Sunday, April 12, 2009

ဒီမိုကရေစီအတွေး

အတွေးတိမ်သလား၊ ညဏ်တိမ်လားတော့မသိဘူးဗျ။ နောက်နှစ်ဆို ၂၀၁၀ ရောက်ပြီလေ။ ရွေးကောက်ပွဲတွေကျင်းပမယ်။ ပါတီတွေထောင်ပြီး ပြိုင်ကြရတော့မယ်။ ဒီမိုကရေစီလမ်းစဉ်အတိုင်း ကျွန်တော်တို့ လျှောက်ကြရတော့မယ်။ အဲ့တော့ကျွန်တော်တို့
လူငယ်လေးတွေ (အမှန်တော့ ၁၉၇၉၊၁၉၈၀ မွေးကြတာမို့ လူလတ်ပိုင်းဝင်ပါပြီ )လက်ဖက်ရည်ဆိုင်ထိုင်ရင်း အဲ့ဒီအကြောင်းတွေ
ပြောဖြစ်ကြတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လမ်းကတော့သွားရတော့မယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိကြတယ်။
ဒီမိုကရေစီဆိုတာဘာလဲ။ ဒီစံနစ်နဲ့ တည်ထောင်မယ့် နိုင်ငံတော်မှာ ဘာတွေလိုအပ်လဲ။ ပြည်သူတွေက ရွေးကောက်တင်မြှောက်မယ့် အစိုးရကအုပ်ချုပ်မှာမို့ အဲ့ဒီအစိုးရကို ရွေးချယ်မဲပေးမယ့် ကျွန်တော်တို့မှာ ဘာတွေလိုအပ်လဲ။

မေးခွန်းတွေ အများကြီးထွက်လာပါတယ်။ ကျွန်တော်တို့ကကော ဒီမိုကရေစီနဲ့ ထိုက်ထိုက်တန်တန်ရှိရဲ့လား။ ဒီလိုမေးလို့ တမျိုးမတွေးပါနဲ့ဗျာ။ သိချင်ရုံသက်သက်ပါ။ အများညီရင် ဤကိုကျွဲဖတ်လို့ရတယ်ဆိုတာမျိုးဆိုရင်တော့ မလွယ်ဘူးနဲ့တူတယ်နော်။
မဲပေးသူတွေ စဉ်းစားတွေးခေါ်ဖို့ လိုတယ်မထင်ဘူးလားဗျာ။ ကျွန်တော်တို့ အမြဲတမ်းကိုယ့်ကိုယ်ကျိုးစီးပွားကို ထိခိုက်မှာစိုးတာနဲ့
ခပ်လျှိုလျှိုနေတတ်တာတွေ အခုပြင်သင့်ပြီမဟုတ်လားဗျာ။ ကျွန်တော်တို့ကို ခေါင်းဆောင်မယ့်သူကို အခုကျွန်တော်တို့ ရွေးရပါတော့မယ်။
မကောင်းတဲ့ကောင်ကြီး ရွေးမိရင်လည်း အဲ့ဒီကောင့်ဒဏ်ကို လှလှကြီးခံရမှာကလည်း ကျွန်တော်တို့ပဲလေ။ ကျွန်တော်တို့ လူထုကြီးမှာ
မှန်မှန်ကန်ကန်ရွေးနိုင်တဲ့ ညဏ်ပညာရှိပါပြီလား။ မသိတဲ့ကောင်ကရွေးလို့တက်လာမယ့် မတတ်သောသူကြီး ဦးဆောင်သည့် နိုင်ငံတော်ကြီးကတော့ မကောင်းတာပဲဖြစ်မှာတော့ မလွဲဘူးပေါ့ဗျာ။

မဲလိမ်မှာ၊ မဲခိုးမှာ၊ အောက်လမ်းနည်းနဲ့ မဲဆွယ်တာ ဒါတွေကလည်း ကြုံနိုင်ပါသေးတယ်။ ဟဲဟဲ ကြုံဖူးလား။
အဲ့ဒါတွေကို ကျွန်တော်တို့ ကြံ့ကြံ့ခံတော်လှန်ပြီး မှန်မှန်ကန်ကန်လုပ်ဖို့ ကျွန်တော်တို့ ရင့်ကျက်ပြီလား။ ဒါတွေထက်တွေးမိတဲ့မေးခွန်းတွေက
ပိုများပါတယ်။ ဒါတွေက ကိုယ့်ကိုယ်ကို ပြန်မေးထားတာပါ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတွေ အချင်းချင်းမေးမိတာလေးတွေပါ။
မေးပြီးဆုတောင်းမိတာက ဘုရားသိကြားမလို့ ငါ့နိုင်ငံမှာ လူကောင်းသူကောင်း ပညာတတ်များလည်းပေါများပါစေလို့ပါ။ မျိုးချစ်စိတ်ရှိတာတစ်ခုတည်းနဲ့ ဘာမှလုပ်နိုင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့တော့ ကိုယ့်ကိုယ်ကို မေးကြည့်ပြီးပြီ ခင်ဗျားတို့လည်းစိတ်ဝင်စားရင် မေးကြည့်နိုင်ပါတယ်။

1 comment:

တီချမ်း said...

၁) စာပဲ ထိုင်ရေးမနေနဲ့လေ
၂) ဘယ်သူမှမန့်ကတည်းက သိသင့်ပြီ မောင်မြောင်း
၃) တီပြန်လာမယ်