူးဟု သူထင်ပါသည်။ ထိုအကြောင်းကိုတော့ သူမကို မပြောပါ။ မင်းစာအုပ်တွေကောဖတ်သလား။ ၀တ္တုတွေဘာတွေပေါ့ဟု မေးတော့ သူမက နာမည်တချို့ရွတ်ပြသည်။ အပျင်းပြေတောင် မဖတ်မိတဲ့ အပျင်းပြေစာအုပ်များ။သူမဆိုပြသော သီချင်းများလိုပင် သူမရွေးချယ်ဖတ်သော စာရေးသူအမည်နာမများက အပေါစားဆန်လိုက်တာလို့ သူတွေးမိသည်။

ဖွင့်ထားသော ဂြိုလ်တုတီဗီအစီအစဉ်မှ အင်္ဂလိပ်ကားတစ်ကား၏ စာတန်းထိုးကို သူမက အလွယ်တကူ ရွတ်လိုက်ချိန်တွင် သူအံ့အားသင့်သွားသည်။ သူမက စစ်ကားပဲဟု ပြောသည်ကို နားထောင်ရင်း။ မင်း ကျောင်းဘယ်ထိနေခဲ့တာလည်း မေးတော့ သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။ အိုး ... ဒီလိုကောင်မလေးက
တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိတက်ခဲ့ပါလား။ ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်တာလို့ တဆက်တည်းပြောတော့ သူချက်ချင်း ခံတွင်းချဉ်လာသည်။" ကိုယ့်ကို စီးကရက်ဘူး ယူပေးစမ်းပါ။" သူမ ရင်ခွင်ထဲမှထကာ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ယူပြီးမီးညှိ၊ ပြီးမှ ကိုယ့်ကို လှမ်းပေးသည်။ ကိုယ် ခါးမတ်မတ်ထိုင်လိုက်တော့ သူက ကိုယ့်နားမှာ ခွေခွေလေးလှဲချရင်း ဆံပင်တွေကို လက်နှင့်လိမ်ဆော့နေသည်။ ပြီးတော့ သူ့အကြောင်းကို အေးအေးဆေးအေးပင် ခပ်တည်တည်ပြောတော့သည်။ ဒီလိုကောင်မလေးတွေ ပြောနေကြစကားဖြစ်မှာပါ။
" အဖေနဲ့ အမေနဲ့က ကွဲနေကြတယ်။ အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အဲ့အိမ်မှာမနေချင်ဘူး။ "
ကိုယ်စီးကရက်ပြာကို ချွေချလိုက်ရင်း သူမစကားကို အင်း လိုက်လိုက်မိသည်။ "အဒေါ်နဲ့လိုက်နေတယ်။ အရင်ကတော့ စတိုးဆိုင်မှာ လုပ်တာပဲ။ လခက လေးသောင်းလောက်ပဲရတာ။
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတော့ လခထဲက သူ့ကိုလည်း နည်းနည်းပေးတာပေါ့။ လခလေးလေးသောင်းမှာ သူ့ကိုနှစ်သောင်းပဲပေးလို့လည်းမကောင်းဘူး။သုံးသောင်းလောက်ပေးပြန်တော့လည်း ကားခအတွက် တစ်သောင်းလေးနဲ့ မဖြစ်ပြန်ဘူးလေ။" ကိုယ် ... အင်း လိုက်လိုက်ပြန်သည်။
"အဲ့ဒါနဲ့ ခုအလုပ်လုပ်လုပ်ဖြစ်တာပဲ။" " အဒေါ်က မရိပ်မိဘူးလား"လို့ ကိုယ်မေးမိတော့"ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်" တဲ့။ စီးကရက်မီးခိုးငွေ့တွေကို သူမနှင့်ဝေးရာဘက် မှုတ်ထုတ်ရင်း
ကိုယ် ဘာတွေးနေလည်း ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။

ခုအလုပ်ကတစ်လကိုနှစ်သိန်းလောက်ရတယ်။အ၀တ်အစားဖိုးပြန်နှုတ်ရင်တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ်။ အင်း .. ဒီအလုပ်က ထွက်ပြီး မင်း ဘာဆက်လုပ်မှာလဲလို့ ကိုယ်မေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။ ကျောင်းပြီးတော့ကော။
ကိုယ်ဆို ကျောင်းပြီးကတည်းက ဝေလေလေပဲဆိုတော့ သူမက ပြုံးပြီး အဝေးက တီဗီဖန်သားပြင်ကို ခပ်ငေးငေးကြည့်ရင်း ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့။ ဘုရားရေ ... ကိုယ် သူမကိုသေချာကြည့်မိတော့ သူမသည် တကယ်က တီဗီဇာတ်လမ်းကို ကြည့်ပြုံးနေခြင်းမဟုတ်ဟု သူတကယ်ကို ယုံကြည်မိပါသည်။ မင်း သတ္တိရှိလှချည်လား။ ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ သူကြားဖူးနားဝနဲ့မေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေသည်။
သူမဖြေနေပုံ ပြောနေပုံတွေက တကယ်ပင် ဆရာမတစ်ယောက်လို သူမကိုယ် သူမ ထင်မြင်လာပုံရသည်။ ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကိုယ်စိတ်မကောင်းဖြစ်သွားပြီး
အင်း ... မင်းဆံပင်ရှည်ရှည်တွေကို ဆံထုံးလေးထုံး၊ အဖြူအစိမ်းဝတ်စုံနဲ့ဆို တကယ်လှမှာပဲဆိုတော့ သူမက ကိုယ့်ကိုပြုံးပြသည်။ ဒါ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ်မသိပါ။

တကယ်လားလို့ သူပြန်လည်မေးသည်ကို အသာအယာပင်ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်လိုက်တော့ ပြုံးပြန်သည်။ ဒီမိန်းကလေးက ခနခန ပြုံးနေနိုင်တယ်လို့ ကိုယ်သတိပြုမိပြန်သည်။
ကိုယ်ကတော့ ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ်ရှင့် တဲ့။ သူ လွတ်လွတ်လပ်လပ်ရီမိပြီး ဟုတ်ကဲ့ ဆရာမဆိုတော့ သူမက လှောင်တာလားလို့ ပြန်မမေးပါ။
ကိုယ် ... မလှောင်ပါ။ ဒီတစ်ခါတော့ဖြင့် ကိုယ်မလှောင်ပြောင်မိပါ။ မိုးမြန်မြန်ပြန်လင်းဖို့ ကိုယ်ဆုမတောင်းမိသော်လည်း မိုးလင်းစေချင်ပါပြီ။ စီးကရက်မီးကို ပြာခွက်ထဲထိုးချေရင်း ကိုယ့်ကိုယ်ကို အသာလျောလိုက်တော့ သူမက တစ်ခါအနားပြန်တိုးကပ်လာသည်။ သူမက ကိုယ့်ပခုံးစွန်းအောက်နား ခေါင်းတင်ရင်း သူမသိထားသော ဟာသပုံပြင်များနှင့် ဗီဒီယိုဇာတ်ကားများ အကြောင်းကို တတွတ်တွတ်ပြောနေပါသည်။သူမခေါင်းကိုသာ ဖွဖွပုတ်ရင်း အခန်းတွင်းသို့ ထိုးဝင်ရောက်လာမည့် အလင်းရောင်ကို ကိုယ်စောင့်နေမိပါတော့သည်။

မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ် ... ... ... ... ... ... ...။ ။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com20tag:blogger.com,1999:blog-643544211052161165.post-78691037632028206842010-07-12T00:50:00.000-07:002010-07-15T05:06:48.379-07:00သမီးနဲ့ စကားစမြည်မျက်နှာကို ရှုံ့မဲ့ကာ လက်ကိုဝှေ့ယမ်းလျက် သူ့မျက်နှာကိုကာကွယ်နေသော သမီးကိုကြည့်ရင်း
" သမီးရယ် နေပြောက်လေးတွေက သမီးကို ချစ်လို့စတာပါ" ဟု ဆိုရင်း နေရောင်ကို သူ့ကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည်။ မျက်ခုံးတန်းတန်း၊ နဖူးရှင်းရှင်းလေးက ဖေ့ဖေ့လို၊ နှာတံဖြောင့်ဖြောင့်လေးနှင့် နှုတ်ခမ်းက မေမေ့လိုနော် သမီး ။ သမီးက အဖေ့ကို သိတယ်လား။ ပါးဖောင်းဖောင်းလေးချိုင့်ခွက်ဝင်အောင် ပြုံးပြီး ကိုယ်ထောင်ထားတဲ့ လက်ညိုးကို ဖမ်းဆုပ်သည်။ သမီးလက်လေးသေးသေးလေး နူးနူးညံ့ညံ့ လက်ဖ၀ါးလေးမှာ ဖေ့ဖေ့လက်ကြမ်းကြမ်းကို ဆုပ်ထားရင်း ပျော်သတဲ့လား သမီးရယ်။

ဆံပင်အခွေအလိပ်လေးတွေက လှိုင်းလေးတွေနဲ့တူတယ်။ မျက်တောင်ကော့ကော့လေးအောက်မှာ ဘယ်ကောင်လေးတွေ ကျဆုံးကုန်ဦးမလဲဟင်.. သမီး။ ဗိုက်ပူပူလေးပေါ် ဘူးကနဲနေအောင်မှုတ်တော့ သမီးက လွန့်လူးရင်း တခစ်ခစ်ကို အားရပါးရရယ်တယ်။ သမီးရယ်သံက စမ်းရေစီးသလိုပါ။ သမီးရယ်သံက ယူကလစ်ရွက်တွေထဲ ဖြတ်လာတဲ့လေလိုပါ။ ကြည်လင်အေးချမ်းပြီး သင်းသင်းလေးမွေးနေတယ် .. ဖေဖေ့ရင်ထဲမှာလေ။

ခြေကားယား လက်ကလေးကားယားနဲ့ သမီးရေ ဖေဖေ့အသံကို ကြားရဲ့လား။ သမီးမျက်လုံးတောက်တောက်လေးတွေထဲမှာ ဘာတွှေရှိနေတုန်း။ ဖေဖေ့ကိုပဲ ပြုံးပြုံးပြီးကြည့်နေတာ။
သမီးရယ် ... တခါတလေ ဖေဖေတွေးတယ်။ အနာဂတ်မှာ ကြုံဆုံလာမယ့်အရာတွေကြောင့် သမီးမျက်ဝန်းတောက်တောက်လေး မှေးမှိန်သွားမှာ ဖေဖေစိုးကြောက်မိတယ်။ အိမ်ပြင် လမ်းထောင့်ချိုးတွေမှာ
လေတွေ ၀ူးဝူးဝါးဝါးတိုက်တိုင်း သမီးက ငိုတယ်လေ။ ခုသေးသေးလေးမှာ ဖေဖေ့ရင်ဘတ်ထဲထည့်ဖွက်ထားပေးနိုင်ပေမယ့် နောင်တစ်ချိန် သမီးကို မကာကွယ်ပေးနိုင်မှာလည်း ဖေဖေစိုးတယ်ကွယ့်။

ကောင်းခြင်း၊ဆိုးခြင်းတွေ အမှားအမှန်တွေကြားမှာ သမီးမျက်ခုံလေးတွေ တွန့်ကွေးနေမှာလား။ ဒီနှုတ်ခမ်းလေးတွေက ဖေဖေ့လိုပဲ မထိတထိလှောင်ရယ်တတ်မှာလား။ ဖေဖေ သိချင်စမ်းလှတယ်။ သိလည်းမသိချင်ဘူး။ ဖေဖေ့စိတ်ထဲမှာ သမီးကို ကြီးပြင်းလာတယ်လို့ မြင်လိုက်တာနဲ့ သမီးက ဝေးဝေးသွားမှာလို့
နှမျောမိတယ်။ အဲ့ဒါကြောင့် သိကိုမသိချင်တာ။

သမီးရေ သမီးက ပန်းလေးလား၊ သမီးက သစ်ပင်တစ်ပင်လား၊ သမီးက ချိုးငှက်လေးလား၊ သမီးက လိပ်ပြာလေးလား။ သမီးကို ဖေဖေ့သမီးဆိုတာထက် ဟောဒီသဘာဝလောကကြီးရဲ့ သမီးလေးဖြစ်စေချင်တယ်။
ကမ္ဘာကြီးရဲ့ သမီးလေးဖြစ်စေချင်ပါတယ်။ ဖေဖေ လောဘကြီးပြန်ပြီ။ သမီးနဲ့ပတ်သက်ရင် ဖေဖေကော မေမေကော လောဘမကြီးဖို့ ဆုံးဖြတ်ထားတယ် သမီးရဲ့။ အော် .. ရီနေပြန်ပြီ။ မယုံဘူးလား ဟားဟား ။
မေမေ့ကို ဖေဖေပြောပြတယ် သိလား သမီး။ သမီးဟာ ဘယ်တော့မှ မျော်လင့်ချက်တနင့်တပိုးဖိထားခံရတဲ့ ကလေးမဖြစ်စေရဘူးလို့။ သမီးဟာ တကယ်ကို လွတ်လပ်တဲ့ ပန်းကလေး .. ဟုတ်လား။
ဘေးက လူမှုအသိုင်းအ၀ိုင်းက ဖိစီးမှုတွေက ကင်းလွတ်တဲ့ ပန်းကလေးလည်း ဖြစ်ရမယ်။
ကန့်ကွက်တာလား ၀ူးဝူးဝါးဝါးနဲ့ ..။ သမီးရယ် မှန်ပါတယ် ဖေဖေက စိတ်ကူးယဉ်တာဖြစ်မယ် ။

သမီးနည်းနည်းကြီးရင် အိမ်နံဘေးခြုံစပ်က သပိတ်လွယ်ငှက်လေးတွေ အသံကို သွားနားထောင်ကြမယ်။
မြက်ခင်းထဲမှာ ပုစင်းလေးတွေပျံနေတာ ပြမယ်။ ကြက်ပေါက်စလေးတွေ ပြေးဆော့နေတာမြင်ရင်
သမီးပြုံးဦးမှာ၊ ရယ်ဦးမှာ။ သမီးဖို့ ခွေးကလေးတစ်ကောင်လည်း မွေးဦးမယ်။ ခုလောလောဆယ်တော့ ဖေဖေ့ရင်ဘတ်ထဲမှာပဲ နေဦး။ မေမေ့ရင်ဘတ်ထဲမှာပဲနေဦး။
နားလည်တယ်လား ... ချစ်လိုက်တာ .. အာဘွားကွယ်။

မီးပူတိုက်နေတဲ့ သမီးမေမေက ဖေဖေ့ကိုလေ "ရှင်ဟာလေ တော်တော်ကို ရူး " တဲ့။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com20tag:blogger.com,1999:blog-643544211052161165.post-51471130297653767422010-06-16T18:46:00.000-07:002010-06-16T18:47:13.331-07:00သစ်ပင်နီနီလေးတွေဤသစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင် ပေါက်သည့်အပင်လေးဖြစ်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများနှင့် ပြတ်သည်ကို မရှိတော့။ အမြဲလိုလို ဖုန်မှုန့်နီနီများက
သူတို့ခိုတွယ်လို့ရသမျှ အရွက်တိုင်း အကိုင်းတိုင်းတွင် တင်နေကြရာ ရဲရဲပင်နီစွေးနေလေတော့သည်။ သူမျက်မှောင်ကြုံ့ကာ မကျေမနပ်ပင်တွေးနေမိသည်။ သစ်ပင်လေးက သူ့အိမ်ရှေ့တွင်ပေါက်သော
သစ်ပင်လေးကိုး။

သူနေထိုင်ရာမြို့လေးက နယ်စပ်မြို့လေးဖြစ်သည်။ ရှေးယခင်မြို့လေးက ဘယ်သို့ဘယ်ပုံရှိခဲ့သည်ကို သူမသိပါ။ ယခုသူမြင်နေရသောမြို့လေးကတော့ ငြိမ်ကုပ်ကုပ်နှင့် အတွင်းကြိတ်ကြေကွဲနေသောမြို့လေးပင်ဖြစ်သည်။
ကိုယ်ဝါသနာပါရာ မလုပ်ရဘဲ မအပ်စပ်သည့်အလုပ်လုပ်နေရသူလို မကျေမချမ်းဖြစ်နေသောမြို့လေး။ သူ့ကိုယ်သူ ငွေကြေးအတွက်စတေးခံနေရသည်ကို သိလျက်နှင့် စိတ်ပျက်လက်ပျက် ရေစုန်မျောနေသော မြို့လေးဟုပင်
သူမြင်ပါသည်။ သူတို့ ညီအကိုသုံးယောက်စလုံး ထိုမြို့ငယ်လေးတွင်သာ ကြီးပြင်းခဲ့သည်။ မူလတန်းမှ အထက်တန်းထိ သူ ထိုမြို့လေးတွင်သာ ကျောင်းတက်ခဲ့ရသည်။
အမှတ်ရစရာတိုင်းကိုသာ သိမ်းဆည်းထားမည်ဆိုလျှင် ရင်နှင့်ပင်ဆံ့မည်မထင်ပါ။

ရိုးပုံရိုးလက်နှင့်မြို့လေးသည် ဆောင်းဦးပေါက်တိုင်း ကောက်သစ်စားပွဲကျင်းပတတ်သည်။ သူကော သူ့ညီတွေ၊ သူငယ်ချင်းတွေ ပျော်လေ့ရှိသည့်ပွဲတော်။ ပေါ်ဦးပေါ်ဖျား စပါးကောက်နှံမှ ဆန်ဖွတ်ပြီး ဘုရားရှင်ကို ဦးစွာကပ်လှူပူဇော်၍
လူသူပိရိသတ်ကို တည်ခင်းကျွေးမွေးသော ဓလေ့က ဤဒေသ၏ ကောင်းမြတ်သော အလေ့အထတစ်ခု။ ထိုပွဲတွင် မည်သူမဆို ၀င်ရောက်ဆင်နွဲကာ တည်ခင်းသမျှ စားသောက်နိုင်သည်။
သူတို့ ညီအကို မောင်နှမများ၊ သူငယ်ဖော်များက ဘုရားရင်ပြင်ပေါ် လျောက်ပြေးဆော့လေ့ရှိကြသည်။ ဘုရားနောက်ဘက် လယ်ကွင်းစပ်တွေနား၊ ချောင်းတွေ မြောင်းတွေနားထိ ဆော့ကစားကာ ပင်ပန်းလာလျှင် စောင်းတန်းများတွင်
နားနေကြ။ ရှမ်းဆန်စေးစေးကို မုန်ညှင်းရွက်ချဉ်ရေ၊ ပဲပုပ်ကြော်၊ အစိမ်းကြော်၊ ငရုတ်သီးထောင်းတို့ဖြင့် စားရသည်မှာ မေ့ရက်နိုင်စရာမရှိပါ။ ထိုမြို့လေးနှင့် ဝေးရာရောက်နေသူတိုင်း ဆောင်းဦးပေါက်လျှင် လွမ်းစေတတ်သောပွဲ။
ထိုပွဲကို ဆင်နွဲရန် ပြန်လာတတ်သူတွေလည်း ရှိမြဲ။ ထိုအထဲတွင် သူလည်း အပါအ၀င်ဖြစ်သည်။

အထက်တန်းကျောင်းသားဘ၀တွင်လည်း ထိုပွဲချိန်က ကျောင်းဖွင့်ရက်နှင့်တိုက်ဆိုင်နေလျှင်ပင် သူတို့ကျောင်းပြေး၍ သွားဖြစ်အောင်သွားလေ့ရှိကြသည်။ ထိုသို့သွားလေ့ရှိသူမှာ သူတို့သာမဟုတ် ကျောင်းတိုင်းကျောင်းတိုင်းမှ
အလျှိုလျှိုလစ်ထွက်လာသော ကျောင်းသားကျောင်းသူများနှင့် ဘုရားရင်ပြင်တွင် အဖြူအစိမ်းချည်းလွှမ်းနေအောင်ပင် ဖြစ်တော့သည်။ ငယ်စဉ်က လူကြီးများသာသွားလေ့ရှိသော လယ်ကွင်းစပ်မှ ခေါက်ဆွဲဆိုင်တန်းတွင်
ခေါင်ရည်ခိုးသောက်ကြရင်း ပွဲဈေးတန်းကို လျှောက်ခဲ့ကြသည်။ သို့သော် ရဲရဲဝံ့ဝံ့လျှောက်ရဲကြသည်တော့မဟုတ်။ တစ်မြို့လုံးက လာကြသောပွဲတွင် အိမ်မှလူများနှင့်တွေ့မှာလည်း စိုးထိတ်ရသေး။ မျက်နှာကိုခပ်လွဲလွဲထားကာ
လျှောက်ရင်း အကိုအမများနှင့်တိုးလျှင် မျက်နှာချိုသွေးရင်း သူတို့ပြုံးပျော်ခဲ့ကြသည်။

သူ လမ်းအပြင်ကို ငေးမောကြည့်နေသည်ကို အမေမြင်တော့ ဘာတွေတွေးနေတာလဲ သားဟု မေးသည်။ ဘာအကြောင်းရယ်တော့ မဟုတ်ပါဘူး အမေရယ် ကောက်ဦးဆွမ်းပွဲအကြောင်းတွေးနေတာလို့ ဖြေမိတော့
အမေက ပျော်ဖို့ချည်းပဲတွေးနေဟု ပြန်ပြောသည်။ ပျော်ဖို့ချည်းတွေးရအောင် ပျော်ဖော်ပျော်ဘက်မှ မရှိတော့ဘဲ အမေရယ်ဟု ရင်ထဲမှ တိုးတိုးဆိုလိုက်သော စကားကိုကား အမေကြားမည်မထင်ပါ။
သူအထက်တန်းအောင်ပြီးသည်နှင့် တက္ကသိုလ်တက်ရန် မြို့လေးမှထွက်လာသောအခါ သူငယ်ချင်းများ ကျန်ရစ်ခဲ့သည်။ ထိုအချိန်ထိ သူပြန်လာလျှင် သူလျှောက်ဖူးသောလမ်းတိုင်း၊ သူထိုင်ခဲ့ဖူးသော သစ်ပင်ရိပ်တိုင်း၊
သူမှီခဲ့ဖူးသော ဓါတ်တိုင်တိုင်းသည် သူထွက်သွားတုန်းကကဲ့သို့ ပြန်မြင်ရမည်ဟုသာ သူထင်ခဲ့သည်။ သူ့သူငယ်ချင်းများ အပါအ၀င်ပေါ့။

မြို့လေးနှင့်ဝေးနေစဉ်အချိန်အတွင်းမှာ မြို့လေးမှ သတင်းများကို သူနားစွင့်နေမိသည်။ သတင်းများစွာကိုလည်း သူကြားခဲ့ရသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းအကြောင်း၊ တောလမ်းမှ အကောက်ခွန်မဲ့ပစ္စည်းသယ်ခြင်း၊
ဝင်ငွေကောင်းသည်။ ဖျံကျသည်။ အချင်းချင်းသစ္စာဖောက်တဲ့ကောင်။ အဖမ်းအဆီးသတင်း။ သစ်နှင့်ကျောက်မှောင်ခိုခြင်း။ ကျွဲကူးရေပါ မူးယစ်ဆေးဝါး ဇာတ်လမ်း။ တစ်ထောင့်တစ်ညမကသော ပုံပြင်များလို
ကျွန်တော်က နားထောင်နေခဲ့ရသည်။ ထိုမပြောင်းလဲသော အလွမ်းအမောဇာတ်တွင် ဇာတ်ဆောင်တွေသာ ပြောင်းသွားသည်။

ယခု ဆောင်းဦးပေါက် အိမ်ပြန်ချိန်တွင် ကျွန်တော် ရောက်နေကြအတိုင်း ပြန်ရောက်လာခဲ့ပါသည်။ အိမ်တွင် ကျွန်တော့်ညီလေး မရှိတော့ပါ။
သူက ဒီနှစ်၊ ဒီလ၊ ဒီဇာတ်အတွက် ဇာတ်ဆောင်။ အမေက တိတ်ဆိတ်နေသည်။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေး၏ အဆုံးမသတ်သွားသော ဇာတ်ရုပ်နေရာကို ညီလေး ဆက်ခံခဲ့သလားမသိ။
ဟိုး ကျွန်တော်တို့ မိသားစုအားလုံး ကောက်သစ်စားပွဲသွားကြစဉ်က ရိုက်ထားသော ဓါတ်ပုံလေးက နံရံထက်တွင်ရှိတုန်း။ ရှမ်းဝတ်စုံနှင့် ပန်းနုရောင် ပိုးပုဝါခါးစည်းနှင့် ညီလေးကို ဒီနှစ်ပွဲမှာ ကျွန်တော်တွေ့နှိင်ပါဦးမည်လား မသေချာပါ။

အိမ်ရှေ့က သစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင်ပေါက်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများတင်လွန်းလှသည်။ သူအိမ်ရှေ့အပင်လေးဆီမှ ကျော်ကာကြည့်လိုက်တော့
လမ်းတစ်လျှောက်ရှိ အပင်တိုင်း အပင်တိုင်းသည် ရဲရဲနီစွေး။ သူ ၀မ်းနည်းသွားပါသည်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com10tag:blogger.com,1999:blog-643544211052161165.post-51268199005176927962010-06-13T15:34:00.000-07:002010-06-15T00:58:44.782-07:00မိုးရွာသောနေ့တွင် စာအုပ်များကို စီခြင်း္ခတနင်္ဂနွေအားလပ်ရက်နှင့် မိုးအေးအေးရာသီဥတုက တွဲဖက်ပင်ညီနေရော့သလား မသိပါ။ အိပ်ယာထက်တွင် သွေးလေးလေးနှင့်ကွေးရင်း လုပ်စရာဘာများရှိသလဲလေလို့ တွေးမိတော့ စာအုပ်များကိုရှင်းဖို့ သတိရသည်။
ခြောက်လတစ်ကြိမ်လောက် အခန်းပြောင်းနေရသော ဘ၀တွင် စာအုပ်များကို စင်ဖြင့်စံနစ်တကျ ထားဖို့မှာ စိတ်တွင်းကသာရှိသည်။ လက်တွေ့တွင်တော့ စက္ကူဂျတ်ပုံးထဲထည့်ပြီး ထားလိုက်ရသည်။

ကိုယ်လက်သုတ်သင်ပြီး ကော်ဖီခွက်လေးကိုင် ရှေ့ခန်းကိုထွက်လာတော့ ရှင်းလင်းရမည့် စာအုပ်ပုံက နေရာတိုင်းမှာလိုလိုပင်။ တချို့က ခုံပေါ်မှာ၊ တချို့က ခုံအောက်နားမှာ၊ အိပ်ခန်းခေါင်းအုံးနားတွင်က သုံးလေးငါးအုပ်။ ဘုရားစင်ပေါ်တွင်တောင် ရောက်နေသော စာအုပ်တွေကရှိသေး။ ဘာအတွက်ကြောင့်များ စာအုပ်တွေကို ဖတ်ခဲ့၊ ဖတ်နေ၊ ဖတ်ရှုရဦးမည်လဲလို့ တွေးမိတော့ အဖြေမရှိပါ။ ဘာအတွက်နဲ့များ ဒီစာအုပ်တွေကို ဖတ်နေတာလဲ ကောင်လေး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ မေးခွန်းတစ်ခု။ ဖတ်သောစာအုပ်တွေကလည်း အကြောင်းအရာပေါင်းစုံ။ တချို့စာအုပ်လေးတွေက ၀ယ်ထားတာ၊ တချို့စာအုပ်တွေက လက်ဆောင်ရထားခြင်းဖြစ်ပြီး၊ တချို့က ငှားထားပြီး ပြန်မပေးဖြစ်သေးသောစာအုပ်များ။ တခါတရံ ဘယ်သူ့ဆီက ငှားထားမှန်းပင် မမှတ်မိတော့ပါ။

အကြောင်းအရာပေါင်းစုံဆိုသည်မှာ ရူပဗေဒပညာရှင် ရစ်ချတ်ဖိုင်းမန်းနှင့် စတီဖင်ဟော့ဖ်ကင်း။ သူတို့က တွဲဖက်ညီသည်။ သခင်ကိုယ်တော်မှိုင်းအကြောင်းစာအုပ်နှင့် သခင်တင်မြ၏ ဘုံဘ၀လိုစာအုပ်က ကိုယ့်အမျိုးသားရေးအကြောင်းများ။ ဘောင်းဘီဝတ်မိုးတိမ်လို ကဗျာဘာသာပြန်နှင့် မြင့်သန်း၏ ဘာသာစကားနောက်ကွယ်မှက အဆက်အစပ်ရှိသေးသည်။ ထိုထဲတွင် မြန်မာအက်ဆေးတစ်ရာ၊ နွယ်နီအဟောင်းလေး။ ဆရာကျော်ဝင်း၏ လှိုင်းမဂ္ဂဇင်းနှင့် ကိုတာ၏ စတိုင်သစ်။ ဆရာစံဇာနည်ဘို၏ ဗေဒင်စာအုပ်ကိုမြင်တော့ ပြုံးမိသေးသည်။ သူတို့တွေသာ စကားပြောတတ်လျှင် သခင်ကိုယ်တော်မှိုင်းနှင့် ရစ်ချတ်ဖိုင်းမန်းတို့က နှူကလီးယားအကြောင်းဆွေးနွေးကြမည်လား။ နှုတ်ခမ်းမွေးကားကားနှင့် ဆရာကြီးက ပရအနုမြူအကြောင်း ပြောလျှင် အာဖရိကဗုံတီးသော သိပ္ပံဆရာက သေချာနားထောင်ပါ့မလား။ လက္ခဏာဆရာကြီးပြောသော နက္ခအကြောင်းများကိုကော စတီဖင်ဟော့ကင်းက တွင်းနက်ကြီးများဖြင့် စုပ်မျိုချလိုက်မလား။ တကယ်လို့များ သူတို့ပြောကြလျှင် ကျွန်တော်တော့ နားထောင်ချင်ပါသေးသည်။

စာအုပ်များကို အမျိုးအစားခွဲစီရင်း ကျွန်တော့်မှာ အရှားပါးဆုံး စာအုပ်အမျိုးအစားကို သိလိုက်ရသည်။ ကဗျာစာအုပ်။ ကဗျာစာအုပ်အကြောင်းတွေးမိတော့ ကျွန်တော်နှင့် ရင်းနှီးခဲ့သောကဗျာက ဘာပါလဲ။
ရှစ်တန်းကျောင်းသားအရွယ် သင်ခန်းစာစာအုပ်ထဲ ကူးထည့်ခဲ့သောကဗျာလေးကို လွမ်းမိသည်။ သောကခြေရာ ရတနာကဗျာများ... ထိုစဉ်က သောကဆိုတာဘာဆိုသည်ကိုပင် အနက်သိနိုင်ဦးမည်မထင်ပါလေ။
ဘာကြောင့်များစာအုပ်တွေဖတ်သလဲ မေးလျှင်ကော။ မဖတ်ရမနေနိုင်လို့ ဖတ်သည်ဟုပင် ဖြေရမည်ထင်ပါသည်။ ဘာတွေရလို့လဲလို့ မေးလာလျှင်တော့ ရစရာရှိမလားလို့ ဖတ်သည်မှမဟုတ်ဘဲ။

ဖတ်ပြီးသော စာအုပ်မှန်သမျှကို မြို့ကသူငယ်ချင်းဆီ ပို့ပေးရသည်။ သူငယ်ချင်းပြောဖူးသည်က မင်းစာအုပ်တွေငါလည်းဖတ်ထားတော့ မင်းပြန်လာတော့ မင်းနဲ့ဝေးမနေတော့ဘူးပေါ့ကွာ တဲ့။ လွမ်းပါသည်။ သစ်ပင်အိုအိုကြီးတွေအောက်က လက်ဖက်ရည်ဆိုင်တွင် နှုတ်ခမ်းပဲ့နေသော ပန်းကန်မှရေနွေးကို မော့သောက်ရင်း ဂျေရုဆလမ်လည်းရောက်ခဲ့ကြသည်။ ဟားဘတ်တက္ကသိုလ်လည်း ရောက်ခဲ့သည်။ ကျူးဘားတော်လှန်ရေးလည်း ဆင်နွဲခဲ့ကြသည်။ ပိုက်ဆံတစ်ထောင့်နှစ်ရာနဲ့ ဟားဘတ်တက္ကသိုလ်ရောက်ဖူးတာ နည်းလားကွဆိုသော အသံကိုလွမ်းမိသည်။ ခုဆို ဘယ်ဘ၀ရောက်နေပါလိမ့်။

စာအုပ်လေးများကို သေချာကြည့်တော့ တချို့ကပိုးကိုက်ရာလေးများနှင့်။ တချို့က ၀ါကျင့်ကျင့်အရောင်သမ်းလျက်။ ကျွန်တော့်အသိဥာဏ်တွေ၊ခံစားမှုတွေကော ပိုးကိုက်ကုန်ပြီလား၊ အ၀ါရောင်သမ်းနေပြီလား ကျွန်တော်မတွေးတတ်တော့ပါ။ တစ်အုပ်ချင်းစီဖုန်သုတ်ကာ စက္ကူပုံးထဲထည့်ရင်း တိုးတိုးညည်းနေမိသောသီချင်းက မသိတဲ့အမှားအမှန်ကို မပြည့်တဲ့အသိဥာဏ်နဲ့ ကိုယ်လေသုံးသပ်မိခဲ့ ဆိုသော မျိုးကျော့မြိုင်၏ ရိုးသားမှုများသို့ သီချင်းလေး။ တကယ်ပဲ ထိုအတိုင်းလားမသိတော့ပါ။ ခံစားမှုများ၊ အသိဥာဏ်ပညာများကို ဖတ်ရှုသိမ်းဆည်းထားသော သူငယ်ချင်းကတော့ ပိုးပေါက်ရာဗရပွနှင့် ဘ၀ကို လက်လျော့သွားလေပြီ။

အပြင်မှာ မိုးတွေတစိမ့်စိမ့်ရွာနေတုန်း ကျွန်တော်က စာအုပ်ဟောင်းလေးတွေကို ပုံးလေးထဲ စီထည့်နေပါသည်။ ခဏတာလေးပဲဖြစ်ဖြစ် သပ်ရပ်သွားနေချင်သောစိတ်ကြောင့် ကျွန်တော် စာအုပ်ဟောင်းလေးတွေကို စက္ကူပုံးလေးထဲ စီစီရီရီထည့်နေခြင်းသာ ဖြစ်ပါသည်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com12tag:blogger.com,1999:blog-643544211052161165.post-49848213828886086812010-05-19T06:42:00.000-07:002010-05-19T06:47:15.124-07:00မှင်စာသေးသေးလေး
မှင်စာလေး .. ပြုံးပြုံးပါပဲ ..
သူက လူ့သဘာဝကို အကုန်နားမလည်ဘူး သူနားမလည်တဲ့အတွက်ကြောင့်များ သူပြုံးနိုင်တယ်လားမသိ
စာလိပ်လေးပေါ်မှီရင်း မုန့်လေးစား
သူတတ်တာ ဒါပဲ ...little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com17tag:blogger.com,1999:blog-643544211052161165.post-88669440343747444012010-05-13T13:02:00.000-07:002010-05-13T13:27:52.558-07:00စက္ကူလှေ
ပုံက မသပ်မရပ်နဲ့ဗျာ ..း) ခေါင်းထဲက စာမထွက်တော့ ပုံလေးကြည့်ပေါ့ဗျာ .. ဘာကောင်လေးလဲတော့မမေးနဲ့ ဘာကောင်လေးမှန်း ဆွဲထားတဲ့သူလည်း မသိဘူး
ပထမတော့ ပင့်ကူလေးလို၊ ပုရွက်ဆိတ်လေးလို ဆွဲဖို့ပဲ နောက်ထပ်ခြေချောင်းထပ်မထည့်ချင်လို့ .. ဒီလိုပုံလေးတွေဆွဲနေရရင် အပြစ်ကင်းကင်းပျော်ရွှင်နေတယ်လို့ ခံစားရတယ်ခင်ဗျ ..little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com13tag:blogger.com,1999:blog-643544211052161165.post-27243588323595574232010-05-09T05:33:00.000-07:002010-05-09T06:49:28.628-07:00သစ်ပင်နဲ့အတူတွေးခြင်းသစ်ပင်များနှင့် ကျွန်တော့်အဆက်အစပ်ကို စဉ်းစားကြည့်တော့ ယခု ကျွန်တော် သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခြင်းကို သတိရသည်။ ဖုထစ်နေသော အပွေးအခေါက်များက သူ့သက်တမ်းကိုပင် ဖော်ပြနေသလား ကျွန်တော်မသိပါ။ နေပြောက်မထိုးအောင် သိပ်သည်းလှသောအရိပ်အောက် ကျွန်တော်အေးအေးလူလူပင် ထိုင်နေရင်း စိတ်အေးလက်အေး တွေးနေမိသည်။ နက်မှောင်ပြာလဲ့သော အတောင်ကိုဖြန့်လျက် ငုံ့ကြည့်နေသောကိုရွှေကျီး ၊ တစ်ချက်လောက်သာပါလားဟုလည်း တောင့်တမိသည်။ အရိပ်အောက်ခိုရင်း အပြင်ဘက်ကောင်းကင်ကိုမော့ကြည့်တော့ တိမ်ဖြူဖြူလေးတစ်စက အရွက်အုပ်ကြား မလွတ်မကင်းငြိစွန်းရင်း၊ ကျွန်တော်ကြည့်မိတော့ ရှက်သွေးဖြာပြီး ညင်ညင်သာသာပင် ထွက်သွားသည်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည်ဆိုသောစကားပုံအတိုင်း ကျွန်တော့်တွင် သစ်ပင်နှင့်တူသော မိန်းမနှစ်ဦးရှိသည်။ ငှက်တစ်သောင်းနှင့်တူသော အမျိုးအဆွေများ၏ မှီခိုရာပင်ဖြစ်မည်ထင်ပါသည်။ ကြီးကြီးနှင့် မေမေ .. ကျွန်တော်လွမ်းမိသည်ကော။ ကြီးကြီးတို့ ၊ မေမေတို့က ယခုကျွန်တော်ခိုဝင်နေသော သစ်ပင်ကြီးဖြစ်ခဲ့လျှင် ကျွန်တော်က ထိုသစ်ပင်ပေါ်မှ ကျီးကန်းလေးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။
ကျွန်တော့်ဘာသာစကားမှ မေမေတို့ နားညည်းခဲ့ပါသလား။ တစ်စုံတစ်ရာမျှော်လင့်ခဲ့ပါသလား ကျွန်တော်ဆက်တွေးမိသည်။ကျွန်တော့်ဘာသာစကားကို နားမလည်သည့်တိုင် နားထောင်ပေးတတ်သောမမသည်လည်း ကျွန်တော်နားခိုရာ သစ်ပင်ဖြစ်ပါလိမ့်မည်။

ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားတတ်ဖို့ ကျွန်တော်သစ်ပင်များကို ချစ်တတ်ဖို့လိုပါသည်။
လွန်ခဲ့သော ရက်များဆီက ကျွန်တော် ကျွန်တော့်ဆရာအိမ်သို့သွားခဲ့သည်။ ဆရာက သစ်ပင်များကိုရေလောင်းနေရင်း သူနယ်သို့ တာဝန်ဖြင့်ပြောင်းရွေ့ရတော့မည့်အကြောင်း ပြောပြနေခဲ့သည်။
ဤနေရာသည် ဆရာရောက်မလာခင်က ကွင်းခေါင်ခေါင်၊ ယခု အရိပ်ရပင်များစည်ဝေသိုက်ဝန်းစွာဖြင့် ရှိနေပြီ။
ထို့ပြင် ဆရာရေလောင်းနေသော သစ်ပင်လေး၏ အနာဂတ်ဘ၀တွင် ဆရာပါဝင်နိုင်တော့မည်မဟုတ်ပါ။ သို့သော် ဆရာကား ရေလောင်းမြဲလောင်းလျက်။ ချစ်ခြင်းမေတ္တာအကြောင်းကို နားလည်ခံစားတတ်ဖို့ ကျွန်တော် သစ်ပင်များကိုချစ်တတ်ဖို့ လိုအပ်ပါသည်။

လေတိုးတိုက်သဖြင့်လှုပ်ရုံလေးလှုပ်ရှားသွားသော အရွက်များက အချင်းချင်းတီးတိုးဆိုလေသည်လား။ ကျွန်တော်နားစိုက်ထောင်မိသည်။ အကြီးဆုံးဆိုသောသစ်ပင်များမှစ၍ အနိမ့်ဆုံးပေါင်းပင်လေးထိ မြေကမ္ဘာမှ သူတို့ရယူခဲ့သလောက်ကို သူတို့ပြန်ပေးသွားကြသည် တဲ့။ လေအတိုးတွင် ၀ဲလည်၍ကျလာသော အရာလေးက ကျွန်တော့်ပေါင်ပေါ်မှာ။ ခရေပွင့်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်။ ခရေပင်ပေါ်မှ ကျီးကန်းလေးက မျက်လုံးလေးဝိုင်းက လည်ပြန်ကြည့်ရင်း ဟိုခုန်၊ဒီခုန်။ ကျွန်တော် အတွေးစများကို ရုတ်သိမ်းကာ အရိပ်ထဲမှထွက်လိုက်တော့ နေကကျဲကျဲတောက်ပူသည်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com14tag:blogger.com,1999:blog-643544211052161165.post-77038211023792407812010-05-02T07:24:00.000-07:002010-05-02T11:03:24.652-07:00တက်စာဘယ်အချိန်ကတည်းက ထိုအက္ခရာများနှင့် ကျွန်တော်ရင်းနှီးခဲ့ပါသလဲ။ ယခုကဲ့သို့ အက္ခရာများမှ ဖွင့်ဆိုနိုင်သောအရာများအကြောင်းကိုကော ကျွန်တော်တွေးဖူးပါသလား။ ထိုအက္ခရာများနှင့် စတင်တွေ့ဆုံကာ
မေမေသင်ပေးသမျှ ရွတ်ဆိုခဲ့စဉ်က မေမေပြုံးနေပါလိမ့်မည်။ မေမေရေ .. ဒါက အေ၊ မေမေရေ ဒါက ဘီ။
သူများရေးထားတာလေးတွေဖတ်ရစဉ်က သဘောကျသလောက် ခုကျွန်တော် ထိုအရာများအကြောင်းရေးရမည်ဆိုတော့ ခေါင်းခြောက်သည်။ ဘာရေးရမည်လဲ။ ဘ၀တစ်လျှောက်လုံးစွဲလာတာကို သင်္ကေတပြုပြရမှာလား။ အချိန်ကာလတစ်ခုအတွက်လား။ ထိုအထဲမှာ ရှေ့ကာလတွေမှာပါ စွဲမြဲထင်မြင်နေတဲ့အိပ်မက်တွေကော ထည့်သွင်းလို့ရမရ .. ကျွန်တော့်ကို ပြောမပြသွားပါ။

A- art, artist

B- book,Brother

C- Communism and Capitalism, Chaos

D- Dog, Dust in the wind (Scorpion)

E- English, Existentialism, Ego,Ethic

F- freedom, friends

G- Government

H- hide

I- I

J- jealous

K- Kindness

L-love,life,law

M- money,Mum,

N- no, nope, not,

O- ordinary

P- :P, please,

Q- Question

R- Religion,Return to Innocence( Enigma)

S- Sorry..........

T- Think

U- U turn, Utopia

V- Victory

W- Window, Wind, Gone with the Wind, Worry, without, withdraw

X-

Y- Yangoon

Z- zer0

ကဲ ချက်ချင်းတွေးမိသမျှ ထွက်လာတဲ့ စကားလုံးတွေ မောင်ရင်ညိုကျေနပ်မယ်ထင်တယ်ကွာ .. မြန်မာအက္ခရာတွေကို ဘာကြောင့်မတဂ်ကြတာလည်း ခုရေးရင်းတွေးမိတယ် .. ကကြီး - ကချင်မချောချောလေး၊ ခ- ခိုနှစ်ကောင်နဲ့သောင်ပြင် (ကဗျာ)၊ ဂ- ကြက်ရိုးနဲ့ ဂွေးတောက်ရွက် ဟင်းချို၊ ဃ- ဒါရိုက်တာ ဃကြီး၊ င- ငါတရားစီရင်တော်မူခန်း (ထူးအိမ်သင်သီချင်း)၊ စ- စည်းကမ်းရှိပါ .. ကဲအဲ့လိုလေးဆို မကောင်းဘူးလား ဆ- ဆင်ပြောင်ကြီး အမြီးကျမှတစ်၊ ဇ- ဗလမရှိလည်း ဇတော့ရှိတယ်ကွ .. :)

little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com18tag:blogger.com,1999:blog-643544211052161165.post-5998385466147044532010-04-27T08:20:00.000-07:002010-04-27T09:23:51.129-07:00အကောင်းမြင်သမားနေအပူချိန် ဒီကရီမည်မျှ ရှိသည်လဲမမှန်းဆတတ်ပါ။ သဲပြင်ပေါ်ထားလည်း ပူနေသောကြောင့် ခြေထောက်များကို သဲထဲထိုးနစ်လိုက်သည်။ သဲပွင့်တို့ကလည်း စိုစွတ်မနေပါ။ ပူပြင်းလှသောနေရှိန်နှင့်
ခြောက်သွေ့နေသည်။ သဲပွင့်တို့သည် အစိုဓါတ်ကုန်သောကြောင့် တစ်ချပ်ချင်း ဖွာလန်ကြဲလျက်။
ဘ၀ဆိုတာကော ဒီလိုပဲ နေမှာလား ။ ခု ငါ့ဘ၀က ဒီသဲတွေလိုပဲလားလို့ သူတွေးနေမိသည်။

စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ လတစ်လပဲ ... သူအသံထွက်ပင် ရေရွတ်ပစ်သည်။ ဒီဇိုင်းများထုတ်ရလွန်းသဖြင့်
သူ့ဦးနှောက်တွင် ခြောက်သွေ့ကာ အသစ်အဆန်းမရှိတော့။ သူ ဖန်တီးထားသောအရာများက ထပ်တလဲလဲဖြစ်လာနေပြီ။ အလေအလွင့်ဆန်သောသူ့အနားမှချစ်သူကလည်း လေတိုက်သောဒဏ်မခံနိုင်၍ လွင့်သွားလေပြီ။ သူ့ဘ၀ရှေ့ရေးကိုတွေးမိလျှင် သူ့အာရုံထဲ နှင်းပိတ်ဖုံးနေသော အမှောင်တိုက်ထဲက ရထားသံလမ်းရေးရေးကို မြင်မြင်လာသည်။ ရှေ့မှာဘာရှိမယ်ဆိုတာ သူမသိ။

သူ့လက်ထဲပိုင်တာ သူပြန်တွေးကြည့်နေသည်။ ခုသူပိုင်တာ သူ့လက်ထဲက ဘီယာဘူးသာဖြစ်မည်။ ပြီးတော့ မလှမ်းမကမ်းမှာ ဖွင့်ချထားသော စာအုပ်။ စာအုပ်တွေဖတ်ရတာလည်း ပျော်ရွှင်ဖွယ်မကောင်းလှပါ။ ဒီကမ္ဘာပေါ်တွင် စိတ်အညစ်ဆုံးလူသားများမှာ ကဗျာဆရာများ၊ အထူးသဖြင့် ပို့စ်မော်ဒန်ကဗျာဆရာများသာ ဖြစ်မည်ထင်ပါသည်။ စိတ်ချမ်းသာအောင် တစ်စက်ကလေးမှမရေးတတ်သော ကဗျာဆရာများသည် ပို့စ်မော်ဒန်သမားများသာဖြစ်မည်။

ပင်လယ်ကို ကျိန်းစပ်နေအောင် နေရောင်က တဖြန်းဖြန်းရိုက်သည်။ ငွေရောင်အနာဖေးတက်လာသည်အထိ ပင်လယ်က တဖျတ်ဖျတ်လူးလှိမ့်လို့။ ချစ်သူကို သောက်ကောင်မလို့ ပျစ်ပျစ်နှစ်နှစ်ဆဲသည်။ အလုပ်ကို မုန်းတီးသည်။ ညစ်ညူးဖွယ် ညည်းညူနေတဲ့ ကဗျာဆရာကို ကျိန်ဆဲသည်။
သောင်ပြင်မှာ လွတ်ထားတဲ့ခွေးဆိုသည့် ဥပမာကို ပထမဆုံးအကြိမ် သူသဘောပေါက်နားလည်ခြင်း။

တိမ်တစ်စမှမရှိသောကောင်းကင် လေးတွဲ့တွဲ့မှာ သူပထမဆုံးကြားလိုက်ရသောအသံကို သဘောမပေါက်သဖြင့် သူထကြည့်မိသည်။ တံငါလှေတစ်စင်းပိုက်ဆွဲနေခြင်းဖြစ်သည်။ မိန်းမ၊ယောက်ျား ငါးယောက်၊ ခြောက်ယောက်ခန့်က ပင်လယ်ထဲပိုက်ချရာမှ အော်ဟစ်ပြောဆိုနေသံများဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် ဇာတ်ဝင်ခန်းထဲ တအိအိဝင်လာသော တိမ်တစ်အုပ်လိုပင်။

ပိုက်ကို ချပီး ကမ်းခြေဘက်ကို တဖြည်းဖြည်းဝိုင်းပတ်လာနေသည်ကို သူထိုင်ငေးနေမိသည်။ သည်လိုမြင်ကွင်းမျိုးကို ဘီယာနဲ့ မြည်းဖို့သင့်မသင့် သူတွေးရင်း လှောင်ပြုံးပင်ပြုံးလိုက်မိသေးသည်။ လှေပေါ်မှ ခေါင်းဆောင်ဖြစ်သူက အချက်ပေးလိုက်သည်နှုင့် ပိုက်အစနှစ်ဘက်ကို ကျန်သူများက ၀ိုင်းဆွဲကြသည်။ ပိုက်ကြိုးကိုဆွဲနေသောမိန်းမတို့သည် ပင်လယ်ထဲ ဆင်းသွားလိုက်။ ကြိုးစကိုကိုင်ကာ ကမ်းခြေသဲသောင်ပေါ်ထိ တက်လာလိုက်။ အကြိမ်ကြိမ် အခါခါ။ သူမတို့ဝတ်ထားသော အ၀တ်အထည်တို့သည် နေဒဏ်လေဒဏ်ကြောင့် အရောင်ပင်မရှိတော့။ ထမိန်ရေစိုအောက်တွင် သူမတို့၏ ပေါင်တံများက ထင်းထင်းလင်းလင်း။ ပိုက်ကြိုးကိုဆွဲလိုက်တိုင်း ကြွက်သားများ၏ ရုန်းကန်မှုကို သူသတိထားမိသည်။ သူတို့ မျက်နှာဝယ် ချွေးအလိမ်းလိမ်း သို့သော် ဘ၀သည် သူတို့၏ မျက်နှာပေါ်မှ ပြေးထွက်မသွား။ သူ စာရေးဆရာ ဂျက်လန်ဒန်ကို သတိရသည်။ ချက်ချင်းခုန်ထလိုက်ပီး သူတို့ဆီပြေးသွားလိုက်သည်။

သူ သူတို့ကိုကျော်ကာ ပင်လယ်ထဲထိဆင်း၍ ထိပ်ဆုံးက ပိုက်အစကို ဆွဲကာရုန်းလိုက်သည်။ သူတို့က သူ့ကိုပြုံးပြကြသည်။ လှိုင်းတစ်လုံးက သူ့ဆီပြေးဝင်လာချိန် သူအော်လိုက်မိသည်။ အားလုံးက ရီရီမောမော။
ပင်လယ်ရေကပဲ အေးစေတာလား၊ သူတို့တွေကပဲ သူ့ကိုအေးစေသလားမသိ။ ပျော်ရွှင်ခြင်းများအလုံးအရင်းနှင့် ၀င်ဆောင့်သဖြင့် သူတဟားဟားသာ ရီနေမိသည်။ မိုးတိမ်ပြာပြာ၊ ပင်လယ်လေအေးအေးတွင် သူ့စိတ်တို့ ကြည်စင်ပြာလွင်။

နေလုံးဝင်သွားချိန် အင်္ကျီရေစိုကို ပခုံးပေါ်တင်ရင်း သူ ကမ်းခြေကိုဖြတ်လျှောက်ကာ ပြန်လာသည်။ ကမ်းခြေတွင် တင်ကျန်နေသောခရုခွံလေးများကို ခြေဦးနှင့်ထိုးဆော့ရင်း မနက်ဖြန်အတွက် သူ့သွေးတို့ ရဲရဲနီကာ ဆတ်ဆတ်ခုန်နေကြောင်းတွေးမိသောအခါ သူကျေကျေနပ်နပ်ပင် ပြုံးမိလေသည်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com15tag:blogger.com,1999:blog-643544211052161165.post-46624408689250457602010-04-19T22:32:00.000-07:002010-04-19T23:17:06.949-07:00နှုတ်ဆက်တယ်ဘလော့ဂ်ဆိုတာ ကျွန်တော် စာရေးကျင့်တဲ့နေရာလေး၊ တစ်ခါတစ်လေ ကျွန်တော့် ဒိုင်ယာရီ၊
ဒီနေရာကနေ ကျွန်တော်နာကျင်တာ၊ ပျော်ရွှင်တာ၊ တွေးမိတာတွေကို လွင့်ထုတ်ခဲ့တယ်။
ဒီနေရာကနေ ကျွန်တော် သူငယ်ချင်းတွေ ရခဲ့တယ်။ ခုဗျာ အကြောင်းမသင့်လို့ပဲ ဆိုရမယ်
အားလုံးကို နှုတ်ဆက်တယ်ဗျာ .. နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ ။ အလုပ်နဲ့ ကျောင်းနဲ့မအားတော့တဲ့အတွက်
ကျွန်တော် ဘလော့ဂ်ဆက်မလုပ်နိုင်တော့ဘူး။ အားတဲ့အချိန်လေးတော့ လိုက်လည်မယ်ဗျာ ...။
ပို့စ်တောင် တစ်ရာမပြည့်လိုက်တဲ့ ဘလော့ဂ်လေး တစ်ရက်ရက်တော့ ပြန်လာဖြည့်ပါ့မယ်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com12tag:blogger.com,1999:blog-643544211052161165.post-45739024390981980962010-04-11T10:27:00.000-07:002010-04-11T10:31:12.120-07:00ဆာရာဂျေဗိုမြို့မှ တယောဆရာစန္ဒရားဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တော်မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တယောပွဲတော်မှာ တယောဆရာ ယူဂျင်းဖရီစင်းနဲ့အတူ တွဲဖက်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံရပါတယ်။ နှစ်နှစ် တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ အဲဒီတယောပွဲတော်ကို ကမ္ဘာတစ်လွားက တယောအကျော်အမော်တွေအပြင် ဟိတ်ဟန်ရယ်လို့မရှိတဲ့ ရိုးရိုးရှင်းရှင်း တူရိယာလေးအတွက် ဘ၀ကိုမြုပ်နှံထားကြတဲ့ တယောပြုလုပ်သူတွေ၊ တယောစုဆောင်းသူတွေနဲ့ သမိုင်းသုတေသီတွေလည်း တက်ရောက်ကြတယ်။ သူတို့တွေဟာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အဆင့်မြင့်သင်တန်းတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ တေးဂီတအစီအစဉ်တွေ၊ ပါတီပွဲတွေနဲ့ ရက်သတ္တပတ်လုံးလုံး စုရုံးစုရုံး ဖြစ်နေခဲ့ကြလေရဲ့။ ညနေခင်းတိုင်းမှာလည်း
ခြောက်ရာထက်မနည်းတဲ့ ပွဲတော်လာသူတွေဟာ တေးဂီတ ဖျော်ဖြေပွဲမှာ စုဝေးလေ့ရှိကြတယ်။

မြောက်ပိုင်း တော်ဝင်ဂီတကောလိပ်မှာ ကျင်းပတဲ့ ပွဲဦးထွက်ည ဖျော်ဖြေတင်ဆင်မှုမှာ တစ်ကိုယ်တော် တယောလက်စွမ်းပြ အစီအစဉ်ပါဝင်လေ့ရှိတယ်။ ခန်းမကြီးရဲ့ စင်မြင့်ပေါ်မှာ အထီးတည်းတည်ရှိနေတာက ကုလားထိုင်လေးတစ်လုံးရယ်ပါ။ အဲဒီ စင်မြင့်ပေါ်မှာ စန္ဒယားလည်းမရှိဘူး။ ဂီတသင်္ကေတစာအုပ်တင်စင်လည်း မရှိဘူး။ တီးဝိုင်းအချက်ပြ ခေါင်းဆောင်အတွက် ခုံမြင့်လည်းမရှိဘူး။ ဒါဟာတစ်ကိုယ်တော် တယောလက်သံသီးသီးသန့်သန့်လေးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး အပြင်အဆင်နဲ့ အနေအထားပါ။ ပတ်ဝန်းကျင် လေထုထဲမှာတော့ မျှော်လင့်စောင့်စားမှုတွေ၊ စိတ်အာရုံစူးစိုက်မှုတွေနဲ့ သိပ်သည်းကျစ်လစ်လို့နေရဲ့။

၁၉၉၄ ခု ဧပြီညက ဖျော်ဖြေတင်ဆက်သူတွေထဲမှာ ကမ္ဘာ့တယောအကျော်အမော် ယိုကိုမာလည်း တစ်ယောက်အပါအ၀င်ပေါ့။ သူတီးခတ်ဖျော်ဖြေမယ့် တေးဂီတအဖွဲ့အနွဲ့နောက်ကွယ်မှာ သက်ရှိပုံပြင်လေးတစ်ပုဒ် ကိန်းဝပ်လို့နေလေရဲ့။

၁၉၉၂ခု မေလ ၂၇ရက်။ ဘော့စနီးယားနိုင်ငံ ဆာရာဂျေဗိုမြို့။ ဂျုံမှုန့်လက်ကျန်ရှိနေသေးတဲ့ အနည်းငယ်မျှသောမုန့်ဖိုတွေက တစ်ခုသော မုန့်ဖိုဟာ ပေါင်မုန့်တွေဖုတ်လုပ်ပြီး စစ်ဒဏ်ကြောင့် ချွတ်ခြုံကျပြီး ငတ်မွတ်ဆာလောင်နေတဲ့ ဒုက္ခသည်တွေကို ပေးဝေနေဆဲ။ ညခင်း လေးနာရီမှာ လမ်းမပေါ်က လူတန်းကြီးရှည်သည်ထက် ရှည်လျားလာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မော်တာအမြောက်ဆန်တစ်ခုဟာ လူတန်းကြီးရဲ့ အလည်ကောင်တည့်တည့်ကို ၀ုန်းကနဲကျရောက် ပေါက်ကွဲသွားလိုက်တာ အပြစ်မဲ့ပြည်သူ နှစ်ဆယ့်နှစ်ယောက်ဟာ ပွဲချင်းပြီးသေဆုံးသွားလေရဲ့။ အသားစတွေ၊ သွေးစက်တွေ၊ အရိုးစတွေနဲ့ အုတ်ကျိုးအုတ်ပဲ့တွေဟာ အရပ်ရှစ်မျက်နှာကို လွင့်စဉ်ပြန့်ကျဲသွားကြတယ်။

အခင်းဖြစ်ပွားရာနဲ့ သိပ်အလှမ်းမဝေးလှတဲ့ တစ်နေရာမှာ "ဗီဒရန် ဆပေလိုဗစ်" ဆိုတဲ့ ဂီတသမားတစ်ယောက်နေထိုင်တယ်။ စစ်ပွဲကြီးမဖြစ်ပွားခင်တုန်းက သူဟာ ဆာရာဂျေဗိုအော်ပရာ အဖွဲ့မှာ ချယ်လိုတယောထိုးတဲ့ တယောဆရာတစ်ယောက်ပါ။ အဲ့ဒီအသက်မွေးဝမ်းကျောင်းအလုပ်နဲ့ အောင်မြင်ခဲ့တဲ့သူဟာ စစ်ပွဲကြီးပြီးဆုံးလို့ အလုပ်ခွင်ပြန်ဝင်နိုင်မယ့်နေ့ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေလေရဲ့။ ဒါပေမယ့်လည်း သူ့အခန်းပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးသွားတဲ့ မြင်ကွင်းကြီးဟာ သူ့ကို အတိတ်ကာလဆီ ပြန်လည်တွန်းပို့လိုက်ပြီး စွမ်းဆောင်ရည်တွေကို ပြန်လည်စုစည်းစေပါတော့တယ်။ ဆဗေလိုဗစ်ဟာ ရှေ့ဆက်ပြီး သည်းခံစောင့်ဆိုင်းမနေနိုင်တော့ဘူး။ စိတ်ထိခိုက်နာကျင်စွာနဲ့ သူအကောင်းဆုံးလုပ်ကိုင်နိုင်ခဲ့တဲ့ အလုပ်ကို ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂီတကို ဖန်တီးမယ်၊ ပြည်သူ့အတွက် ဂီတ။ ရဲဝံ့စိန်ခေါ်တဲ့ ဂီတ။ စစ်မြေပြင်က ဂီတ။

ဆပေလိုဗစ်ဟာ နှစ်ဆယ့်နှစ်ရက်လုံးလုံး ညနေခင်း လေးချက်တီးချိန်ရောက်တိုင်း ၀တ်စုံပြည့်ဝတ်ဆင်ပြီး တယောကြီးကို ကိုင်စွဲလို့ သူနေထိုင်ရာတိုက်ခန်းအပြင်ဘက်က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ့်လမ်းမပေါ်ကို ထွက်လာခဲ့တယ်။ မော်တာအမြောက်ဆန် ကျရောက်ပေါက်ကွဲခဲ့ရာ ကျင်းပေါက်ကြီးနားမှာ ပလတ်စတစ်ကုလားထိုင်လေးကို ချထိုင်ပြီး ကွယ်လွန်သူ ဂီတပညာရှင်ကြီး အယ်လ်တီနိုနီရဲ့ Adagio in G minor တေးသွားတွေကို တီးခတ်နေလိုက်တယ်။ ဒီတေးသွားစုတွေဟာ မေ့ပျောက်ဖို့မဖြစ်နိုင်စွာနဲ့ ကြေကွဲဖွယ်အကောင်းဆုံး ဂန္တ၀င်မြောက်တေးသွားစုတွေထဲမှာ တစ်စုအပါအ၀င်ပါ။ ဆပေလိုဗစ်ဟာ လူသူကင်းမဲ့နေတဲ့လမ်းတွေ၊ လောင်မီးကျနေတဲ့ ထရပ်ကားတွေ၊ လောင်မီးကျနေတဲ့ အဆောက်အအုံတွေနဲ့ ကျည်ဆန်တွေ တရွှီရွီပျံဝဲပြီး ဗုံးဆံတွေ တ၀ုန်းဝုန်းပေါက်ကွဲနေချိန် မြေအောက်ခန်းထဲမှာ ထိတ်လန့်ကြောက်ရွံ့စွာ ပုန်းအောင်းနေသူတွေကို ရည်ညျွှန်းပြီး သူ့တယောကို ထိုးခဲ့တာပါ။ အနီးအနားပတ်ဝန်းကျင်မှာ အဆောက်အအုံတွေ တ၀ုန်းဝုန်းပြိုကျနေချိန်မှာ သူဟာလူသားဂုဏ်သိက္ခာအတွက် စစ်ပွဲမှာသေကြေ ပျက်ဆီးပျောက်ဆုံးသူတွေအတွက် ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားအတွက် စိတ်ကူးထဲမှာတောင် ပုံဖော်လို့မရနိုင်တဲ့ ရဲစွမ်းသတ္တိတွေနဲ့ ရပ်တည်ခဲ့လေရဲ့။ အမြောက်ဆံတွေအဆက်မပြတ် ကျရောက်ပေါက်ကွဲနေပေမယ့်လည်း ဆပေလိုဗစ်တစ်ယောက် ထိခိုက်ဒဏ်ရာရခြင်း လုံးဝမရှိခဲ့ပါဘူး။

သတင်းစာတွေက အဲ့ဒိမဟာဂရုဏာရှင်ကြီး အကြောင်းကို အုတ်အော်သောင်းနင်းဖော်ပြလိုက်တော့ အင်္ဂလိပ်ဂီတစာဆိုကြီး ဒေးဗစ်ဝိုင်းလ် က စိတ်ထိခိုက်လှုပ်ရှားသွားတယ်။ သူလည်း တေးဂီတတစ်ပုဒ် ဖွဲ့နွဲ့သီကုံးဖို့ ဆုံးဖြတ်လိုက်တယ်။ သူရေးဖွဲ့သီကုံးလိုက်တဲ့ တစ်ကိုယ်တော်လက်စွမ်းပြတေးသွားရဲ့ ခေါင်းစဉ်က ( ဆာရာဂျေဗိုမြို့က တယောဆရာ) ပါ။ သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေဖြစ်တဲ့ အမျက်ဒေါသသံတွေ စိမ့်ဝင်နေတဲ့ ဒီတေးသွားစုကို ဗီဒရန် ဆပေလိုဗစ်အပေါ် ညီရင်းအကိုလိုချစ်ခင်စိတ်နဲ့ ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီညနေခင်းမှာ ( ဆာရာဂျေဗိုမြို့က တယောဆရာ) တေးသွားစုနဲ့ ဖျော်ဖြေတင်ဆက်မယ့်သူက ယိုကိုမာဖြစ်ပါတယ်။

စင်မြင့်ပေါ်ကိုတက်လာတဲ့ ယိုကိုမာဟာ ပိရိသတ်ဘက်ကို ဦးညွတ်လိုက်ပြီး ကုလားထိုင်ပေါ်ကို အသာအယာထိုင်ချလိုက်တယ်။ တေးဂီတ စတင်ပါပြီ။ တိတ်ငြိမ်နေတယ့် ခန်းမထဲက တိတ်တဆိတ်ထွက်သွားပြီး တရစ်ဝဲ၀ဲ အနိဌာရုံတွေနဲ့ အရိပ်ဆန်ဆန် စကြာဝဠာကြီးကို ဖန်ဆင်းလိုက်တယ်။ ဂီတသံတွေဟာ တဖြည်းဖြည်းနဲ့ ဝေဒနာပြင်းပြစွာ ခံစားရမှုကြောင့် အော်ဟစ်နေတဲ့ စူးရှကျယ်လောင်သံတွေဖြစ်လာခဲ့တယ်။ အမျက်ဒေါသနဲ့ ခုတ်ပိုင်းလှီးဖြတ်သံတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့တတွေကို ဆုပ်ကိုင်ဆွဲယူပြီး ခလောက်သံတွေ မြည်ဟည်းပဲ့တင်နေတဲ့ သေခြင်းတရားလှိုဏ်ခေါင်းဆီ ဆွဲခေါ်သွားလေရဲ့။ တရွေ့ရွေ့နဲ့ အဆုံးပိုင်းကိုရောက်ရှိလာပြီး လုံးဝတိတ်ဆိတ်ငြိမ်သက်ခြင်း။

နောက်ဆုံးတေးသွားကို အပြီးသတ်တီးခတ်ပြီးချိန်မှာ ယိုကိုမာဟာ သူ့ခန္ဓာကိုယ်ကို တယောပေါ် အုပ်မိုးကွေးညွှတ်ထားလိုက်ပါတယ်။ သူ့လက်ထဲက တယောကို ထိုးသံကတော့ ကြိုးတွေပေါ်မှာမှေးတင်လို့ ပိရိသတ်တွေက တုပ်တုပ်မှမလှုပ်ကြဘူး။ အတော်လေးကြာတဲ့အထိ ဘာသံမှမပြုကြဘူး။ ကျွန်တော်တို့တတွေဟာ နှလုံးသွေးပျက်ဖွယ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသူတွေလို ဖြစ်နေကြပါတယ်။

ခဏနေတော့ ယိုကိုမာဟာ ပိရိသတ်ကို ဝေ့ကြည့်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပါတယ်။ ပွဲကြည့်သူတွေထဲမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်ကို ခေါင်းဆတ်အချက်ပြလိုက်ပြီး စင်မြင့်ပေါ်ကို ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူဘယ်သူလဲဆိုတာကို သိလိုက်တဲ့ ကျွန်တော်တို့တတွေဟာ လျှပ်စစ်ဓါတ်လိုက်သူတွေလို ဖြစ်သွားကြပါတယ်။ ဘယ်သူရှိရဦးမှာလဲ၊ ဗီဒရန်ဆပေလိုဗစ်ပဲပေါ့။ ဆာရာဂျေဗိုမြို့က တယောဆရာလေ။

ယိုကိုမာက သူနဲ့ဆုံတွေ့ဖို့ စင်မြင့်ပေါ်ကဆင်းလာစဉ်မှာ ဆပေလိုဗစ်ဟာ ထိုင်ခုံပေါ်က ထရပ်လိုက်ပြီး ခုံတန်းတွေကြားက လူသွားလမ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့တယ်။ သူတို့နှစ်ယောက်ဟာ လက်မောင်းတွေကို တစ်ယောက်ကျောပေါ်တစ်ယောက် ဖိကပ်လိုက်ပြီး အားရပါးရပွေ့ဖက်လိုက်ကြတယ်။ ခန်းမကြီးထဲက ပိရိသတ်ကြီးရဲ့ ပြင်းထန်လှတဲ့ စိတ်လှုပ်ရှားမှုတွေဟာ လက်ခုပ်သံတွေ အော်ဟစ်သံတွေ ကောင်းချီးပေးသံတွေအဖြစ်နဲ့ ပွင့်အံထွက်လာပါတော့တယ်။

အဲ့ဒီလူတွေထဲက လူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး မရှက်နိုင်စွာနဲ့ ငိုကြွေးနေကြလေရဲ့။ လူပုံအလယ်မှာ ပွဲလည်တင့်ခဲ့တဲ့ တော်ဝင်ဆန်သူ ယိုကိုမာဟာ ဂန္တ၀င်ဂီတလောကမှာ မင်းသားတစ်ပါးပါ။ ဗီဒရန်ဆပေလိုဗစ်ကတော့ ဟောင်းနွမ်းမွဲခြောက်နေပြီဖြစ်တဲ့ မော်တော်ဆိုင်ကယ်စီး သားရည်ဝတ်စုံကြီးကို ၀တ်ဆင်ထားလေတယ်။ ငြင်းသိုးသိုးဆံရှည်တွေနဲ့ မျက်နှာတစ်ထောက်ရှည်လျားတဲ့ နှုတ်ခမ်းမွေးထူထူကြီးကြောင့် လက်ရှိအသက်အရွယ်ထက်ပိုပြီး ရင့်ရော်နေသလိုလို၊ မျက်ရည်တွေစိုစွတ်နေတဲ့ သူ့မျက်နှာပေါ်မှာ သောကရိပ်တွေကြောင့် အရေးအကြောင်းတွေလည်း ထင်နေလေရဲ့။

နက်ရှိုင်းစွာလူသားဆန်မှုနဲ့ ပတ်သက်ပြီး အေးတိအေးစက်ဖြစ်နေခဲ့တဲ့ ကျွန်တော်တို့တတွေဟာ အဲ့ဒီလူနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခြင်းခံလိုက်ရတဲ့အခါမှာ ချေချွတ်ခြင်းခံလိုက်ရပါတယ်။ သူဟာ အမြောက်ဗုံးဆန်တွေ အပျက်အဆီးပုံတွေနဲ့ သေခြင်းတရားကို မျက်နှာခြင်းဆိုင် အံတုပြီး တယောထိုးခဲ့သူပါ။ ဒါဟာ အမျိုးသမီးအာဇာနည် ဂျုန်းရဲ့ လက်ကိုင် ဓါးလွတ်ကြီးလိုပါပဲ။ လက်နက်တွေထဲမှာ အစွမ်းအထက်ဆုံးပါ။ နောက်တစ်ပတ်အကြာမှာ ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာခဲ့တယ်။ တစ်ညနေခင်းမှာ ခိုကိုးရာမဲ့သူများဂေဟာမှာ စန္ဒရားသွားတီးပေးရတယ်။ ကျွန်တော်ကိုယ်တိုင်သွားရောက်ခဲ့တဲ့ပွဲတော်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ဒီဖျော်ဖြေမှုလေးကို နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အခြေခံကျတဲ့ တူညီမှုကိုတော့ ကျွန်တော်ခံစားလို့ရနေပါတယ်။ ဆာရာေ၈ျဗိုမြို့က တယောဆရာဟာ သေခြင်းတရားနဲ့ မျှော်လင့်ချက်ေ၀၀ါးမှုကို သူ့တယောအားကိုးနဲ့ ဘက်ပြိုင်အံတုခဲ့ပါတယ်။ မေတ္တာတရားနဲ့ ရှင်သန်ခြင်းရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ခဲ့ပါတယ်။ ကျွန်တော်တို့တတွေဟာ စန္ဒရားအိုလေးနဲ့ တွဲဖက်ပြီး သံပြိုင်သီချင်းတွေ သီဆိုနေကြတယ်။ ဒီနေရာမှာ တ၀ုန်းဝုန်းပေါက်ကွဲနေတဲ့ အမြောက်ဆန်တွေနဲ့ တရွှီရွှီပျံဝဲနေတဲ့ ကျည်ဆန်တွေတော့ မရှိဘူးပေါ့။ ဒါပေမယ့်လည်း မှုန်ဝါးနေတယ့်အမြင်အာရုံ ဖိစီးနှိပ်စက်နေတဲ့ အထီးကျန်မှု၊ ဘ၀တစ်လျောက်မှာ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက် အစရှိတဲ့ နာကျင်ခံစားမှုတွေက ရှိနေပါတယ်။ အဲ့ဒီလို ကူကယ်ရာမဲ့သူတွေကို စာနာနားလည်စွာနဲ့ နှစ်သိမ့်မှုတွေ ပေးရမှာပေါ့။ ကျွန်တော်တို့တတွေဟာ လက်ခုပ်တီးပြီး သီချင်းတွေဆိုနေကြဆဲ။

ဂီတဟာ ကျွန်တော်တို့အားလုံး အညီအမျှ ရရှိထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ကိုယ်တိုင်ဖန်တီးသူတွေအတွက်ပဲဖြစ်ဖြစ် ပိရိသတ်အနေနဲ့ ခံစားနားဆင်သူတွေအတွက်ပဲဖြစ်ဖြစ် ဂီတဆိုတဲ့ လက်ဆောင်မွန်ဟာ နှစ်သိမ့်ကျေနပ်မှုတွေ ပေးစွမ်းနိုင်တဲ့အရာတစ်ခုပါ။ ဒါဆို ကျွန်တော်တို့အဖို့ မကြာခန လိုအပ်လှသလို အနဲဆုံးအနေနဲ့ မျှော်လင့်ချက်တော့ ထားနိုင်ကြတာပဲ မဟုတ်လား။ ။ ။

ကိုခွန်ဘာသာပြန်သည်။ (မူရင်း_ ၁၉၉၇ ဇန်န၀ါရီလထုတ် R.D မှ Paul Sulliran ရဲ့ The Cellist of Sarajevo)
No.82, December 2006 BEAUTY Magazine မှ ပြန်လည်ကူးယူဖော်ပြပါသည်။
*** ၁၉၉၄ ဧပြီတွင် တစ်ကိုယ်တော်ဖျော်ဖြေသူမှာ ယိုမားမားဟူသော ပညာရှင်ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ သို့သော် ဘာသာပြန်သူက ယိုကိုမာ ဟုရေးသားထားသဖြင့် ထိုအတိုင်းသာ ဖော်ပြလိုက်ပါသည်။
ထို ဆာရာဂျေဗိုမြို့မှ တယောသမားကို မြန်မာကဗျာဆရာ ကိုခါး(ကွမ်းခြံကုန်း)ကလည်း ကဗျာရေးဖွဲ့ဖူးပြီး အမည်မထင်ရှားခဲ့သော တေးဆိုသူတစ်ဦးကလည်း သီချင်းရေးဖွဲ့ သီဆိုဖူးပါသည်။ သိသူရှိက ကော်မန့်တွင်ရေးပေးနိုင်ပါသည်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com4tag:blogger.com,1999:blog-643544211052161165.post-53347536919204249592010-04-11T02:55:00.000-07:002010-04-11T03:20:01.769-07:00happy birthdayကျွန်တော့်မှာ ရှားရှားပါးပါးသူငယ်ချင်းမ လေးယောက်ရှိတယ် J,M,P,A
A ဆိုတဲ့ အနော်လေးက အသက်အငယ်ပေမယ့် လူတစ်ဖက်သားကို စိတ်ဖြေလျော့သွားအောင် လုပ်ပေးနိုင်တယ်
သူနဲ့ဆုံလို့ ဘာစိတ်ညစ်စရာရှိရှိ သူနဲ့စကားပြောရင်း စရင်းနောက်ရင်း တော်တော်များများဟာ ပြေလျော့သွားတာပဲ
ကျွန်တော် သူ့ကို ၀တ္ထုဇာတ်လမ်းလေးတွေပြောပြလေ့ရှိတယ် .. လေလွင့်သူဝတ္ထုထဲက အကိုနဲ့ညီမလေး တွေ့တဲ့အခန်းဆို ကျွန်တော်တို့ အသေကြိုက် အသေစွဲလန်း .. သူ့ကိုခနခနပြောဖူးတဲ့စကားက စိတ်ကောက်နေတုန်းလား .. ပန်းခြံထဲက ညီမလေးကြိုက်တဲ့ ရဟတ်ကြီးသွားစီးရအောင်လေ ...
ကျွန်တော့်စိတ်ထဲမှာ Aက အဲ့အခန်းရောက်ရင် ဘေ့စ်ဘောဦးထုပ်လေး ဆောင်းထားမလား ကျွန်တော်တွေးမိပါရဲ့
ပြောချင်တာက အဲ့ဒါတွေတော့မဟုတ်ပါဘူး .. အနော်လေးမွေးနေ့လေ .. မနက်ဖြန် ၁၂ရက်နေ့ သူ့မွေးနေ့တဲ့
ဘာဆုတောင်းပေးရမလဲ တခြားတော့ဆုမတောင်းတော့ပါဘူး .. ဦးထုပ်နီလေးရပါစေ ..
ညီမလေးအကို တောထဲက အိမ်လေးမှာသွားမနေတော့ဘူး ... ညီမလေးလည်း မင်းသမီးလေးလုပ်
ဓါတ်ပြား အကွဲလေးတွေ တစ်သက်လုံးသိမ်းထား :)

HAPPY BIRTHDAY SISlittle brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com5tag:blogger.com,1999:blog-643544211052161165.post-10238313994951196562010-04-02T20:37:00.000-07:002010-04-02T23:04:42.018-07:00သူငယ်ချင်းA .. ရှိမရှိ မသေချာပါ .. သို့သော် သူမရှိကောင်းရှိနေပါလိမ့်မည် ... ကျွန်တော်ကတော့ ကျွန်တော်ရှိမှန်းသိအောင် အမြဲစိမ်းပြထားခဲ့ရသည်။ ကွန်ပြူတာကီးဘုတ်ခလုတ်သံ အတိုးအလျော့တွင် ခံစားချက်များပါသွားသည်ဟု တစ်ခါတစ်ရံ ကျွန်တော်တွေးမိပါသည်။ တိုးဖွဖွရီသံကို အနားနားကပ်ကြားရသည်အထိ ဤကွန်ယက်ကြီးကို ယုံကြည်လွန်းသည်က လွန်တာပေါ့။

ဖြတ်သန်းသွားခဲ့သောနွေရက်များတွင် တေးသီသွားသော ငှက်ကလေးတို့၏ တေးသီချင်းများအကြောင်းကို ကျွန်တော် သူမကို ပြောပြခဲ့သည်။ ကျွန်တော့် ဘ၀၏ စိမ်းလန်းခြင်း တက်ကြွခြင်း၊ ညိုမှိုင်းခြောက်သွေ့ခြင်းများကို
ကျွန်တော် တစ်ထောင့်တစ်ညထက်မက ပြောပြခဲ့သည်။ အသက်မဲ့သော ကွန်ပြူတာမော်နီတာရှေ့တွင် ကျွန်တော် ပြုံးလိုက် ရယ်လိုက် ... ကျွန်တော်က နောက်ကွယ်တွင်ပင် ဟန်မဆောင်တတ်သူ။ သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။

Bကို ကျွန်တော်သတိထားမိသည်မှာ နံရံထိပ်တွင်ချိတ်ဆွဲထားသော ပန်းချီကားများကို ငေးနေသောသူ့ကို။ သူမမျက်မှန် မှန်သားပေါ်တွင် ပန်းချီကားမှ အရောင်များက အရိပ်ထင်နေကြသည်။ "အဲ့ဒီ ပန်းချီကားတွေကို အကို့ ညီမလေး ဆွဲထားတာပါ" ... ထိုစကားကို ကျွန်တော်သူမကို မကြည့်ဘဲ ရေရွတ်လိုက်သည်။ သူမထံမှ ပြန်ကြည့်သော အကြည့်များတွင် အပြုံးတချို့ပါသည်ကိုမြင်တော့ ကျွန်တော်ရှက်သွားသည်။

နောက်ရက်များစွာအတွင်း ကြိမ်ဖန်များစွာ ကျွန်တော်တို့ ဆုံမိကြသည်။ သူမ လက်ထဲတွင် ကိုင်ထားသော ဘောလုံးဂျာနယ်၊ မန်ချက်စတာယူနိုက်တက် နိုင်ပြန်ပြီဆိုသည့် မြူးကြွကြွအသံ၊ အမြဲတီရှပ် ၊ အမြဲဂျင်းဘောင်းဘီ ဤအရာများသည်ပင် သူမဖြစ်သည်။

ကျွန်တော့်ညီမလေးဟု သူမကိုပြောခဲ့သော ကျွန်တော့်ချစ်သူ ကျွန်တော့်ကို စွန့်ထားခဲ့သောနေ့များထဲမှ တစ်ရက်တွင် သူမက ကျွန်တော့်ကိုပြောသည်။ " ဒီပန်းချီကားတွေက ကျွန်တော့်ညီမလေး ဆွဲတာပေါ့လို့ အရေးမကြီးတဲ့ပုံဖမ်းထားပြီး ပြောနေသော်လည်း ကျွန်တော့်မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားနေသည်ကို သူမြင်ခဲ့သည်" တဲ့ .. ကျွန်တော့်အရိပ်ကိုဖမ်းတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။

little: ငါက ငါလုံလုံခြုံခြုံ နွေးနွေးထွေးထွေးရှိတဲ့ နေရာလေးတွေကို တွေ့စေချင်တာ

နင်နဲ့ ငါ့ကြားက စိတ်ချယုံကြည်မှုနဲ့ နွေးထွေးမှုတွေကို သူ့ကိုသိစေချင်တယ်
သူ့ကိုလည်း ခံစားစေချင်တယ် ... ဒါမျိုးက သိပ်ကိုရှာတွေ့ဖို့ ခက်ခဲပါတယ်
ဒါကြောင့် နင်တို့ကို ဆုံစေချင်တာ ... ... ...

_ _ : ငါတို့ တွေ့တွေ့ချင်းကို စကားလက်ဆုံကျပြီင်္းခင်သွားကြတယ်

little: နင်တို့ ဘယ်နားထိုင်ကြတုန်း ကော်ဖီဆိုင်မှာလား လမ်းဘေးလေးမှာလား
လေတွေကောတိုက်လားဟင်

_ _: အင်း မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ လူတွေသိပ်များတယ်လေ
ငါတို့နေရာမရလို့ လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ် :)

little: ဟားဟားဟား ပျော်ဖို့ကောင်းလိုက်တာ

နောက်ဆုံးတော့ ကမ္ဘာပေါ်တွင် သူငယ်ချင်းအဖြစ် အသစ်ထပ်မံ၍ ပေါ်ပေါက်လာပါပြီ။ ထိုရင်းနှီးနွေးထွေးသော ဖြစ်ရပ်တို့က လောကဓံထဲ ကြံကြံခံရပ်တည်မည့် မြက်ပင်လေးများ မြေကမ္ဘ္ဘာမှ လွင့်ထွက်မသွားအောင် ဆွဲဆောင်ထားပေးမည့် အမြစ်လေးများဖြစ်လာမည်။ ကျွန်တော် သိပ်ပျော်ပါသည်။ သူမတို့ ၂ဦးသောက်နေသော ကော်ဖီရနံ့သည် ကျွန်တော့်ရင်ထဲ သင်းပျံ့လျက်။

little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com11tag:blogger.com,1999:blog-643544211052161165.post-65985696967291832122010-03-25T04:33:00.000-07:002010-03-25T05:38:10.243-07:00အိမ်နွေရောက်ပြီလား ... ... ... ။ ကျွန်တော် အမေ့မေ့အလျော့လျော့ပစ်ထားခဲ့သော အရာများထဲတွင် ရာသီဥတုလည်းပါသည်ပဲလေ။ ကျွန်တော်က ဂရုမထားသော်လည်း နွေက သူ့သဘောသူဆောင်၍ အရောက်လာခဲ့ပြီ။ လေရူးက လူရူးကိုဝှေ့သည်။ လေရူးသိမ်းတိုင်း မြက်ရိုင်းတို့က ဝေ့ဝေ့၀ဲဝဲ။ စိတ်ရိုင်းတို့ကလည်း
ဖရိုဖရဲ။ ဒီကွင်းပြင်ကြီးဟာလည်းလေ ... စကားမဆက်တတ်တော့သလို ဆွံ့အသွားသည်။ ကွင်းကြီးက စပါးပင်ငုတ်တိများနှင့် ခြောက်သယောင်းထလျက်။ ချိုးကူသံ လေးတွဲ့တွဲ့က ဒီဖုန်လမ်းလေးထဲ ခြေထောက်ရွေ့ရခက်အောင် ဆွဲသည်။ အားတင်းပြီးလျှောက်လိုက်ပါကွာ ... ကိုယ့်လူရယ် ... အားတင်းပြီးလျှောက်လိုက်စမ်းပါ။

လမ်းအဆုံးတွင် အိမ်လေးတစ်လုံး ရှိနေပါသည်။ အိမ်လေးသည် ငြိမ်ငြိမ်ဆိတ်ဆိတ်။ ကျွန်တော် အခန်းထဲ လှမ်းဝင်လိုက်လျှင် မြင်ရမည့်အနေအထားအားလုံးကို ကျွန်တော် ဘယ်လောက်ကြာကြာခွဲခွာနေခဲ့ နေခဲ့ မှတ်မိသည်။ အတွင်းမှ အပြင်ကိုလှမ်းကြည့်လျှင် သဲသဲကွဲကွဲမြင်ရသည်မဟုတ်ပါ။ ခန်းစီးစများသည် လေငြိမ်နေလျှင် သူတို့ကိုယ်သူတို့ လေးလေးပင်ပင် တွဲခိုထားမည်။ စားပွဲပေါ်တွင် ဖတ်လက်စ စာအုပ်တစ်အုပ်ကဖွင့်လျက် တင်နေမည်။ ပက်လက်ကုလားထိုင်ပေါ်ပုံချထားသောခန္ဓာကိုယ်နှင့် တစ်စုံတစ်ယောက်။ ကျွန်တော် အမြဲတမ်း နှစ်သက်ခဲ့သော အပြုံး ... ဖရိုဖရဲ ဆံပင်တို့ကို လက်ချောင်းများဖြင့်ဖွကစားတိုင်း အော်ဟစ်လာမည့်အသံ။ အားလုံးကို ကျွန်တော် ကြားယောင်နေခဲ့သည်။
စာစောင်တစ်စောင်စောင်ကို ဆွဲယူဖတ်မည်ကြံလျှင် သူမနှောက်ယှက်မည်။ သူ့နေရာမှာ ၀ပ်နေသော ခွေးကလေးက ကျွန်တော်တို့ကို ခေါင်းထောင်ကြည့်မည်။ ပြီးလျှင် အသာပြန်ဝပ်ဆင်းလျှက်။ သူမကိုဖက်ထားရင်း စကားတီးတိုးဆိုနေချိန် လေသိမ့်သိမ့်တိုက်ပါသလား။ ကျွန်တော် ဂရုမပြုခဲ့ဖူးပါ။

အိမ်ရှေ့တံခါးတွင် ရပ်ရင်း ကျွန်တော်တွေဝေနေသည်။ ဒီတံခါး ၊ ဒီခန်းစီးစတွေနောက်မှာ အမှန်တကယ် ဘာတွေရှိနေခဲ့ပါသလဲ။ စစ်စစ်မှန်မှန် တကယ်ဘာတွေရှိနေခဲ့သလဲ။ ကျွန်တော် တံခါးကိုထိတ်လန့်စွာပဲ ဖွင့်လိုက်ပါသည်။ နောက်မှပင့်တိုက်လာသော လေပြင်းက ကျွန်တော့်အရင် အခန်းထဲပြေးဝင်သွားသည်။ ခန်းစီးစတို့လွင့်လျက်။ စားပွဲပေါ်မှ စာအုပ်သည် ပိတ်လျက်သားပင်။ သူမနေရာတွင် သူမရှိမနေပါ။ သူမသည် ထိုနေရာတွင် မည်သည့်အခါမှ မရှိခဲ့သည်ကို ကျွန်တော် ဂရုမပြုမိပါ။ သူမသည်ထာဝရ ဖုန်းထားရာ စင်အနားတွင်ရှိသည်။ မူးယစ်စေသော အသံကို ရှူရှိက်ရင်း ခွေးကလေးခေါင်းကို ပွတ်သပ်နေတတ်သည်ကို ကျွန်တော်ဂရုမပြုမိ။

နွေသည် သူ့ကို ဂရုမပြုမိသော်လည်း သူ့သဘာဝအတိုင်းရောက်လာ သူ့သဘာဝအတိုင်းထွက်သွား။ လေရူးက လူရူးကိုဝှေ့သည်။ ကျွန်တော့်မှာ ထိုနေ့ကစ၍ အိမ်ဆိုသည်မရှိတော့ပါ။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com11tag:blogger.com,1999:blog-643544211052161165.post-30496463048087089562010-03-17T17:55:00.000-07:002010-03-17T18:09:52.373-07:00ခုတလော ငါ ဆောင်းဖြစ်နေတဲ့ ထီးအကြောင်းတစ်နေ့ တစ်နေ့
တွေ့တဲ့ရစ်လုံးနဲ့ ဘ၀ကို လွှတ်တင်နေရတယ်
၉၆ ပါး လက်က
အင်းလျားဘက် လမ်းလျှောက်ထွက်တဲ့ လေ့ကျင့်ခန်းနဲ့ဆိုလား
စက်တင်ဘာမှာ
ကန်ရာသီဖွားတစ်ယောက်ရဲ့ မွေးနေ့မှာ
သစ္စာပန်းဆိုတာကို နည်းနည်းပါးပါး လိုချင်တယ်။
ဒီလို
ရေတံခွန်ကို ခေါင်းထိုးသည်းခံတဲ့ အတွေးမျိုးနဲ့ရော
သင်္ဘောရိုးတစ်ချောင်းထဲက ချောင်းကြည့်လို့
သင်္ဘောတစ်စင်းလုံး မြင်နိုင်ပါ့မလား
သစ္စာပန်းကို တွန်းနိုးပေမယ့်
သစ္စာဇာတ်လမ်းနဲ့ မျက်နှာချင်းဆိုင်မိပါ့မလား
ရဟတ်ယာဉ်တစ်စင်းလို
လေပေါ်မှာ မောင်းနှင်နေကြတဲ့
သံသရာ
ဘာကောင်းသလဲ
ဘာမကောင်းဘူးလဲ
ဖြစ်သမျှအကြောင်းလို့တော့ ပြောနေတာပဲ။

ခိုင်မြဲကျော်စွာ (No.95, January 2008) Beauty Magazine မှ ကူးယူဖော်ပြပါသည်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com3tag:blogger.com,1999:blog-643544211052161165.post-78733676340545914512010-03-15T08:21:00.000-07:002010-03-15T08:31:29.796-07:00happy birthday နန်းညီ(ခ) မိညီမ
ဘာများဆုတောင်းပေးရမလဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေ မိညီမရေ ... လက်ဆောင်တော့ တောင်းမယ်မကြံနဲ့ .. အကောင်းဆုံးလက်ဆောင်တွေပေးပြီးပြီ ပျော်ရွှင်ပါစေ ... ဘ၀တစ်သက်တာလုံး ပျော်ရွှင်ပါစေ ။ ။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com9tag:blogger.com,1999:blog-643544211052161165.post-67181767615156137342010-03-03T21:16:00.000-08:002010-03-03T22:02:11.417-08:00၃.၃.၂၀၁၀ကိုယ်အားလုံးနဲ့ တိုက်ခိုက်ကာ ချစ်ခဲ့ရ နောက်ဆုံးတော့ အသဲကွဲဖို့လား ...little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com8tag:blogger.com,1999:blog-643544211052161165.post-64090360213607351392010-02-20T02:24:00.000-08:002010-02-20T07:18:49.045-08:00love means never having to say you're sorry
love story , The Class ၀တ္ထုတွေကို ရေးသားခဲ့သူ စာရေးဆရာ အဲရစ်ဆီဂဲလ်( အသက် ၇၂နှစ်) ဇန်န၀ါရီလ ၁၉ရက်နေ့က နှလုံးရောဂါဖြင့်ကွယ်လွန်သည်။

ဆရာမြသန်းတင့် ဘာသာပြန်သော လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ကိုဖတ်ဖူးသူများ အဲရစ်ဆီးဂဲလ်ကို အမှတ်ရမိပါလိမ့်မည်။ လက်ဘက်ရည်ဆိုင်ထိုင်နေရင်း မုန့်ထုပ်သော ဂျာနယ်မှာမြင်လိုက်မိ၍ ဖြတ်ထုတ်ထားသော သတင်းလေး မျှဝေခြင်းဖြစ်သည်။ ဂျာနယ်နံမည်ကို မမှတ်မိသည်ကို ခွင့်လွတ်ပါ။ ..

ဒင်းနစ်ရော့ဆီ၊ သီယိုဒိုလင်းဗရို့စ်၊ ဆာရာ တို့၏ ဖန်တီးရှင် ဖြစ်လေရာဘ၀တိုင်း စာရေးဆရာဖြစ်ပါစေ ....little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com8tag:blogger.com,1999:blog-643544211052161165.post-61633242732498549712010-02-11T07:38:00.000-08:002010-02-13T06:30:38.251-08:00my work before feb 13ခန့်ထည်တဲ့ အပြုံးနဲ့ မေးရိုးခိုင်ခိုင်အောက်မှာ သွားစေ့ထားတာ အံသွားတွေ တင်းတင်းကြိတ်ထားတာ မြင်ရတယ် ... little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com4tag:blogger.com,1999:blog-643544211052161165.post-41661832138372929432010-02-07T02:47:00.000-08:002010-02-07T03:38:07.104-08:00ကလိုက်ချင်သေးတော့ မိုးအလင်းဆိုင်လေးမှာ ကော်ဖီတွေ တစ်ခွက်ပြီးတစ်ခွက်သောက် စိတ်ပေါက်ပေါက်နဲ့ လျှောက်ခြစ်မိတော့ ဒီပုံလေးထွက်လာတယ် ... လွမ်းစရာ ။ ။ ထမင်းကြော်ဆိုင်က ကုလားမကိုငေးလိုက် .. အရက်သမားတွေကို ငေးလိုက်၊ ပုံတွေလျောက်ခြစ်လိုက် ၊ စီးကရက်သောက်လိုက်၊ ... မိုးလင်းသွားရော .. လောလောဆယ် စာရေးလို့မရသေးဘူးဗျာ ... ကျွန်တော်လေလွင့်နေတယ် ... little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com5tag:blogger.com,1999:blog-643544211052161165.post-35301841444420367372010-01-20T20:36:00.000-08:002010-01-20T20:43:30.300-08:00မိုးတိမ်အကြောင်း အပိုင်း(၆)လေးဘက်လေးတန် ၀ိုင်းရံထားသော အုတ်ရိုးအမြင့်ကြီးကို သူကြည့်ကာ ဤနေရာသည် လောကတွင် အမှောင်မိုက်ဆုံး နေရာဟုသူတွေးထင်မိသည်။ သူ ဒီနေရာသည် သူနှင့်မဆက်စပ်၊ မသက်ဆိုင်သူ ဖြစ်သည်ဟုလည်း သူထင်နေသည်။

ညဘက်အိပ်စင်ထက်တွင် လှဲလျောင်းရင်း အိပ်ဆောင်သစ်သားတန်းများကြားမှ ၀င်လာသောလရောင်ကို ကြည့်ကာ သူနွယ့်ကိုလွမ်းသည်။ အမေ့ကိုလွမ်းသည်။ ကလပ်တွင် သူအလုပ်လုပ်ခဲ့သည်များကို ပြန်သတိရသည်။ ကလပ်တွင်ရှိစဉ်တုန်းက ကလပ်မှထွက်ချင်သလောက် ယခုထောင်ထဲသို့ရောက်သောအခါ သူကလပ်တွင် နေထိုင်လှုပ်ရှားခဲ့သည်များက ဘာမှမဆိုးဟု သူထင်လာသည်။

ဘ၀တက္ကသိုလ်ကြီးအတွင်းသူနေရစဉ် သူရိုရိုကျိုးကျိုး ရိုးရိုးကုပ်ကုပ်နေသဖြင့် ပထမနှစ်ကုန်စဉ်မှာပင် သက်သာသောအလုပ်ကို ပြောင်းရသည်။ ထောင်စိုက်ခင်းများတွင် တာဝန်ကျခြင်းဖြစ်သည်။ ထိုစိုက်ခင်းတွင်ပင် သူ့ကိုစိတ်ဝင်စားစရာ အကြောင်းများပြောပြမည့်သူတစ်ဦးနှင့် ဆုံဖြစ်ခြင်းပင်ဖြစ်သည်။ ထောင်စိုက်ခင်းများတွင် တာဝန်ကျသူများသည် အပြင်သို့ထွက်ခွင့်ရသည်။ မနက်မှ စထွက်ပြီး ညနေမှ ထောင်တွင်းသို့ပြန်ဝင်ရသည့်အလုပ်မျိုးဖြစ်သည်။ ထိုနေ့တစ်ရက်တာ တာဝန်ကိုပြီးအောင်လုပ်ပြီးသည်ဆို ကျန်အချိန်များတွင် သစ်တစ်ပင်အောက် နားနားနေနေထိုင်နေလို့လည်း ရသည်။ သူတို့ကို စောင့်ကြပ်သည့် ထောင်ဝန်ထမ်းများကလည်း ဘာမှမပြော။

ကိုကျော်သည် သူတို့အဆောင်မှမဟုတ်။ ကိုကျော်က နိုင်ငံရေးမှုဖြင့်ကျလာခြင်းဖြစ်သည်။ သူတို့နှင့် ကိုကျော်တို့အဆောင်ခြင်းမတူသလို လူပုံများလည်း မတူပါ။ ကိုကျော်တို့အဆောင်မှ ထောင်သားများသည် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ရှိသည်။ နိုင်ငံရေးကို သူနားမလည်ပါ။ သိလည်းမသိ၊ စိတ်လည်းမ၀င်စားပါ။ သို့သော် ကိုကျော့်ကိုတော့ သူစိတ်ဝင်စားသည်။ ကိုကျော်သည် အသားညိုညို ဆံပင်တိုတိုထောင်ထောင်နှင့် စကားကိုပြတ်ပြတ်ပြောတတ်သော်လည်း တစ်စုံတစ်ရာနားမလည်သည်ကို ရှင်းပြလျှင်တော့ လေအေးလေးနှင့် ပြောတတ်သူလည်းဖြစ်သည်။

တစ်ရက်သူ တာဝန်ပြီး၍ သစ်ရိပ်အောက်ထိုင်နေစဉ် ကိုကျော်ရောက်လာခြင်းဖြစ်သည်။ သစ်ပင်အောက်သို့ သူလည်းအရိပ်လာခိုခြင်းဖြစ်သည်။ စတွေ့တွေ့ခြင်း မည်သူမျှစကားပြောဆိုခြင်းလည်းမရှိသေး၊ ထို့နောက်တွင်မှ ကိုကျော်က အိတ်ထဲမှ ဆေးပေါ့လိပ်နှစ်လိပ်ထုတ်လိုက်ရင်း ဆေးလိပ်သောက်ပါဦးဆိုကာ တစ်လိပ်လှမ်းပေးသည်။ သူက ကျေးဇူးအကိုဟု ပြန်ပြောရင်း ဆေးလိပ်ကိုယူလိုက်သည်။

ထောင်ထဲတွင် တစ်ယောက်ကို တစ်ယောက်စတွေ့ပြီး မေးမြန်းလျှင်ပထမဆုံးမေးလေ့ရှိသော မေးခွန်းမှာ ဘာမှုနဲ့လဲဆိုသည်ပင်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ သူ့ကို ကိုကျော်ကလည်း ထိုသို့ပင်မေးခဲ့သည်။ လူသတ်မှုဆိုတော့ ကိုကျော်က အင်းဟုသာ ဖြေပါသည်။ အံ့သြဟန်လည်းမပြပါ။
ဤမှအစပြုကာ သူ့ဘ၀တွင်မမေးဖူးသော မေးခွန်းများကိုယ့်ကိုယ်ကို မေးရန်၊ သူနားမလည်သော အတွေးများကို တွေးမိရန် အကြောင်းဖန်လာခြင်းပင်ဖြစ်သည်။

ကိုကျော်ကို ဘာမှုနဲ့လည်းဟုမေးတော့ ကိုကျော့်အမှုက သူ့ထက်ပင်ကြီးမားသယောင်။ နိုင်ငံတော်အေးချမ်းသာယာရေးကို ထိပါးနှောက်ယှက်သော စည်းရုံးလှုံဆော်မှု။ ကိုကျော်ကတော့ ပြောသည် " ဒီခေတ်မှာ တပ်ချင်တဲ့ပုဒ်မတပ်ပြီး လူတစ်ယောက်ကို ထောင်ထဲသွင်းလိုက်လို့ အလွယ်လေးတဲ့။ "
သူ မေးကြည့်သည်။ ဘာကြောင့်နိုင်ငံရေးလုပ်တာတုန်း။ ကိုယ့်ဟာကိုယ် အေးအေးနေပါလားလို့။
သူရန်ကုန်လာတော့ အမေကမှာသည် ရုတ်ရုတ်သဲသဲထဲ ကိုယ်ဝင်မပါနဲ့။ အလုပ်ဝင်တော့လည်း ကိုယ့်အလုပ်ကိုယ်လုပ်ကွ မဆိုင်တာတွေထဲ ၀င်မပါနဲ့ဟု မန်နေဂျာက ပြောသည်။ သူတို့ပြောသော ရုတ်ရုတ်သဲသဲတို့၊ ကိုယ်နှင့်မဆိုင်တာတို့ ဆိုသည်မှာ နိုင်ငံရေးကိုပြောခြင်းဖြစ်သည်ကို သူသဘောပေါက်သည်။ တက္ကသိုလ်တက်တော့ ကိုယ်ရေးရာဇ၀င်ဖြည့်ရာတွင် နိုင်ငံရေးကင်းရှင်းပါသည်ဟူသော ခံဝန်ချက်လက်မှတ်ထိုးရသည်။ နိုင်ငံရေးဆိုသည်မှာ အစိုးရနှင့် အစိုးရကိုဆန့်ကျင်သူများ၏ အလုပ်သာဟု မှတ်ယူလျက် သူနှင့်ဝေးနေခဲ့သည်။

" နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးကိစ္စကို လုပ်ဆောင်တာ" ဟု ကိုကျော်ကပြောသည်။ "နိုင်ငံရဲ့အရေးကိစ္စကို အစိုးရကလုပ်မှာပေါ့။ ပြည်သူကလုပ်စရာမှ မလိုတာ" ဟု သူပြောတော့ "အစိုးရက ကောင်းကောင်းမစွမ်းဆောင်နိုင်ရင် ပြည်သူက ကန့်ကွက်ရမယ်။ အစိုးရက ပြည်သူအကျိုးစီးပွားအတွက် ပြည်သူကရွေးချယ်ခန့်အပ်ထားတာဖြစ်ပြီး သူ့အလုပ်က ပြည်သူတွေသက်သာချောင်ချိအောင် ပြည်သူတွေဘ၀တိုးတက်လာအောင်လုပ်ပေးရမှာ... ... ၊
တကယ်လို့ အုပ်ချုပ်သူအစိုးရက သူ့အလုပ်ကိုပျက်ကွက်ရင် ပြည်သူကသူ့ကို သတိပေးရမယ်၊ ကန့်ကွက်ရမယ်၊မရရင် ဆန့်ကျင်တော်လှန်ရမယ်" ဟု ကိုကျော်ကပြောသည်။

" ပြီးတော့မင်းကိုမေးမယ်... ခုအစိုးရက မင်းခန့်ထားတာလား" တဲ့ .. ကျွန်တော်က "ဘယ်လိုခန့်မှာတုန်း ကျွန်တော့်အဖေတို့လက်ထက်ကတည်းက ရှိနေတာမဟုတ်လား"ဆိုတော့
ကိုကျော်က "အေးကိုယ့်ဟာကိုယ် ခန့်ထားတဲ့အစိုးရ။ နောက်တစ်ခုက မင်းနဲ့မင်းပတ်ဝန်းကျင်က လူတွေအဆင်ပြေလား မင်းကြည့်" လို့ ပြောသည်။ "အင်း... ကျွန်တော့်ပတ်ဝန်းကျင်ကတော့ ဘယ်အဆင်ပြေမှာတုန်း အကိုရ။" " နောက်တစ်ခု မင်းတို့ကလပ်မှာ အရာရှိကြီးသားသမီးတွေ လာမသောင်းကျန်းဘူးလား။" " ဟာ သူတို့ဆို ကျွန်တော်တို့ကလည်း ဘာမှမတတ်နိုင်ဘူး ရဲတွေကလည်း ဘာမှမတတ်နိုင်ဘူး သူတို့လုပ်ချင်ရာလုပ်တာပဲ" ဆိုတော့ "မင်းအဲ့လိုလုပ်ရင် ဘာဖြစ်မလဲ ထောင်ကျမယ်၊ အချုပ်ကျမယ်။ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေက သူတို့အတွက်မဟုတ်ဘဲ မင်းတို့အတွက်ပဲရှိတာလား။ မင်းနေတဲ့အိမ်အလုပ်ကို မင်းလုပ်တာ၊ မင်းနေတဲ့အိမ်ကောင်းအောင် မင်းလုပ်တာ နိုင်ငံရေးပါပဲကွာ၊ မင်း ပြန်စဉ်းစားကြည့်ကွ" ဟု သူ့ကို ကိုကျော်က လေအေးအေးလေးဖြင့် မေးခွန်းများစွာမေးလည်းမေးခဲ့၊ ပြောလည်းပြောခဲ့သည်။

သူကျောင်းနေစဉ်က သူ့အတန်းဖော်များနှင့်လည်း ထိုအကြောင်းအရာများကို မဆွေးနွေးမိ။ သူ့အတန်းဖော်များကလည်း ထိုသို့သောအကြောင်းအရာများကို စိတ်ဝင်စားလေ့မရှိပါ။ ကိုကျော်ပြောပြတော့မှ တက္ကသိုလ်ကျောင်းသားများသည် ခေတ်အဆက်ဆက် တော်လှန်ရေးသမားကောင်းများ ဖြစ်ကြောင်းသူသိရသည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဖွဲ့စည်းထားခြင်းများ ယခင်ကရှိခဲ့ဖူးသည်တဲ့။ ကျွန်တော်တို့ခေတ်တွင်တော့ မည်သည့်အဖွဲ့မျိုးကိုမှ တည်ထောင်ခွင့်မပေးထား။ ရှစ်တန်းကျောင်းသားဘ၀တုန်းကတော့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းလျှောက်လွှာ ဆရာ၊ဆရာမများကလာပေးသေးသည်။ ထိုအသင်းအဖွဲ့ထဲလည်း သူမ၀င်မိ။ သူတို့မြို့လေးမှ ထိုအသင်းအတွင်းရေးမှူးသည် ဓါတ်ဆီမှောင်ခိုရောင်းရင်း ချမ်းသာသွားသည်ကို သူယခုမှပြန်တွေးမိသည်။

အဝေးသို့ငေးရီရီကြည့်ကာ ကိုကျော်မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးများနှင့်အတူ သူ့အတွေးများ ရှုပ်ထွေးနောက်ကျိလျက်။ သူ နွယ့်ကိုသာသတိရချင်သည်။ ကိုကျော့်ကို နွယ့်အကြောင်းမပြောပြရသေး။ နွယ့်အကြောင်းကို မသိစေချင်။ အမေကကော အမေသူ့အကြောင်းကြားပြီး ထိုနေ့ကတစ်ချိန်လုံးငိုနေခဲ့သည်ဟု သူ့မြို့မှလူကြုံထောင်ဝင်စာလာပေးစဉ်က သူသိခဲ့ရသည်။ အပြင်စိုက်ခင်းထဲမှ ထောင်အုတ်ရိုးကြီးကိုလှမ်းကြည့်ပြီး သူအထဲကိုပြန်မ၀င်ချင်။ ကိုကျော်မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးများလို ကောင်းကင်ဆီ လွင့်ပျံတက်သွားချင်လိုက်တာဟု သူတမ်းတမိသည်။

ဆက်ရန် .. ... ...little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com9tag:blogger.com,1999:blog-643544211052161165.post-81973492943327502542010-01-19T19:57:00.000-08:002010-01-19T20:12:20.474-08:00သတိ ... အပြောမတတ်ရင် ဆဲသလိုပဲ နာတတ်တယ်ကျွန်တော်တို့ အားနည်းချက်များထဲမှ တိုက်ဆိုင်သောကြောင့် ပြောခွင့်ရမည့်တစ်ခု ကိုပြောချင်ပါသည်။ ဖေ့ဘွတ်ခ်တွင် ကောမန့်တစ်ခု မြင်လိုက်ရသောကြောင့်ဖြစ်သည်။ "လက်အားနေလား ... ဟင် အားနေရင် ဒီကိုလာခဲ့ ... ခိုင်းမလို့ပါနော် ဟီးဟီး " ဆိုသော ကောမန့်။ အထက်ပါ စာသားများသည် ခင်မင်သူအချင်းချင်း နောက်ရင်း ပြောင်ရင်းပြောဆိုခြင်းသာဖြစ်နိုင်သည်။ အထက်ပါ စကားမျိုးကို မိဘဖြစ်သူက ဆော့လွန်းသော သားသမီးတို့ကိုလည်း ပြောတတ်ပါသည်။ ထိုကဲ့သို့သော စာသားများနှင့်ပတ်သက်ပြီး စာဖတ်သူတွင် တွေးစရာ၊ ပြောဆိုစရာရှိပါသလား။ အထက်ပါစာသားများကို အသုံးပြုလေ့ရှိသူ အများစုမှာ ယောက်ျားလေးများသာဖြစ်သည်။ ယောက်ျားလေးအချင်းချင်းဖြစ်စေ၊ ယောက်ျားလေးမှ မိန်းကလေးများသို့ ဖြစ်စေ စနောက်ခြင်းသဘောဖြင့် ပြောဆိုတတ်ကြသည်။

အထက်ပါ စာသား၏ မူရင်းကို မပြောလည်း သင်သဘောပေါက်ကောင်းပေါက်နိုင်ပါသည်။ အထက်ပါ စာသား၏နောက်တွင် xxx ကိုင်ထားပါလားဆိုသည့်စကားစု၊တခါတရံ ကိုယ့်ဟာကိုယ် ကိုင်ထားဆိုသည့် စကားစု ပါသေးကြောင်းမသိခဲ့လျှင် ယခုသိအောင်မှတ်သွားနိုင်ပါသည်။ ပြောသူက ထိုကဲ့သို့မရည်ရွယ်သော်လည်း၊ ထိုစကားဆက်ရှိကြောင်းမသိသဖြင့်လည်းကောင်း ပြောတတ်နိုင်ပါသည်။ အပြောခံရသူကလည်း မသိသဖြင့်သော်လည်းကောင်း၊ သိသိဖြင့် ပြောသူကို ယုံကြည်သောကြောင့်လည်းကောင်း အပြစ်ဆိုချင်မှဆိုပါလိမ့်မည်။

ကိုယ်ကျင့်တရားအကြောင်း ကျွန်တော်မဆွေးနွေးလိုပါ။ ကိုယ်ချင်းစာစိတ်လေးအကြောင်း ပြောကြပါစို့။ ကျွန်တော့်မှာ ညီမအရင်းအချာမရှိပါ။ ၀မ်းကွဲညီမများတော့ ရှိသည်။ ကျွန်တော့်ညီမများကို လူငယ်သဘာဝ ရိသဲ့သဲ့လုပ်ခြင်း၊ စကားဖြင့်ချိတ်ခြင်းတို့သည် အထူးအဆန်းလည်းမဟုတ်။ ဒါကသဘာဝတရားဖြစ်သည်။ သို့သော်ယခုကဲ့သို့သော စကားမျိုးကို သဘာဝတရားစာရင်းထဲ ကျွန်တော်မသွင်းပါ။ ယခုကဲ့သို့သော စကားမျိုးကို ဆဲမနာ၊ဆိုမနာဟု ဆိုနိုင်သည့် အရင်းအချာများပြောသည့်တိုင် အများသုံးဖြစ်သော ဖေ့ဘွတ်ခ်ကဲ့သို့သောနေရာမျိုးတွင် ကောမန့်အနေဖြင့်မရေးသင့်ပါ။ အဖြစ်သည်းသည်ဟု ဆိုချင်ကလည်း ဆိုနိုင်ပါသည်။

(ဤနေရာတွင် လူပျက်တွေတောင် စင်ပေါ်မှာ ပြောနေဆိုနေတာပဲဟု ပြန်ပြောမည်ဆိုပါက ကျွန်တော်လည်း မတတ်နိုင်ပါ) အထူးသဖြင့် သူငယ်ချင်းများ ကိုယ့်သူငယ်ချင်းကိုယ် သတိမထားဘဲ
အထက်ပါစကားမျိုးဖြင့် သုံးနှုန်းပြောဆိုမိခြင်းအားဖြင့် အခြားသူများအမြင်တွင် ထိုအပြောခံရသူအပေါ်
အထင်အမြင်သေးသွားနိုင်ကြောင်းကိုကော ပြောသူများ သတိပြုမိပါရဲ့လား။ ထိုကောမန့်ကို လက်ခံသူကကော မိမိအပေါ်ထိုသို့ပြောဆိုလာသည်ကို လက်သင့်ခံထားသည်လား။ ဤကဲ့သို့သောဖြစ်ရပ်မျိုးသည် အလေ့အထဖြစ်သွား၍ ဘာမှပြောဆိုစရာအကြောင်းမရှိတော့ပြီလား။
ကျွန်တော့်မှာ မေးခွန်းများစွာမေးရန်ကျန်ရှိနေပါသည်။

မိမိကိုယ်မိမိ အလေးထားတတ်ရန် ကျွန်တော့်ညီမများကို သင်ပေးပါသည်။ ကိုယ့်ကိုယ်ကို အလေးမထားတတ်လျှင် မည်သူကမှ ကိုယ့်ကို အလေးမထားတတ်တော့။ အထက်ပါ စကားမျိုးကို ပြောသောကြောင့်၊ တစ်ခါတစ်ရံ ကိုယ်ထိလက်ရောက် ထိပါးသောကြောင့် ပြဿနာခနခန တက်ဖူးသည်။ ထိုအခါ ညီမများပြောလေ့ရှိသည်မှာ တော်လိုက်ပါတော့၊ ထားလိုက်ပါတော့ဆိုသည့်စကား။ ဘာအတွက် တော်လိုက်ရမှာလည်းဆိုသည်ကို ပြန်မေးချင်ပါသည်။

ဤကဲ့သို့ ပြောနေဆိုနေကြခြင်းက သမားရိုးကျအလေ့အထ ဖြစ်သွားပြီလား။ ဒီထက်ဆိုးရွားသော စကားများလည်း ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ရှိပါသေးသည်။ လူပျက်တွေပျက်သလို ရယ်စရာလောက်နှင့် ဆုံးသွားလျှင်တော့ ရယ်လိုက်ရုံသာ။

ဤအဖြစ်ကြောင့် ကျွန်တော်ရေးသားရခြင်းမဟုတ်၊ ရေးသူကိုကော လက်ခံသူကိုပါနစ်နာစေလိုသော ဆန္ဒလည်း မရှိ။ သို့သော် မိမိတို့အမှုမဲ့အမှတ်မဲ့ ရေးသားလိုက်ခြင်းအားဖြင့် မည်သည့်အကျိုးဆက်များ ဆင့်ပွားပေါ်ပေါက်တတ်သည်ကို သတိထားစေလို၍ ရေးခြင်းဖြစ်သည်။little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com14tag:blogger.com,1999:blog-643544211052161165.post-91091966648243716102010-01-02T06:49:00.000-08:002010-01-02T06:55:12.475-08:00မိုးတိမ်အကြောင်း (၅)မနေ့က ကလပ်ကို နွယ်မရောက်လာ။ ဒီနေ့လည်း နွယ်ရောက်မလာပါ။ သူ ကလပ်မှ မိန်းကလေးများကိုမေးကြည့်လည်း မည်သူမျှ မသိကြ။ ဆုကို မေးတော့ ဆုကလည်း မသိကြောင်းပြောသည်။ သူစိတ်ပူသည် ဘာကြောင့်များ မလာပါလိမ့်။ တွေ့နေမြင်နေသည့်ပုံစံလေး မမြင်ရတော့ ရင်ထဲဟာတာတာ။ နွယ်နေမကောင်းဘူးလား။ သူ နွယ့်အိမ်သို့လိုက်သွားမှနှင့်တူသည်။
ညပိုင်း ကလပ်ဆင်းကာနီးတွင်မှ မိန်းကလေးတစ်ယောက်က လာပြောသည်။ မန်နေဂျာထံမှ သိလာသည်တဲ့။ ရွာမှာကျန်သော နွယ့်မိခင်ဆုံးသွား၍ နွယ်ရွာသို့လိုက်သွားကြောင်း မန်နေဂျာထံ ခွင့်တိုင်သွားသည်တဲ့။ အင်း ... နွယ်တော့သနားပါတယ်။ သူ စိတ်မကောင်းပါ။ နွယ် ဘယ်လိုများနေရှာမလဲ။

မန်နေဂျာက ဦးစီး၍ ကလပ်မှဝန်ထမ်းများဆီမှ တတ်နိုင်သလောက် စု၍နွယ့်ကို ကူငွေသဘောမျိုး ပေးလိုက်ကြသည်။ နွယ်ပြန်ရောက်လာသောအခါ မျက်နှာများချောင်ကျပြီး ပိန်သွားသည်။ "နွယ် တော်တော်ပင်ပန်းခဲ့လား" ဟုသူမေးတော့ နွယ်က "ဒီလိုပါပဲ" ဟုဖြေသည်။ နွယ်သည် အမြဲလိုလို ဒီလိုပါပဲဟူသော စကားကိုသုံးလေ့ရှိသည်။ "နင်ကော ကျောင်းတက်နေပြီ မဟုတ်လား"။ "အင်း တက်နေပေမယ့်ကွာ ကျောင်းခန်းထဲ ငိုက်နေတာကပိုများပါတယ်။" " အေး နင်စာတွေကောလိုက်နိုင်လား။"
"စာတွေကတော့ မသိလည်းကိစ္စမရှိပါဘူးဟာ။ စာမေးပွဲနီးတော့ အနီးကပ်သင်တန်းတွေဖွင့်တယ်လေ။ အဲ့ကျမှ သင်တာတွေကို ကျက်တော့မယ်။ မကျက်နိုင်တာတွေကိုတော့ သူများလိုပဲ ကူးတာပေါ့ဟာ။" "ဟင် နင်တို့တက္ကသိုလ်ကလည်း ခိုးချတာပဲလား။" " အင်း အကုန်လုံးနီးပါးလောက်ခိုးတာပဲ။" "ဆရာတွေကကော မဖမ်းဘူးလား။" " အော် ဖမ်းရင်လည်း အကုန်မိတာချည်းပဲလေ သူတို့လည်း အညောင်းခံပြီးဖမ်းမနေတော့ဘူး။" " ကောင်းပါ့ဟယ်" ဟု နွယ်ပြောတော့ သူက "ဒီလိုပါပဲ" ဟု ဖြေလိုက်ရာ နွယ်က အားရပါးရရီလေသည်။ အင်း အဲ့လိုလေး ရီလိုက်ပါဦး နွယ်ရယ်။

နယူးရီးယားည။ နှစ်သစ်သို့ကူးလေပြီ။ ကလပ်မှာ ဒီလိုနေ့မျိုးက လူသိပ်စည်သည်။ ဘယ်သူမှ အအားမနေနိုင်။ နွယ်တို့တွေလည်း တစ်ဝိုင်းမှ တစ်ဝိုင်းကူးလျက်။ သူနွယ့်ကိုတောင် ယခင်ကလို ထိုင်ငေးနေချိန်မရှိပါ။ ကလပ်ထဲမှ လူတိုင်းကလည်း မူးနေကြပြီ။ ကလပ်အလည်ကွင်းပြင်တွင် ကနေသူများကလည်း ကလို့။ ကလပ်လုံခြုံရေးဝန်ထမ်းများကလည်း မျက်စိဒေါက်ထောက်ကာကြည့်နေရသည်။ ဒီလိုနေ့မျိုးက စည်ကားသလောက် အန္တရာယ်လည်းများသည်။
လူတွေက မူးပြီးစိတ်တက်ကြွနေချိန်ဖြစ်ရာ နဲနဲလေးပြဿနာဖြစ်လည်း သည်းခံနိုင်ကြသည်မဟုတ်။ အထူးသဖြင့် လူငယ်များမှာ ကရင်းခုန်ရင်း ထိမိသည်ကပင် စ၍ရန်ဖြစ်ဖို့ တာဆူနေတတ်သောကြောင့် အဖွဲ့လိုက်ဝင်လာလျှင် လုံခြုံရေးများက သတိထားကြည့်နေရသည်။

တွေးနေခြင်းကနောက်ကျနေပါသည်။ ကပွဲကွက်လပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို လုံခြုံရေးဝန်ထမ်းများက လူစုခွဲပြီး ပြဿနာရှာသော ငတိနှစ်ယောက်ကို ဆွဲထုတ်သွားသည်။ ကိုစိုးကြီးကို မေးကြည့်ရာ ကောင်မလေးကြောင့်တဲ့။ အင်း ဒါကလည်း ထုံးစံပါပဲ။ သူခနနားချိန်ရောက်တော့ ဆေးလိပ်သောက်ရန် အောက်ဖက်ဆင်းလာခဲ့သည်။ လှေကားထောင့်ချိုးတွင်ရပ်လိုက်ရင်း မီးခြစ်ကိုထုတ်မည်ပြုစဉ် "လွတ် နင်လွတ် လွတ်... " ဆိုသောအသံနှင့် ဆဲသံကို ကြားလိုက်ရသည်။ အင်း ညှိကြရင်း စကားများသည်လား... သူနားစွင့်နေမိပြန်သည်။ "ကောင်မ" " __မ" ဆဲဆိုသံများနှင့်အတူ "ဟေ့ကောင်မင်းလွတ်စမ်း" ဟူသောအသံများ ထိုးသံကြိတ်သံများကြားလိုက်ရသည်။ ကလပ်အောက်မှာဖြစ်သောပြဿနာသည် ကလပ်နှင့်မဆိုင်ပါ သို့သော် ဘာဖြစ်သည်ကို သိချင်စိတ်နှင့် အပြင်သို့ထွက်ကြည့်လိုက်ရာ ... ဆု ... ဆု ။ ဆုသည် ရန်ပွဲအလည်မှာ။ ဆုသည် သူ့လက်ကိုင်အိတ်ဖြင့် လုတစ်ယောက်ကို လွဲရိုက်နေသည်။ ထိုသူက ကားဘက်သို့ပြန်ဆုတ်သွားပြီး ကားထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်ကို သူတွေ့လိုက်သည်။ ဆုက ရိုက်နေဆဲ၊ "ဆု ... ဆု " သူအော်ခေါ်ရင်း ပြေးသွားလိုက်သည်။

ဆုလက်ကို ဆွဲလိုက်ရင်း နောက်ဖက်သို့ ဆွဲလိုက်ချိန်မှာပင် ထိုသူက လက်ကိုလွဲပြီးရိုက်လာရာ သူလက်ဖြင့်ခံလိုက်သည်။ သူ့လက်တစ်ဖက်လုံး နာကျင်သွားသည်။ သူနောက်သို့ဆုတ်လာသလို ထိုသူကလည်း ဆက်ပြီးဆက်ပြီး ထပ်ဆင့်ရိုက်လာသည်။ သူနောက်သို့ယိုင်လဲသွားရာမှ ဖမ်းဆွဲမိရာ လက်ထဲပါလာသည်က သံပိုက်လုံးတစ်လုံး။ သူအလျင်အမြန်ထလိုက်ရင်း ထိုသူ့ကိုပြန်ရိုက်လိုက်သည်။ သူ့တွင်လည်း လက်နက်ရှိသွားပြီဖြစ်ရာ သူလည်းသွေးကြွသွားလေပြီ။ မည်သို့ဖြစ်သည်ကို သူမသိတော့ သူတပြန်ကိုယ်တပြန်ရိုက်ရင်း တဖက်လူလဲကျသွားသည်ကို သူဆက်ရိုက်နေမိသည်။ သူသတိထားမိချိန် ရန်ပွဲလည်းပြီးသွားပြီ။ သူ့ရှေမှာ ခွေလဲနေသောလူတစ်ယောက်။ သူ့ပတ်ဝန်းကျင်တွင် လူများက၀ိုင်းလျက်ကြည့်နေကြသည်။

သူ့လက်ထဲမှ သံပိုက်ကို တစ်ယောက်ယောက်က ဆွဲယူသွားသည်။ ထို့နောက် ရဲများရောက်လာ သူ့ကိုလက်ထိတ်ခတ်ကာ ခေါ်သွားသည်။ သူအာရုံတွင် အရာအားလုံးသည် မှုန်ဝါးနောက်ကျိလျက်။ သူသည် ထိုအဖြစ်ကို တကယ်မဟုတ်ဟု ထင်နေမိသည်။ သူ့ကိုဆွဲခေါ်သွားချိန် သူမြင်နေသည်မှာ နွယ်၊ ထို့နောက် အမေ၊ သူ့စာမေးပွဲ အားလုံးသည် ပေါ်လာလိုက် ပျောက်သွားလိုက်။

သူအား လူသတ်မှုဖြင့် စွဲချက်တင်သည်။ သူ့ဘက်မှ ထွက်ဆိုပေးသောသက်သေပြချက်များ ထုခြေရှင်းလင်းချက်များက သူသည်ကာကွယ်ရင်း လက်လွန်သွားသည်။ သေသူကို သေစေလိုသောရည်ရွယ်ချက်လည်းမရှိ၊ ပြဿနာစတင်ဖြစ်ပွားရာတွင်လည်းမပါဝင်ကြောင်း ပြဆိုနိုင်သော်လည်း သူ့ကို အပြစ်မှ လုံးဝကင်းလွတ်စေနိုင်သည်မဟုတ်ပါ။ သူ အလုပ်ကြမ်းဖြင့် ထောင် (၅) နှစ်ကျသွားသည်။ သူ့ကို ရုံးထုတ်စဉ်တိုင်း နွယ်နှင့်ဆုတို့ လာတွေ့သည်။ ကိုစိုးကြီးတို့ နိုင်လင်းတို့ကလည်း လာတွေ့မည်တဲ့။ လက်ထိပ်ခတ်ထားသော လက်ကိုကြည့်ပြီး နွယ်သည်မျက်ရည်ကျသည်။ သူလည်း မျက်ရည်ဝဲလာသည်။ အချုပ်ကားပေါ်သို့တက်ချိန်အထိ နွယ်သည်ထိုအနားမှာ တရစ်ဝဲ၀ဲ။ "နင်ဘာမှာမလဲ နင်ဘာမှာဦးမလဲဟင်" ဟု နွယ်မေးနေသည်ကို သူပြန်မဖြေနိုင်။ သူဘာမှာရမလဲ ... သူဘာမှာရမလဲ ... သူဘာမှာရဦးမလဲ ။ အချုပ်ကားအပြာရောင်ထဲ သူတို့ကို သွင်းလိုက်သည်အထိ သူငိုင်လျက်။ အချုပ်ကားထဲမှာ မှောင်လို့ပါလား။ သူနောက်ကို ပြန်လှည့်လိုက်စဉ်မှာပင် ကားတံခါးက "ဂျိုင်း" ကနဲ ပိတ်သွားသည်။ သူ တံခါး၌ဖောက်ထားသော အပေါက်လေးဆီကပ်သွားရင်း သံတိုင်ကိုကိုင်ကာ အပြင်သို့လှမ်းကြည့်လိုက်တော့ နွယ် ... နွယ်သည် ဆုကိုဖက်ရင်း ရှိက်ငိုလျက် ... ... ... ...။

ဆက်ရန် ... ... ... ...little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com13tag:blogger.com,1999:blog-643544211052161165.post-61972461756163550392009-12-26T21:07:00.000-08:002009-12-26T21:15:57.378-08:00မိုးတိမ်အကြောင်း (၄)သူနှင့်နွယ်ချစ်သူတွေဖြစ်သွားသည်ကို သိပ်မကြာမီပင် ကလပ်မှလူများ အားလုံးသိသွားကြသည်။ မိန်းကလေးများကတော့ ၀မ်းသာအားရ အားပေးကြသည်။ ကိုစိုးကြီးကတော့ သူ့ပခုံးကိုဖက်ရင်း "တော်တော်သတ္တိကောင်းတဲ့ကောင်တဲ့။" တားလို့မရခဲ့သော်လည်း ကိုယ့်လူကတကယ်ချစ်ပြီဆိုတော့ ဘာမှမကောင်းမပြောတော့။

စားပွဲများကို စောင့်ကြည့်နေရင်းပင် နွယ့်ကိုလှမ်းကြည့်မိပြန်သည်။ ဧည့်သည်ဝိုင်းတွင် အရက်ငှဲ့ပေးနေသောနွယ်က သူ့ဘက်လှည့်လာပြီး မျက်စိတစ်ဖက်မှိတ်ကာ ပြောင်ပြသည်။ သူပြုံးမိသည်။ နွယ်သည် ထူးဆန်းပါသည်။ ဧည့်သည်များမရှိဘူးဆို သူအနားသို့နွယ်ရောက်လာတတ်သည်။ "ဟေ့ရောင်" ဟုခေါ်ပြီး စကားတွေပြော၊ တခါတရံ သူ့ကိုတိတ်တိတ်ခိုးနမ်း၍ ပြေးသွားတတ်သည်။ သူလား ... သူကတော့ ထိုကဲ့သို့သောအချိန်တွင်ပျော်သည်ပေါ့။

ထီကလည်းမပေါက်တတ်ဟု သူတွေးနေမိသည်။ ထီပေါက်ရင် အိမ်လေးဝယ်ပြီး သူတို့နှစ်ဦးနေကြမည်။
မွေးမြူရေးလုပ်ငန်းသေးသေးလေး သို့မဟုတ် အိမ်ဆိုင်လေးဖွင့်ပြီး နွယ်ကဈေးရောင်း သူကတခြားမည်သည့်အလုပ်မဆိုလုပ်ကာ နေနိုင်သည်ဟု သူတွေးမိသည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် တစ်ကိုယ်ရည်တစ်ကာယသမားများမဟုတ်ကြပါလား။

နွယ်လာပြီး ပခုံးကိုပုတ်ရင်းပြောသည်။ "နွယ် ဒီည အလုပ်ရှိတယ် ..." နွယ်သည် သူ့မျက်နှာကို တည့်တည့်ပင်ကြည့်၍ ပြောသည်။ သူလည်း ဘာစကားမှမဆို နွယ့်ကိုသာကြည့်နေမိသည်။ "အင်း .. ဘယ်ဝိုင်းကလဲ။" ဧည့်သည်ပုံစံတွေက မူးပြီးသောင်းကျန်းလား။ နွယ့်ကို ရစ်နေမလား။ အကြမ်းပတမ်းဆက်ဆံမလား။ ဤအလုပ်တွင် ဧည့်သည်က မည်သို့ပင်ရမ်းကားပါစေ။ အောက်တန်းကျ ယုတ်မာပါစေ။ နွယ်တို့လို အလုပ်သမားတွေက မည်သို့မျှ ပြန်လှန်တုန့်ပြန်ခွင့်မရ။ ဤအလုပ်သည် တရားဝင်လည်းမဟုတ်။ ကိုယ်ကျင့်တရားအရ အောက်တန်းကျသည်ဆိုသော်ငြား ဤအလုပ်လောက် ရှေးကျသောအလုပ်လည်းမရှိပေ။ သူသည် များများမတွေးတတ်။ သူများအတွက်လည်းမတွေးတတ်။ သူ့ချစ်သူ နွယ်၊ သူ့သူငယ်ချင်း ငယ်ငယ်နှင့် ဆုအတွက်သာ သူတွေးသည်။ သူတို့ကို သူထိုသို့မမြင်ချင်ပါ။

"ဟေ့ကောင်လေး ကြမ်းပေါ်ကျနေတယ့် တစ်ရှူးစတွေ ကောက်လိုက်ဦး။" ကိုစိုးက သူ့ကိုပြောသည်။
ဟုတ်တယ် တစ်ခါသုံး တစ်ရှူးစတွေလိုပါပဲ။ တစ်ခါသုံးတစ်ရှူးစတွေလိုပဲ။

နွယ်က သူလည်းကူကောက်ပေးရင်း ဖြေသည်။ "နံပတ်တစ်ဆယ့်နှစ်က နင်ဒီကနေကြည့် ဟိုရုပ်ဖြောင့်ဖြောင့်နဲ့လူ မျက်မှန်နဲ့လေ။" " အင်း... ... ...။" နွယ်သည်သူ့မျက်နှာကို ကြည့်နေဆဲ။ "နွယ်ရာ ငါ့ကိုမကြည့်စမ်းပါနဲ့" သူပြောလိုက်သည်။ နွယ်က ... "နင်စိတ်ဆင်းရဲနေလားဟင်။" " ဟင့်အင်း ... ။" သူညာလိုက်ပါသည်။ သူညာမှန်း နွယ်လည်းသိသည်ကို သူသိပါသည်။ "နွယ် ... ငါ့ကိုတမျိုးမထင်ရင် ငါတစ်ခုမှာမယ် ရမလား။" " နွယ်က အင်း ... ဘာလဲ ... ပြော .. ရတယ်။" အင်း ... ဒါချစ်သူတစ်ယောက်ကမှာတာ သဘာဝမှကျမှ ကျရဲ့လားမသိဘူး။ "ဟိုလေ ... နင် ဧည့်သည်လက်ခံရင် ကွန်ဒုံးတော့သုံးနော်။" နွယ်သည် သူ့ကိုဘာမှမပြော ... သူ့ပါးပြင်ကို လက်ဖ၀ါးလေးဖြင့်လာထိလိုက်ရင်း "စိတ်ချပါ ငါ ဂရုစိုက်ပါတယ်။" ကလပ်ကို WHO မှ HIV စီမံချက်ဖြင့်လိုက်လံ ဟောပြောစဉ်က သူကောနွယ်ပါ နားထောင်ခဲ့သည်။

သူ နွယ့်ကို ရောဂါမရစေချင်ပါ။ သူနွယ့်ကို ချစ်ပါသည်။ ရောဂါရနေခဲ့လျှင်သော်မှ သူနွယ့်ကို ချစ်ပါသည်။ "နင်က အဲ့ဒါငါ့ကို သတိပေးတော့ နင်က အဲ့ကိစ္စတွေကို စိတ်ဝင်စားလို့လား" ဟု နွယ်က ရယ်ကျဲကျဲမေးတော့ သူဖြေရခက်နေသည်။ "တော်ဟာ ... ၊" သူအော်လိုက်တော့ နွယ်ကရယ်သည်။ "ကောင်လေးတစ်ယောက် ရှက်နေတယ်ဟဲ့" ဟုအော်လိုက်ရာ အနားမှာရှိသောမိန်းကလေးများ ၀ိုင်းလာပြီး သူ့ကို တစ်ယောက်တစ်ခွန်းစတော့သည်။

သူရှက်ပြီး အရက်စပ်သောနေရာဖက်လျှောက်သွားရာ ကိုစိုးက "မင်းကိုဘာနောက်နေကြတာလဲဟုမေးသည်။" " သည်လိုပါပဲ ကိုစိုးရယ် ...။" သူ နွယ့်ကိုလှမ်းကြည့်တော့ နွယ်က ၀ိုင်း တစ်ဆယ့်နှစ်သို့ သွားနေပြီ။ နွယ့်ကို နောက်ဖက်မြင်ကွင်းမှ ငေးကြည့်ရင်း သူ သူ့ကိုယ်သူမေးသည်။ မင်းနွယ့်ကို ဟိုလိုလို ဒီလိုလိုဖြစ်လား။ အင်း ... သူသေချာမသိ။ သူနွယ့်ကို ချစ်တုန်းက သူထိုစိတ်များမရှိ။ နွယ့်နှင့်ချစ်သွားတော့လည်း နွယ်သည် တစ်ချိန်လုံး သူစိမ်းယောက်ျားများ၏ အဖြည့်ဆည်းခံသာ။ သူကို ထိုသို့သော ယောက်ျားများလို ထင်သွားမည်ကို သူစိုးရိမ်သဖြင့် နွယ့်ကို သူ နမ်းတောင်မနမ်းမိခဲ့။ ခု နွယ်က သူ့ကိုမေးပြီ။

"စားပွဲ တစ်ဆယ့်နှစ်က ခေါ်တယ်။" သူအလန့်တကြားဖြစ်သွားသည်။ ထို့နောက် သူလှမ်းသွားလိုက်သည်။
သူ စားပွဲရှေ့၌ ရပ်လိုက်သည်အထိ စားပွဲဝိုင်းမှလူများက သူ့ကိုဂရုမပြုနိုင်သေးပါ။ မျက်မှန်နှင့်ပုဂ္ဂိုလ်သည် နွယ့်ကိုရင်ခွင်ထဲ ထည့်ဖက်ထားရင်း ဘာတွေတတွတ်တွတ်ပြောနေမှန်းမသိ။ "အကို ကျွန်တော့်ကို ဘာမှာမလို့လဲ ခင်ဗျာ ... "သူမေးလိုက်သည်။ နွယ်က "အကို .. ဟိုမှာမေးနေတယ်" လို့ သတိပေးမှ ထိုသူက .. "အင်း ... နောက်ထပ် ၀ီစကီ၊ ဆော်ဒါနဲ့ နှစ်ခွက်စပ်ပေးကွာ" ဟုမှာသည်။ "အို ... နွယ်မသောက်ပါဘူး .." ဟုနွယ်က ငြင်းရာ ထိုသူက "မရဘူး သောက်ရမယ"်ဟုဆိုကာ ဇွတ်မှာသည်။ နွယ်သူ့ကို မျက်စိမှိတ်ပြလိုက်မှ သူထွက်လာခဲ့သည်။ "နိုင်လင်းရေ နွယ့်အတွက် အချဉ်တစ်ခွက်၊ ဧည့်သည်အတွက် အချိုဟ" ဟုသူမှာလိုက်ရာ နိုင်လင်းက တဟားဟားရယ်သည်။ ပြီးတော့ "မင်းပုဂ္ဂိုလ်ခြေတွေလက်တွေတောင်မလှုပ်နိုင်အောင် စပ်ပေးလိုက်ရမလား" ဟု မေးသည်။ သူက "နေပါကွာ" ဟုပြောရင်း ခွက်များကို သယ်လာကာ ချပေးလိုက်သည်။ ဧည့်သည်ခွက်ကို ဧည့်သည်ရှေ့ချပေးလိုက်ရင်း နွယ့်ခွက်ကို နွယ့်ဘက်တိုးပေးလိုက်သည်။

ဆက်ရန် .... .... ....little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com10tag:blogger.com,1999:blog-643544211052161165.post-26593830017877365872009-12-22T21:51:00.000-08:002009-12-22T21:56:28.779-08:00မိုးတိမ်အကြောင်း (၃)အိမ်အတွင်း၌မှောင်နေရာ နွယ်က ဘုရားစင်မှ ဖယောင်းတိုင်ကို ထွန်းညှိလိုက်သည်။ "နင် ဘာစားခဲ့သေးလဲ ကောင်လေး။" " အင်း ကလပ်က ထမင်းကြော်ကျွေးလိုက်တယ်။" " အင်း... အင်း။ ခနစောင့်ဟ ... ငါအ၀တ်လဲလိုက်ဦးမယ်။" နွယ် အခန်းထဲဝင်သွားသည်။ သူ့ရင်ထဲဝယ် မည်သို့ပြောရမည်မှန်းမသိ။ ခုအိမ်မှာ နွယ်တစ်ယောက်တည်း၊ သူ့အဒေါ်ဘယ်သွားပါလိမ့်။ ဘုရားပုံတော်လေးရှေ့မှ မီးတိုင်က လှုပ်ရှားနေသည်။ အို ... ငြိမ်းသွားမှဖြင့် ...။

ခြင်ဆေးခွေတစ်ခွေကို မီးညှိရင်း နွယ်ထွက်လာသည်။ "လာ ကောင်လေး ရှေ့နားမှာ သွားထိုင်ရအောင်။" " အင်း နွယ့် ... အဒေါ်ကော။" " ရွာပြန်သွားတယ်ဟ။" တိတ်ဆိတ်သွားပြန်သည်။ "နွယ် ... နင်ကလပ်မှာလုပ်တာ အဒေါ်သိလား။" " သိတယ်။ ... ... ... .... ။"
" ဘာမှမပြောဘူးလားလို့ နင်ဘာလို့မမေးတာလဲ။" သူတိုးတိတ်စွာ သက်ပြင်းချလိုက်သည်။ "ငါ ဆက်မမေးတတ်တော့လို့ ။ "
နီးကပ်စွာ ယှဉ်တွဲထိုင်နေသောကြောင့် နွယ့်ကိုယ်နံ့ကို ရနေသည်။ သူ့ညာဘက်ခြမ်းမှာ နွယ့်ကိုယ်နှင့်နီးနေသောကြောင့်လည်း နွေးနေသည်။ နွယ်က ..." နင်ဒီနေ့ ငါ့ကိုကြည့်နေတယ် မဟုတ်လား။" " အင်း .... ။" " ငါ... နင့်မျက်လုံးထဲကို မြင်ရတယ်။" နွယ်ထိုသို့ပြောသောအခါ သူ့ရင်ထဲ ဆို့နင့်လာသည်။ "အင်း ... ငါနင့်ကို သိပ်ချစ်တယ်နွယ်ရယ်။" နွယ်သည် တိတ်တိတ်ဆိတ်ဆိတ်ပင် ရှိနေသောကြောင့် သူလှည့်ကြည့်လိုက်ရာ နွယ်မျက်ဝန်းမှာ မျက်ရည်တို့တွဲခိုလျက်... ...။ "ငါလည်း နင့်ကိုချစ်တယ်။" သူထိုစကားကိုကြားပြှီးနောက် အတွေးက ဟိုးအဝေးသို့ ပြေးသွားသည်။ နွယ်လည်း တွေးနေပေလိမ့်မည်။ သူ့ပခုံးစွန်းကို နွယ်မှီလိုက်ချိန် သူနွယ့်ပခုံးကို ဖက်ထားလိုက်သည်။

ကောင်းကင်တွင် ကြယ်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်နှင့် ပုစင်းရင်ကွဲလေးများ၏ အသံမှတပါး ဘာသံမှ မရှိ။ အသာအယာတိုးဝှေ့နေသောလေနုအေး ... အိမ်တံစက်မြိတ်အမှောင်ရိပ်အောက်ဝယ် တစ်ယောက်ကိုတစ်ယောက်မှီတွဲထားသော သူတို့နှစ်ဦး။ သူ့မျက်လုံးများကို မှိတ်၍သာထားလိုက်သည်။
သူနားမှာ ရှိနေသောနွယ်ကို သိနေသည့် အသိမှတပါး အခြားမရှိ၊ မသိချင်တော့ပါ။

"ကောင်လေးရေ ... အိပ်ကြစို့။" " အင်း ... ။" နွယ်က သူ့အတွက် ခေါင်းဦးနှင့်စောင် ထုတ်လာပေးသည်။ သူလှမ်းယူလိုက်ကာ ဘုရားစင်အောက်၌ နေရာယူလိုက်သည်။ "နေဦးလေ ... ငါဘုရားရှိခိုးရဦးမယ်။"
"အော် ...အေး။" နွယ်ဘုရားရှိခိုးပြီး သူ့ဘက်လှည့်ကာ .." ငါဘာလုပ်လုပ် ဘုရားတော့ရှိခိုးသေးတယ်ဟယ်" ဟုပြောရာ သူဝမ်းနည်းသွားသည်။ "နွယ်ရယ် ... ငါနားလည်ပါတယ်" ဟုသာ တိုးတိုးပြောလိုက်သည်။ တိတ်ဆိတ်နေပြီးမှ ..." အိပ်တော့နော်" ဟု ပြောကာနွယ်ထွက်သွားသည်။

ညသည် တာရှည်လွန်းလှသည်။ သူ အိပ်မပျော်ပါ။ သူ သူ့ကိုယ်သူ အကြိမ်ကြိမ်သာရေရွတ်နေမိသည်။ ငါ နွယ့်ကိုချစ်တယ်။ ငါ ... နွယ့်ကိုတကယ်ချစ်ခဲ့တာ။ ရှေ့ဘယ်လိုဆက်မလဲ။ နွယ့်ကို ထိုအလုပ်မလုပ်ခိုင်းဖို့။ ဒါက စိတ်ကူးယဉ်တာပဲ။ နွယ် အလုပ်မလုပ်ရင် ရွာကိုပိုက်ဆံဘယ်လိုပြန်ထောက်မလဲ။ တခြားအလုပ်လုပ်ခိုင်းရင်ကော။ ကိုယ့်ဟာကိုယ်ပြန်တွက်ကြည့်တာတောင် ကိုယ်ရသည့်လခရယ် ဘောက်ဆူးရတာရယ်နဲ့မှ နေနိုင်ရုံ။ နွယ်လည်း တူတူပင်။ ကာထားသော ပျဉ်တန်းများကြားမှ အပြင်သို့လှမ်းကြည့်လိုက်ရာ မှောင်လွန်းလှသည်ကော။ သူတို့နှစ်ဦးသားအတွက်ကော ထိုကဲ့သို့ပင် ရှိလေမလား။

ဆက်ရန်... ... ...little brookhttp://www.blogger.com/profile/14922446303189415874noreply@blogger.com10